Main menu
HOT NEWS
adv
ရန်ကုန်မြို့ရှိ စီအင်န်ဂျီ ပိုက်လိုင်းနေရာများကို အမှတ်အသား စိုက်ထူမည်

ရန်ကုန်မြို့ရှိ စီအင်န်ဂျီ ပိုက်လိုင်းနေရာများကို အမှတ်အသား စိုက်ထူမည်

ရန်ကုန်၊ သြဂုတ် ၁၁

ရန်ကုန်မြို့ရှိ ဖြန့်ဖြူးပေးလျက်ရှိသည့် စီအင်န်ဂျီ ပိုက်လိုင်းနေရာများကို အမှတ်အသား များစိုက်ထူမည်ဖြစ်ပြီး ယိုစိမ့်မှုရှိပါ က အချိန်နှင့်တစ်ပြေးညီပြုပြင်ထိန်း သိမ်းမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်ကပြောသည်။ သြဂုတ် ၁၁ ရက် အမျိုးသား လွှတ်တော်အစည်းအဝေးတွင် ရန် ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရဲမြင့်စိုး၏သဘာဝ ဓာတ်ငွေ(CNG Compressed Natural Gas) များကို ရန်ကုန်မြို့ရှိ CNG ဆိုင်များသို့ Nework များ ဖြင့် လူနေအိမ်ခြေရပ်ကွက်၊ ဈေး၊ တံတားများပေါ်မှဖြတ်သန်းဖြန့်စေ ရာ မည်သည့်စံနှုန်းမီပိုက်များသုံး၍ အန္တရာယ်မရှိအောင် စနစ်တကျတပ် ဆင်ထားမှုရှိ၊ မရှိမေးခွန်းနှင့်ပတ် သက်ပြီးပြန်လည်ဖြေကြားစဉ် ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်က အထက်ပါအတိုင်း ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။


''ရန်ကုန်တိုင်းဒေသကြီး အတွင်း ရွှေပြည်သာနဲ့ ထူးကြီးပိုက် လိုင်းစနစ်တို့မှာလည်း အရေးပေါ် ပိုက်လိုင်းပြုပြင်ထိန်းသိမ်းရေးလုပ် ငန်းများအတွက် ၂၄ နာရီဆောင် ရွက်နိုင်ရန် ဝန်ထမ်းတွေကိုအဆိုင်း နှစ်ဆိုင်းခွဲပြီး တာဝန်ချထားပေးပြီး ပိုက်လိုင်းယိုစိမ့်မှု မတော်တဆဖြစ် ပေါ်ပါက ချက်ချင်းအရေးယူဆောင် ရွက်နိုင်ရန် စီစဉ်ထားရှိပါတယ်။ သက် ဆိုင်ရာရန်ကုန်တိုင်းဒေသကြီးမှာ စီအင်န်ဂျီဖြန့်ဖြူးတဲ့ဌာနက ဝန်ထမ်း များကိုနယ်မြေကို ကွင်းဆင်းစစ်ဆေး ကြည့်ပြီး လိုအပ်ချက်များရှိနေသေး ပါက ချက်ချင်းအရေးယူဆောင်ရွက် ပြီး အမှတ်အသားတိုင်များ စိုက်ထူ ပေးသွားမှာဖြစ်ပါတယ်''ဟု ဒုဝန် ကြီးကပြောသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ် ငွေ့လုပ်ငန်းက စီအင်န်ဂျီစီမံကိန်းကို ၂ဝဝ၄ ခုနှစ်တွင်စတင်ဆောင်ရွက် ခဲ့ပြီး စီအင်န်ဂျီဆိုင်များနှင့် ပိုက်လိုင်း ကွန်ရက်ကိုစတင်တည်ဆောက်ခဲ့ ကြောင်း၊ ရန်ကုန်မြို့အတွင်းရှိ စီအင်န် ဂျီအရောင်းဆိုင် ၄၂ ဆိုင်ကိုဆက် သွယ်ထားသော လေးလက်မနှင့် ခြောက်လက်မအရွယ်အစားရှိ ပိုက် လိုင်းအရှည် စုစုပေါင်း ၅ဝ ဒသမ ၆၈ မိုင်ရှိကြောင်းသိရသည်။


''လက်ရှိအခြေအနေမှာ အဆို ပါစီအင်န်ဂျီဆိုင်များသို့ ညောင်တုန်း နဲ့ မအူပင်ဒေသနဲ့ အဖျောက်ဒေသ များမှရှာဖွေတွေ့ရှိတဲ့ သဘာဝဓာတ် ငွေ့များကိုပို့လွှတ်ကာ ဖြန့်ဖြူးပေး လျက်ရှိပါတယ်''ဟု ¤င်းကပြော သည်။ ရန်ကုန်မြို့တွင်းစီအမ်ဂျီပိုက် လိုင်းများစတင်တည်ဆောက်သည့် အချိန်ကပင် စနစ်တကျတည် ဆောက်ခြင်းဖြစ်ကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးအတွင်း အချို့မြို့ နယ်များတွင် လမ်းဧရိယာနှင့်ကပ် လျက်ပိုက်လိုင်းများကိုဆက်သွယ် ထားခြင်းဖြစ်သော်လည်း တိုးတက် များပြားလာသည့်လူဦးရေ၏တိုး ချဲ့နေထိုင်မှုအရ ရပ်ကွက်များပေါ် ပေါက်လာပြီး ပိုက်လိုင်းများသည် ရပ်ကွက်များအတွင်းသို့ရောက်ရှိခဲ့ ခြင်းဖြစ်ကြောင်း ဒုဝန်ကြီးကပြော သည်။


AL

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191