Main menu
HOT NEWS
adv
ကြက်ဥ ကြက်သား စားသုံးမှု ကျဆင်းနေခြင်းနှင့် အသိပညာပေးရေးအတွက် အောင်လံမြို့တွင် ကြက်ဥ ကြက်သားစားပွဲ ကျင်းပ

ကြက်ဥ ကြက်သား စားသုံးမှု ကျဆင်းနေခြင်းနှင့် အသိပညာပေးရေးအတွက် အောင်လံမြို့တွင် ကြက်ဥ ကြက်သားစားပွဲ ကျင်းပ

အောင်လံ၊ သြဂုတ် ၁၂ 

မကွေးမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ကြက်မွေး မြူရေးလုပ်ငန်းရှင်များမှ ပူးပေါင်း၍ ကြက်ဥကြက်သားစားသုံးမှု ကျဆင်း နေခြင်းနှင့် ကြက်ငှက်တုပ်ကွေး အသိ ပညာပေးရှင်းလင်းပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီး အောင်လံမြို့ ကန်ကြီးရပ် ကွက်ကျန့်တိတ်ဘုံကျောင်း ခန်းမ၌ သြဂုတ် ၁၂ ရက် နံနက် ၉ နာရီက ကျင်းပကြောင်း သိရသည်။


''အခုဈေးကွက်မှာ ကြက်ဥ ကြက်သားစားသုံးမှုက ကျဆင်းနေတာရယ် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားမှု အောင်လံမှာမရှိတဲ့အတွက် ကာကွယ်ရေးအသိပညာပေးတာရယ်။ သန့်ရှင်းတဲ့ကြက်ဥကြက်သားတွေကို စနစ်တကျကျက်အောင်ချက်ပြုတ် ကြော်လှော်စားသုံးပါက ဘေးအန္တရာယ်မရှိကြောင်း သိစေချင်တာရယ်ကြောင့် ဒီပွဲကိုပြုလုပ်တာပါ''ဟု မြို့နယ်မွေး မြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာနွယ်နွယ်အောင်က ပြောကြား ခဲ့သည်။


အဆိုပါအခမ်းအနားတွင် သရက် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာဝင်းမော်က H5N1 ကြက်ငှက်တုပ်ကွေးဖြစ်ပွားမှု ကာကွယ်ရေး အသိပညာပေးဟောပြောပြီး မြို့နယ်ဌာနဆိုင်ရာ အရာရှိများ၊ ကြက်မွေး မြူရေးလုပ်ငန်းရှင်များ၊ ပြည်သူများ တက်ရောက်ကာ ချက်ပြုတ်ကြော် လှော်ထားသော ကြက်ဥကြက်သားများကို စားသုံးကြကြောင်း သိရသည်။  အောင်လံမြို့နယ်အတွင်း ကြက် မွေးမြူရေးခြံ ၁၃ဝ ရှိကာ အောင်လံ ဈေးကွက်တွင် ကြက်ဥတစ်လုံးလျှင် ငွေကျပ်ငါးဆယ်ဖြင့် ရောင်းချနေရ ကြောင်း သိရသည်။


HT(AL)

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191