Main menu
HOT NEWS
adv
လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်၍ ဓာတ်တိုင်ပေါ်မှပြုတ်ကျ၊ လမ်းညွှန်ဆိုင်းဘုတ်ဖြင့် ရိုက်မိပြီး လည်ပင်းပြတ်ရှ သေဆုံး

လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်၍ ဓာတ်တိုင်ပေါ်မှပြုတ်ကျ၊ လမ်းညွှန်ဆိုင်းဘုတ်ဖြင့် ရိုက်မိပြီး လည်ပင်းပြတ်ရှ သေဆုံး

စစ်ကိုင်း၊ စက်တင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ဆူးလေကုန်း ရပ်ကွက် ကျောက္ကာလမ်းနှင့် ချမ်းသာကြီးဘုရားလမ်းဆုံနေရာတွင် ဓာတ်တိုင်လဲလှယ်သော လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်၍ပြုတ် ကျကာ အောက်ရှိလမ်းညွှန်ဆိုင်း ဘုတ်ဖြင့်ရိုက်မိ၍ လည်ပင်းပြတ်ရှ သေဆုံးမှု စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၁၂ နာရီကျော်ခန့်က ဖြစ်ပွားခဲ့ကြောင်း မြို့မရဲစခန်းမှ သိရသည်။

 

သေဆုံးသူမှာ မုံရွာမြို့ရှိလမ်း ဘေးလျှပ်စစ်သံတိုင်များအစား ကွန်ကရစ်ဓာတ်တိုင်များပြုပြင်လဲလှယ် နေသော ရန်မျိုးအောင်လျှပ်စစ် တည်ဆောက်ရေးလုပ်ငန်းမှ ဝန်ထမ်း သန်းကျော်ဦး (၁၉) နှစ်၊ သံချောင်းရွာ၊ ဆိတ်ဖြူမြို့နယ် ပခုက္ကူခရိုင်မှ ဖြစ်ကြောင်းသိရသည်။ အဆိုပါ လျှပ်စစ်တည်ဆောက် ရေးအဖွဲ့သည် နံနက်ပိုင်းတွင် လျှပ်စစ်တိုင်လဲလှယ်ခြင်းများပြုလုပ်ပြီး မုံရွာတောင်ရပ်ကွက်ရှိ ကုမ္ပဏီရုံးခန်းသို့ ထမင်းစားသွားရောက်ပြီး နောက် ပြုတ်ကျနေသော လျှပ်စစ်ဓာတ်ကြိုးအား လျှပ်စစ်တိုင်ပေါ်သို့ တက်၍ ပြန်လည်ချိတ်ဆွဲစဉ် ဓာတ်အားဝင်၍ ဓာတ်လိုက်ပြုတ်ကျကာ ဆိုင်းဘုတ်ဖြင့်ရိုက်မိ၍ နေရာတွင် ပင်သေဆုံးခြင်းဖြစ်ကြောင်း ရဲမှတ် တမ်းများတွင်ဖော်ပြထားသည်။


''ဓာတ်တိုင်တွေလိုက်လဲနေတာ နှစ်ရက်သုံးရက်ရှိပြီ၊ အော်သံ ကြားလို့ထွက်ကြည့်တာ အဲဒီကလေးက သွေးတွေရဲတောက်ပြီး မြေကြီး ပေါ်မှာဆန့်ငင်ဆန့်ငင်ဖြစ်နေတာ၊ မီးကြိုးနဲ့လည်းရစ်မိတယ်လို့ပြောတယ်၊ သူတို့လူတွေ ဆိုက်တွဲလေးနဲ့ လာလာလုပ်နေကြတာ၊ နာရေးကူညီမှုအသင်းကားလာမှ ဆေးရုံကို သယ်သွားတာ''ဟု အခင်းဖြစ်ရာ အနီးရှိ မျက်မြင်တွေ့လိုက်ရသော ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ ယင်းဖြစ်စဉ်ကို မုံရွာမြို့မရဲစခန်း တွင် သေမှုသေခင်း အမှတ် ၁ဝ/ ၂ဝ၁၇ ဖြင့်ရေးဖွင့်၍ စုံစမ်းစစ်ဆေး နေကြောင်းသိရသည်။

 

KTS

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191