Main menu
HOT NEWS
adv
အုန်းသီးမှ စားသောက်ကုန်ပစ္စည်း ထုတ်လုပ်နိုင်ရန် လုပ်ဆောင်သွားမည်

အုန်းသီးမှ စားသောက်ကုန်ပစ္စည်း ထုတ်လုပ်နိုင်ရန် လုပ်ဆောင်သွားမည်

ရန်ကုန်၊ သြဂုတ် ၁၅- ထိုင်းနိုင်ငံမှ နည်းပညာကို ရယူပြီး အုန်းသီးမှ စားသောက်ကုန်ပစ္စည်းများထုတ် လုပ်နိုင်အောင် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန် ကြားရေးမှူး ဒေါ်အေးအေးဝင်းက ပြောကြားသည်။

အုန်းသီးစိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများ အသင်းနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာနတို့ သြဂုတ် ၁၄ ရက်က ပူးပေါင်းကျင်းပသည့် အုန်းသီးမှ အစားအသောက်နှင့် အော်ဂဲနစ်မြေသြဇာ ထုတ်လုပ်သည့်သင်တန်းဖွင့်ပွဲတွင် ''မြန်မာနိုင်ငံကို ပြည်ပကနေတင်သွင်းလာတဲ့ အစားအသောက်များစွာ ရှိနေပြီး အဲဒီနေရာတွေကို အုန်းသီးကနေထုတ်လုပ်တဲ့ အစားအသောက်တွေ အစားထိုးနိုင်အောင် ဆောင်ရွက် သွားမယ်''ဟု စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာန ညွှန်ကြားရေးမှူးက ပြောကြားခြင်းဖြစ်သည်။

အုန်းသီးမှ စားသောက်ကုန်ပစ္စည်း ၁ဝ မျိုးအထိ ပြုလုပ်ရန်ရှိကြောင်း သိရပြီး အုန်းသီးများကို နည်းပညာ အသုံးပြုပြီး အစားအသောက်များထုတ်လုပ်နိုင်ရန် ဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံ၏ အုန်းပင်စိုက်ပျိုးရေး နည်းပညာတွေကိုလည်း မြန်မာနိုင်ငံမှ အုန်းပင်စိုက် သမားများအား သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

''အုန်းသီးကနေ စားသောက်ကုန်ထုတ်လုပ်တဲ့ နည်းပညာတွေသိရှိအောင် သင်တန်းတွေပြုလုပ်ပေး တာကြောင့် အုန်းစိုက်လုပ်ငန်းရှင်တွေအနေနဲ့ အုန်း သီးရဲ့တန်ဖိုးရှိမှု တွေကို ပိုမိုသိရှိလာကြမှာဖြစ်တယ်'' ဟု အုန်းသီးမှ အစားအသောက်နှင့် အော်ဂဲနစ်မြေ သြဇာထုတ်လုပ်သည့်သင်တန်းသို့ လာရောက်လေ့လာ သော ဦးဝင်းမြင့်က ပြောသည်။

မြန်မာနိုင်ငံတွင် အုန်းသီးအသုံးပြုမှုအပိုင်းကို ယခင်က မသိရှိကြသော်လည်း ယခုအခါ အုန်းသီးကို ပြည်ပတင်ပို့မှုရှိနေပြီလို့လည်း သိရသည်။ မြန်မာ နိုင်ငံတွင် ယခုလက်ရှိ အုန်းပင်အရေအတွက် လေး သန်းခန့်ရှိကြောင်း သိရသည်။             

CNB

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191