Main menu
HOT NEWS
adv
မြန်မာနိုင်ငံကို တရားမဝင် ရောက်ရှိလာသည့်  အိန္ဒိယနိုင်ငံသူ ချင်းလူမျိုးများကို လဝက ဥပဒေဖြင့် အမှုဖွင့်

မြန်မာနိုင်ငံကို တရားမဝင် ရောက်ရှိလာသည့် အိန္ဒိယနိုင်ငံသူ ချင်းလူမျိုးများကို လဝက ဥပဒေဖြင့် အမှုဖွင့်

ရန်ကုန်၊ စက်တင်ဘာ ၁၃

မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံများသို့ အလုပ်လုပ်ရန် မြန်မာနိုင်ငံအတွင်းသို့ ဥပဒေမဲ့ဝင်ရောက်လာသည်ဟုဆိုကာ အိန္ဒိယနိုင်ငံသူချင်းလူမျိုးများအား လဝကဥပဒေ ဖြင့် အမှုဖွင့်ပြီး တရားရုံးတွင် ချုပ်ရမန်ယူခဲ့ကြောင်းသိရသည်။ ''ဒီနေ့တရားရုံးမှာ ချုပ်ရမန်ယူခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသူ ချင်းလူမျိုးကိုးဦးဖြစ်ပါတယ်။ ရဲလုပ်ငန်း တွေဆက်လုပ်ဖို့ ကျန်ပါသေးတယ်''ဟု ကျောက်တံတားမြို့မရဲစခန်းမှ စခန်းမှူးက ဒီမိုကရေစီတူဒေးသို့ စက်တင်ဘာ ၁၃ရက်က ပြောသည်။


ဖြစ်စဉ်မှာ ကျောက်တံတားမြို့နယ် အမှတ်(၇) ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်း၊ အမှတ်(၂၇၂)၊ (၅)လွှာ (ဝဲ)ဘက်ခန်းတွင် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှ အိန္ဒိယနိုင်ငံသူ ချင်းလူမျိုး Ms.Chingngaihlun ပါ ကိုးဦးသည် မလေးရှားနိုင်ငံနှင့်စင်ကာပူနိုင်ငံများသို့ အလုပ်သွားရောက်လုပ်ကိုင်ရန် ရောက်ရှိနေကြောင်း သတင်းအရ ကျောက်တံတား မြို့နယ် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းပပလှိုင်နှင့်အဖွဲ့သည် ဌာန ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ယင်းနေအိမ် သို့တက်ရောက်ရှာဖွေခဲ့ကြောင်းသိရသည်။


ရှာဖွေစဉ် အိမ်ရှင်ဒေါ်လားမားဆော်ခီးနှင့် အိန္ဒိယနိုင်ငံသူ ချင်းလူမျိုး Ms.Chingngaihlun ပါ ကိုးဦးတို့အားတွေ့ရှိရသဖြင့် ပြည်တွင်းနေထိုင် ခွင့်လက်မှတ်သော်လည်းကောင်း၊ ခိုင်လုံသည့် နိုင်ငံကူးလက်မှတ်သော်လည်းကောင်း၊ ဗီဇာသော်လည်း ကောင်းပါရှိခြင်းမရှိကြောင်းစစ်ဆေးတွေ့ရှိရသည့်အပြင် မြန်မာနိုင်ငံအတွင်းသို့ ဥပဒေမဲ့ဝင်ရောက်လာမှုအား သိလျက်နှင့် ဆက်လက်နေထိုင်စေရန် ကူညီခဲ့သဖြင့် ကျောက်တံတားမြို့နယ် လဝကဦးစီးမှူး ဒေါ်ဝင်းပပလှိုင်က စက်တင်ဘာ ၁၂ရက်က တရားလိုပြုလုပ်တိုင်တန်းခဲ့ကြောင်းသိရသည်။ အိမ်ရှင်ဒေါ်လားမားဆော်ခီး (၃၇)နှစ်သည် (ချင်း/ခရစ်ယာန်) အင်္ဂလိပ်စာဘာသာ (စကား ပြော) နည်းပြတစ်ဦးဖြစ်ကြောင်းသိရသည်။ အမှုနှင့်ပတ်သက်၍ ကျောက်တံတားမြို့မ ရဲစခန်းမှ Ms.Chingngaihlun  ပါ ကိုးဦးတို့အား လဝကဥပဒေ(လတ်တလောပြဋ္ဌာန်းချက်များ) ပုဒ်မ၁၃(၁)/၁၃(၅)တို့ဖြင့် အမှုဖွင့်ခဲ့ပြီး စက်တင်ဘာ ၁၃ရက်တွင် ကျောက်တံတားတရားရုံးတွင်ချုပ်ရမန်ယူခဲ့ကြောင်းသိရသည်။


ZLH

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191