Main menu
HOT NEWS
adv
ကျောင်းသား ကျောင်းသူများကို ဆရာ၊ ဆရာမများ လုံးဝ မရိုက်ရန် ပညာရေး ပြည်ထောင်စု ဝန်ကြီး ပြောပြီ

ကျောင်းသား ကျောင်းသူများကို ဆရာ၊ ဆရာမများ လုံးဝ မရိုက်ရန် ပညာရေး ပြည်ထောင်စု ဝန်ကြီး ပြောပြီ

ရန်ကုန်၊ သြဂုတ် ၁၂

ကျောင်းသား၊ ကျောင်းသူများကို လုံးဝမရိုက်ရန်နှင့် မည်သည့်အကြောင်းနှင့်မျှ ကျောင်းမထွက်စေရန် ဆရာ၊ ဆရာမများအား ပညာရေးပြည်ထောင်စုဝန်ကြီးက ပြော ကြားလိုက်သည်။

 

ပညာရေးဝန်ကြီးဌာန၏ ယခုပညာသင်နှစ်ဆောင်ပုဒ်မှာ 'ကျောင်းထွက်သူပပျောက်ရေး' ဖြစ်ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်များ အနေဖြင့် ကျောင်းသား၊ ကျောင်းသူများကို ရိုက်နှက်ခြင်းလုံးဝ မပြုလုပ်ရန်နှင့် မည်သည့်အကြောင်းပြချက်နှင့်မှ ကျောင်းမထွက် စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာလိုက်နိုင်ခြင်းမရှိပါက ယခုပညာသင်နှစ်စကတည်းက ဖြည့်ဆည်းသင်ကြားခြင်းများကို ဆောင်ရွက်သွားရန်အတွက် ပညာရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သြဂုတ် ၁၂ရက်က လုံးဝမပြုလုပ်ရန်နှင့် မည်သည့်အကြောင်း ပြချက်နှင့်မှ ကျောင်းမထွက်စေရန်၊ ကျောင်း သား၊ ကျောင်းသူများ စာလိုက်နိုင်ခြင်း မရှိပါက ယခုပညာသင်နှစ်စကတည်းက ဖြည့်ဆည်းသင်ကြားခြင်းများကို ဆောင် ရွက်သွားရန်အတွက် ပညာရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုး သိမ်းကြီးက သြဂုတ် ၁၂ ရက်က ပြုလုပ်ခဲ့ သည့် ၂ဝ၁၇-၁၈ ပညာသင်နှစ် ရန်ကုန်တိုင်းဒေသကြီး ကျောင်းပြင်ပ ပညာရေး လုပ်ငန်းဖွင့်ပွဲအခမ်းအနားတွင် ပြောကြား ခဲ့ခြင်းဖြစ်သည်။

 

''ဒီနှစ်ပညာရေးဝန်ကြီးဌာနရဲ့ ဆောင် ပုဒ်ကိုက ကျောင်းထွက်သူ ပပျောက်ရေး ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျောင်းအုပ် တွေ၊ ဆရာ၊ ဆရာမတွေရှိတုန်း မှာကြား လိုပါတယ်။ ကျောင်းသား၊ ကျောင်းသူ တွေကို မရိုက်ပါနဲ့။ မည်သည့်အကြောင်း ပြချက်နဲ့မှ ကျောင်းမထွက်ပါစေနဲ့။ ကျောင်း ခေါ်ချိန်မပြည့်ဘူး။ စာမလိုက်နိုင်ဘူးဆို ရင် အခုကတည်းက ဖြည့်ဆည်းသင်ကြား ခြင်းကိုဆောင်ရွက်ပေးပါ။ ကျောင်းသား၊ ကျောင်းသူကိုနားလည်ပေးပါ။ ဘာကြောင့် ကျောင်းနောက်ကျတာလဲ၊ ဘာကြောင့် သူသည်စာမလိုက်နိုင်တာလဲ ဒါမျိုးတွေ ကိုနားလည်ပေးမှရမယ်''ဟု ပညာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ် အထက(၂)အခြေခံပညာအထက် တန်းကျောင်းတွင် ၂ဝ၁၇-၁၈ ပညာသင် နှစ်၏ ကျောင်းပြင်ပပညာရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး ပညာ ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့ကာ ကျောင်းပြင်ပရောက် ကလေးများနှင့် လက်ရှိတက်ရောက်နေ သောကလေးများ၏ ပညာရေးများနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


''ကျောင်းသား၊ ကျောင်းသူတွေဟာ မနက်ကျောင်းမလာခင်မှာ မုန့်ရောင်းနိုင် တယ်။ ဈေးရောင်းနိုင်တဲ့အတွက် ကျောင်း ချိန်နောက်ကျနိုင်တယ်။ ဒါကြောင့်မို့ ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နှုန်းသည် ကျောင်းထွက်ဖို့အတွက် တွန်းအားပေးနေ သလိုဖြစ်ပါတယ်။ ဒါကြောင့်ပညာရေး ဝန်ကြီးဌာနအနေနဲ့ ဘယ်လိုပူးပေါင်း ဆောင်ရွက်ပါစေ။ ကျောင်းထွက်နိုင်တဲ့အ ချက်အလက်တွေဟာ အများကြီးရှိနေပါတယ်''ဟု ပညာရေးဝန်ကြီးက ဆက်လက် ပြောကြားသည်။ ယင်းနှင့်ပတ်သက်ပြီး လှိုင်သာယာမြို့ နယ် အထက(၂)မှ ဆရာမတစ်ဦးက ''ပညာ ရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်တွေအတိုင်းတော့ ဆောင်ရွက်နေပါတယ်။ တချို့ ကလေးတွေကတော့ ဒီမှာလုံးဝမနေတော့လို့ ကျောင်းထွက်သွားတာတော့ ကျွန်မတို့ မတတ်နိုင်ပါဘူး။ ဒီမှာကရွှေ့ပြောင်း အလုပ်သမားတွေအရမ်းများတယ်''ဟု ပြောကြားသည်။ ကျောင်းသား၊ ကျောင်းသူများ ပညာ သင်အခွင့်များ တိုးတက်စေရန်အတွက် ယခုနှစ်တွင်ကျောင်းပေါင်း ၅ဝ၉၉ ကျောင်း ကို အဆင့်တိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။

 

ATK, ZCH

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191