Main menu
HOT NEWS
adv
ဗန်းမော်-မန္တလေးလမ်း ဧရာဝတီမြစ်ရေ ကျော်လွန် နေသောကြောင့် ခရီးသွားများ အဆင်ပြေစေရန် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ကူညီပေးနေ

ဗန်းမော်-မန္တလေးလမ်း ဧရာဝတီမြစ်ရေ ကျော်လွန် နေသောကြောင့် ခရီးသွားများ အဆင်ပြေစေရန် တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ကူညီပေးနေ

ဗန်းမော်၊ သြဂုတ် ၁၅- ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် ဧရာဝတီ မြစ်ရေ ဆက်လက်တိုးမြင့်တက်နေမှုကြောင့် ဗန်းမော်-မန္တလေး မဟာဗျူဟာကားလမ်းပေါ် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ခရီးသွားများ အဆင်ပြေစေရန် တပ်မတော် သားများနှင့် ရဲတပ်ဖွဲ့ဝင်များက ကူညီဆောင် ရွက်ပေးနေကြောင်း သိရသည်။

သြဂုတ် ၁၅ ရက် နံနက် ၉ နာရီအချိန် တိုင်းတာချက်အရ ဧရာဝတီ မြစ်ရေသည် ၁၁၂၂ စင်တီမီတာသို့ ရောက်ရှိ မြင့်တက်နေပြီး ဗန်းမော် မြို့နှင့် ရွှေကူမြို့အကြားရှိ ဗန်းမော်-မန္တလေး မဟာဗျူဟာလမ်း၊ ကောင်း တုံကျေးရွာအထွက် ဝက်တိုးသစ်ဆိပ်မှ မြလယ်ကျေးရွာအထိ ရေနှစ်ပေ ကျော်ကာ ကားလမ်းရေကျော်မှု ဖြစ်ပွားနေ၍ မော်တော်ယာဉ်ကြီးများမှ အပ ယာဉ်ငယ်နှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိတော့ သောကြောင့် နယ်မြေခံတပ်မှ တပ်မတော်သားများနှင့် စင်းခန်းနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ခရီးသွားလာနေသည့် ပြည်သူများအဆင်ပြေ စေရေးအတွက် မော်တော်များဖြင့် ပို့ဆောင်ကူညီဆောင်ရွက်ပေးနေသည်။

သြဂုတ် ၁၄ ရက်က နယ်မြေခံတပ်မှ ဗိုလ်မှူးကျော်သီဟ၊ ဗန်းမော် တပ်နယ်ရှိ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ ဆိပ်ကမ်းရဲကင်း မှူးနှင့်အဖွဲ့၊ ဗန်းမော် မြို့မရဲစခန်းမှ အုပ်စုဝင်များ ခရိုင်မီးသတ်ဦးစီးဌာန မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ငှက်ပျောတော ကျေးရွာ၊ ကုန်းခါးကျေးရွာ၊ မံပင်ကျေးရွာနှင့် ရေလဲကျေးရွာ ဘုန်တော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဒေသခံပြည်သူများ၏ ပစ္စည်းများ ရေ ဘေးလွတ်ကင်းရာနေရာသို့ ရွှေ့ပြောင်း ကူညီပေး ခဲ့သည်။    

MTH, DemocracyToay

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191