Main menu
HOT NEWS
adv
တိုင်းရင်းသားရိုးရာပစ္စည်းများနှင့် ရှေးဟောင်းပစ္စည်းများပြပွဲကျင်းပ

တိုင်းရင်းသားရိုးရာပစ္စည်းများနှင့် ရှေးဟောင်းပစ္စည်းများပြပွဲကျင်းပ

ရေး၊ သြဂုတ် ၂၃


မွန်ပြည်နယ် ရေးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးကျင်းပ သော တိုင်းရင်းသားရိုးရာဓလေ့အသုံး အဆောင်ပစ္စည်းများနှင့် ရှေးဟောင်း ပစ္စည်းများပြပွဲကို သြဂုတ် ၂၂ ရက် မွန်းလွဲပိုင်းက အဆိုပါရုံး၌ကျင်းပခဲ့ ကြောင်း သိရသည်။
''အခုဆိုရင် ရေးမြို့ကဆရာတော် တွေ၊ ဝါသနာရှင်တွေစုဆောင်းထား တဲ့ ပစ္စည်းတွေကိုပွဲတစ်ခုအနေနဲ့ ခင်းကျင်းပြီးစာကြည့်တိုက်ကို ပြည် သူတွေ၊ လူငယ်တွေ စိတ်ပါဝင်စား လာစေဖို့ကျင်းပခြင်းဖြစ်သလို ပြတိုက် ငယ်လုပ်ပြီးတော့လည်း စုဆောင်းထား တဲ့ ပစ္စည်းတွေကို ပြည်သူတွေပိုမိုရင်း နှီးထိတွေ့လာစေဖို့ ပြသနေပါတယ်''ဟု မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ် ဇင်နန္ဒာဦးက ပြောကြားသည်။


ယနေ့တွင်ကျင်းပသောပြပွဲတွင် ပေစာ၊ ကြေးကမ္မဝါစာ၊ ရှေးဟောင်း ဒေါင်းရုပ်၊ ပတ္တလား၊ ယွန်းကွမ်းအစ်၊ ရေနံဆီမီးအိမ်၊ စာချွန်ဘူး၊ မြေဆေးတံ၊ ဒင်္ဂါပြား၊ ကြွေပန်းကန်၊ြေ<ွကဇလုံ၊ ပလောင်း၊ ဝါးပလွေ၊ ကြေးကွမ်းအစ်၊ ကွန်းထောင်းစုံ၊ ရှေးဟောင်းငွေဖ လား၊ ငွေရေခရား၊ ကြေးလင်ပန်း အပါအဝင် ရှေးဟောင်းနှင့် ရိုးရာဓ လေ့အသုံးအဆောင်ပစ္စည်း ၂၁ မျိုး ကို ပြသခဲ့သည်။

0ther Photo
''ဦးဇင်းစုဆောင်းလေ့လာနေတဲ့ ပေစာတွေကို လာရောက်ပြသပေးခဲ့ သလို လာရောက်လေ့လာတဲ့ ကျောင်း သူ၊ ကျောင်းသားတွေကိုလည်း ပေစာနဲ့ ပတ်သက်တာတွေရှင်းပြပေးခဲ့တယ်။ ဒီလိုပေစာတွေက ကျောင်းမှာသင် ထောက်ကူအနေနဲ့ ပြသဖို့ခက် ခဲတယ်။ ခုတော့ စုစုစည်းစည်းမြင်တွေ့ရ တယ်။ ရှင်းပြလိုက်တော့ တန်ဖိုးထား ရမှန်းသိသွားတယ်''ဟု ရေးမြို့ ပစ္ဆိမာ ရုံကျောင်းတိုက်မှ အရှင်ပညာစာရ က မိန့်သည်။ 

ရေးမြို့နယ်သည် ရှေးဟောင်း မြို့တော်တစ်ခုဖြစ်ခဲ့ပြီး ရှေးဟောင်း ပစ္စည်းများရှိပါကလည်း ပြည်သူ အများ လေ့လာကြည့်ရှုနိုင်စေရန် ရေးမြို့နယ်ပြန်/ဆက်စာကြည့်တိုက် သို့ လာရောက်လှူဒါန်းနိုင်ကြောင်းနှင့် စနစ်တကျထိန်းသိမ်းပေးမည် ဖြစ်ကြောင်းလည်း အဆိုပါရုံးမှ သိ ရသည်။                  

WNT
#democracytoday

Rate this item
(0 votes)
System

ရန်ကုန် မီဒီယာဂရုပ်သည် ရန်ကုန်တိုင်းမ် နှင့် ဖလားဝါးနယူးစ် တို့ကို အပတ်စဉ်ထုတ်ဝေလျက်ရှိပြီး အွန်လိုင်းသတင်းကဏ္ဍများကို အများပြည်သူသိရှိနိုင်စေရန် အစဉ်တစိုက်တင်ဆက်လျက်ရှိပါသည်။ ယခု အခါ ရန်ကုန်မီဒီယာဂရုပ်၏ သတင်းများကို MPT Web Portal ဖြစ်သည့် lotayamm.com တွင်လည်း ဖတ်ရှုနိုင်ပြီဖြစ်သည်။

Logos

Website: www.theyangontimes.com
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191