Main menu
HOT NEWS
adv
ဆိပ်ကမ်းသာလမ်း အပေါ်ဘလောက်ရှိ တိုက်ခန်းတစ်ခန်းတွင် မီးလောင်မှုဖြစ်ပွား

ဆိပ်ကမ်းသာလမ်း အပေါ်ဘလောက်ရှိ တိုက်ခန်းတစ်ခန်းတွင် မီးလောင်မှုဖြစ်ပွား

ရန်ကုန်၊ စက်တင်ဘာ ၁၂- ဆိပ် ကမ်းသာလမ်း အပေါ်ဘလောက် ရှိ OK Development Co.,Ltd ရုံးခန်းအတွင်း ရေခဲသေတ္တာဖွင့် ထားခဲ့ရာမှ ဝိုင်ယာအပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိ ရသည်။

စက်တင်ဘာ ၁၂ ရက် ညနေ ၃ နာရီ ၂၂ မိနစ်ခန့်တွင် ကျောက်တံ တားမြို့နယ် အမှတ်(၇)ရပ်ကွက် ဆိပ်ကမ်းသာလမ်း အပေါ်ဘလောက် ရှိ အကျယ်အဝန်း ပေ ၅ဝx ပေ ၆ဝ အာရ်စီနှစ်ခန်းတွဲ လေးထပ် တိုက် လေးလွှာရှိ နှစ်ခန်းတွဲဟော ခန်းတွင် ငှားရမ်း ဖွင့်လှစ်ထားသော OK Development Co.,Ltd ရုံးခန်းအတွင်းရှိ အကျယ်အဝန်း ပေ ၄ဝ x ပေ ၂ဝ အုတ်ကာထားသည့် အခန်းတွင် မီးလောင်နေကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့မှ စုစု ပေါင်း မီးငြှိမ်းသတ်ယာဉ် ခြောက် စီး၊ ကွပ်ကဲမှုယာဉ် လေးစီးဖြင့် မီး ငြှိမ်းသတ်ခဲ့ပြီး ညနေ ၃ နာရီ ၃၂ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း၊ မီးလောင် မှုကို Level-1 အဆင့်သတ်မှတ်ထား ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီး သတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှု အကြောင်းရင်းမှာ လူစောင့်မရှိဘဲ ရေခဲသေတ္တာ ဖွင့် ထားခဲ့ရာမှ ဝိုင်ယာ အပူလွန်ကဲပြီး မီးစတင်လောင်ခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် ချန်ဟောင်းအ မျိုးအစား ရေခဲသေတ္တာတစ်လုံး၊ ဟီ တာချီအမျိုးအစား အဲကွန်းတစ်လုံး နှင့် HP  အမျိုးအစား ကွန်ပျူတာ တစ်လုံး မီးလောင်ခံရကြောင်း ရန် ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနမှသိရသည်။

''ကျွန်တော်နဲ့ သူငယ်ချင်းတစ် ယောက် ညအိပ်တယ်။ နေ့ပိုင်းမှာ ကျွန်တော်တို့ မရှိဘူး။ လုပ်ငန်းခွင် ရောက်နေတယ်။ မီးလောင်တာသိ လို့ပြန်လာတာ''ဟု OK  Development Co., Ltd မန်နေဂျာကို ရန် နိုင်ထွန်းက ပြောသည်။    

မီးလောင်မှုကို ကုမ္ပဏီဝန်ထမ်း တချို့မှ မီးသတ်ဆေးဘူးများဖြင့် ကနဦး ငြှိမ်းသတ်ခဲ့ကြောင်း ကျောက် တံတား မီးသတ်စခန်းမှတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဆိပ်ကမ်းသာလမ်း အပေါ်ဘ လောက်တွင် ဆိုက်ကားနင်းနေသူ ကိုမောင်နိုင်က ''နောက်ဖေးကနေ မီးခိုးလုံးကြီးတက်လာတာတွေ့တယ်။ ညနေ ၃ နာရီ မိနစ် ၂ဝ က စမြင်တာ''ဟု ဒီမိုကရေစီတူဒေးသို့ ပြော သည်။

ယင်းမီးလောင်မှုနှင့် ပတ်သက် ပြီး ကျောက်တံတား မြို့မရဲစခန်းမှ (ပ)၃၄၁/၂ဝ၁၇၊ ရာဇသတ်ကြီး ပုဒ်မ-၂၈၅ ဖြင့် OK  Development Co., Ltd မန်နေဂျာ ရန်နိုင်ထွန်းကို အမှုဖွင့်အရေးယူထားသည်။

အလားတူ စက်တင်ဘာ ၁၂ ရက် နံနက် ၅ နာရီခွဲခန့်တွင် မင်္ဂ လာဒုံမြို့နယ် (၂/ခ)ရပ်ကွက် ဆရာစံလမ်းရှိ တရုတ်နိုင်ငံသား လီခိုင် ဖုန်း (၄၃ နှစ်) ငှားရမ်းနေထိုင်သော အကျယ်အဝန်း ပေ ၂ဝ x ပေ  ၃ဝ အာရ်စီနှစ်ထပ်တိုက်တွင် မီးလောင် နေကြောင်း သတင်းအရ မီးသတ် တပ်ဖွဲ့မှ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် ၁ဝ စီး၊ ကွပ်ကဲမှု ယာဉ်နှစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး နံနက် ၆ နာရီ ၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး ၆ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦး စီးဌာနမှသိရသည်။

မီးလောင်မှုအကြောင်းရင်းမှာ အပေါ်ထပ်ရှိ ဟီတာရှီအမျိုးအစား Window Type (1 Hp) အဲကွန်းအား အချိန်ကြာမြင့်စွာဖွင့်ထားရာမှ ဝိုင်ယာကြိုး အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခြင်းဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုကြောင့် အဲကွန်းသုံးလုံး၊ အမိုး၊ မျက်နှာကြက်၊ ဗီရို တစ်လုံးနှင့် တီဗွီစင်တစ်လုံး မီးလောင်ခံရ၍ ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် သိန်း နှစ်ဆယ်ဖိုးခန့် မီးလောင်ဆုံးရှုံးပြီး မီးလောင်မှုကို Level-1 အဆင့်အ ဖြစ် သတ်မှတ်ထားကြောင်း ရန်ကုန် တိုင်းဒေသကြီးမီးသတ်ဦးစီး ဌာနမှ သိရသည်။

ယင်းမီးလောင်မှုနှင့် ပတ်သက် ပြီး မင်္ဂလာဒုံမြို့မရဲစခန်းမှ (ပ) ၁၂၁၇/၂ဝ၁၇၊ ရာဇသတ်ကြီး ပုဒ်မ- ၂၈၅ ဖြင့် တရုတ်နိုင်ငံသား လီခိုင်ဖုန်းကို အမှုဖွင့်အရေးယူ ထားသည်။         

WYHW, SMO

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191