Main menu
HOT NEWS
adv
ချမ်းအေးသာစံမြို့ နယ် မောရဂီဝါ ရပ်ကွက် ရပ်မိရပ်ဖများ၏ ပံ့ပိုးမှုဖြင့် ရပ်ကွက်လုံခြုံရေး အဖွဲ့ဝင် ၆ဝ ခန့် ညစဉ် လုံခြုံရေး ကင်းလှည့်

ချမ်းအေးသာစံမြို့ နယ် မောရဂီဝါ ရပ်ကွက် ရပ်မိရပ်ဖများ၏ ပံ့ပိုးမှုဖြင့် ရပ်ကွက်လုံခြုံရေး အဖွဲ့ဝင် ၆ဝ ခန့် ညစဉ် လုံခြုံရေး ကင်းလှည့်

မန္တလေး၊ စက်တင်ဘာ ၁၃

မန္တ လေးတိုင်းဒေသကြီး ချမ်းအေးသာစံ မြို့နယ် မောရဂီဝါရပ်ကွက်တွင် စက်တင်ဘာ ပထမအပတ်မှစတင်၍ ရပ်မိရပ်ဖများ၏ ပံ့ပိုးမှုဖြင့်ရပ်မိရပ်ဖလုံခြုံရေးအဖွဲ့က ညစဉ်ညတိုင်း လုံခြုံရေးကင်းလှည့်လျက်ရှိကြောင်း သိရသည်။ ''လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက လုံခြုံရေးလှည့်တာ၊ ကင်းပုန်းထားတာ ဆောင်ရွက်တာပါ။ လတ်တလော ကောလာဟလသတင်းတွေ ပျံ့နှံ့နေကြောင်းပြည်သူ တွေ စိုးရိမ်မှုရှိလာတာရယ်၊ အထက်ကလည်း လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ဖို့ ညွှန်ကြားလာတာရယ်ကြောင့် ရပ်ကွက်ထဲက ပရဟိတလူငယ်တွေ ဖိတ်ခေါ်ပြီးအခုလို အင်အားများများနဲ့ လုံခြုံရေးလှည့်လည်ပေးတာပါ''ဟု မန္တလေးမြို့မောရဂီဝါရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုး (ခ) ဦးပေါက်ကြီးက ပြောသည်။


အဆိုပါ လုံခြုံရေးဆောင်ရွက် ပေးမှုကြောင့် ရပ်မိရပ်ဖများ ညစဉ်လုံခြုံစိတ်ချစွာ အိပ်စက်ရသည့်အတွက် ရပ်မိရပ်ဖများက လိုအပ်ချက်များအား ဝိုင်းဝန်းပံ့ပိုးကူညီပေးခဲ့ရာ ယခုအခါတူညီဝတ်စုံများဖြင့် လုံခြုံရေးဆောင်ရွက်လျက်ရှိသည်။  မောရဂီဝါရပ်ကွက် ရပ်မိရပ်ဖ လုံခြုံရေးအဖွဲ့ ၆ဝ ခန့်သည် ရပ်ကွက်အတွင်း ည ၁ဝ နာရီမှ နံနက် ၅ နာရီအထိ လှည့်ကင်းနှင့် ကင်းပုန်းဝပ်ခြင်းအပြင် ၇၃ လမ်းနှင့် လမ်း ၃ဝ ထောင့်၊ ၇၃ လမ်းနှင့် ၃၅ လမ်း ထောင့်၊ ၇၆ လမ်းနှင့် ၃၅ လမ်း ထောင့်၊ လမ်း ၃ဝ နှင့် ၇၆ လမ်း ထောင့် စသည့်နေရာများနှင့် ရပ် ကွက်အတွင်း တချို့နေရာများတွင် လုံခြုံရေးကို ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ 

 

 AXE

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191