Main menu
HOT NEWS
adv
မေလ ဒုတိယပတ်အတွင်း မုန်တိုင်းဖြစ်ပေါ်နိုင်

မေလ ဒုတိယပတ်အတွင်း မုန်တိုင်းဖြစ်ပေါ်နိုင်

ရန်ကုန်၊ မေ ၈

လာမည့်ဒုတိယ အပတ် ၁ဝ ရက်အတွင်းမုန်တိုင်းဖြစ် ပေါ်လာနိုင်သဖြင့် သတိထားရန်လိုအပ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက သတိပေးပြော ကြားသည်။ ယခုကာလသည် မြန်မာနိုင်ငံ၏မုန်တိုင်းများဖြစ်ပေါ်တတ်သည့်မိုးကြိုကာလဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်တွင် ယင်း ၁ဝ ရက်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ် ပေါ်လာနိုင်ကာ ပိုမိုအားကောင်း လာပြီးနောက် မုန်တိုင်းငယ်အဖြစ် သို့ရောက်ရှိလာနိုင်ကြောင်း မေ ၈ ရက်နေ့သတိပေးချက်အရ သိရသည်။


''လေဖိအားနည်းရပ်ဝန်းငယ် အားကောင်းပြီးတော့ မုန်တိုင်းငယ် ဖြစ်နိုင်တယ်လို့ခန့်မှန်းထားတာက တော့ Model run ဆိုတော့ တရား သေဖြစ်မယ်လို့တော့ပြောလို့မရဘူး။ Model မှာတွေ့ပေမယ့်တစ်ခါ တလေဖြစ်ချင်မှဖြစ်တယ်။ ဒါပေမဲ့ သတိထားဖို့တော့လိုတယ်။ ဒီရာသီကမိုးကြိုကာလဖြစ်တဲ့အပြင် မုန်တိုင်းဖြစ်တဲ့ကာလတစ်ခုဖြစ်တာတစ်ကြောင်း၊ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း  မြန်မာနိုင်ငံအတွင်း မုန်တိုင်းမဖြစ် ခဲ့တာ တစ်ကြောင်းဆိုတော့ ပိုဂရုစိုက်ဖို့လိုပါတယ်''ဟု ဒေါက်တာ ကျော်မိုးဦးက မေ ၈ ရက်နေ့က ဒီမိုကရေစီတူဒေးသို့ပြောသည်။ အလားတူမုတ်သုံလေသည်လည်း မေလဒုတိယပတ် ၁ဝ ရက် အတွင်းမှ မြန်မာနိုင် ငံတောင်ပိုင်း ဒေသများသို့စတင်ဝင်ရောက်လာနိုင် ပြီး ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားအနည်းငယ်မှအ သင့်အတင့်ရှိလာနိုင်သည်။


လက်ရှိတိုင်းဒေသကြီးနှင့် ပြည်နယ်အချို့၏မိုးရွာသွန်းမှုအခြေအ နေများမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင်ရွာသွန်းမြဲထက် ပိုပြီး၊စစ်ကိုင်းတိုင်းဒေသကြီးအောက် ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်တို့ တွင် ရွာသွန်းမြဲခန့်၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်ရွာသွန်းမြဲ အောက်သာရွာနိုင်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် သုံးရက်မှ ငါးရက်ခန့်နှင့် ကျန်တိုင်းဒေသ ကြီးနှင့်ပြည်နယ်တို့တွင် ခြောက်ရက်မှ ရှစ်ရက်ခန့်ထိ မိုးထစ်ချုန်းရွာနိုင် ကြောင်း၊ ယင်းအပြင် လက်ရှိနေ့အပူချိန်များမှာ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာ ရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မေလ ဒုတိယ အပတ် ၁ဝ ရက်၏အပူချိန်သည် ပျမ်းမျှအပူချိန်ထက်ပိုပြီး ကချင်ပြည်နယ်တွင်ပျမ်းမျှအပူချိန်အောက် လျော့နိုင်ကာ၊ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် ပျမ်းမျှ အပူချိန် ခန့်သာရှိကြောင်း သိရသည်။
MMA

#Democracy Today

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191