Monday, 25 September 2017 21:37

မြောက်ဥက္ကလာတွင်မီးလောင်မှုဖြစ်ပွား နေအိမ်ငါးလုံးပြာကျ

Written by
Rate this item
(0 votes)

ရန်ကုန်၊ စက်တင်ဘာ ၂၄-မြောက် ဥက္ကလာပမြို့နယ်တွင် ၀ိုင်ယာကြိုး ဟောင်းအသုံးပြုရာမှ အပူလွန်ကဲ ပြီး မီးလောင်ရာ နေအိမ်ငါးလုံး၊ လုံးဝပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရ သည်။ စက်တင်ဘာ ၂၄ ရက် နံနက် ၁၁ နာရီ ၃၇ မိနစ်ခန့်တွင် မြောက် ဥက္ကလာပမြို့နယ်၊ အမှတ် (၂)ရပ် ကွက်၊ ယုဇနလမ်း(၁)လမ်းရှိ သွပ် မိုး၊ အုပ်ညှပ်၊ ကွန်ကရစ်ခင်း (၁)ထပ်၊ ပိုင်ရှင်ဦးအောင်ဇော်မျိုး (ခ)ဇော်မျိုး၏အိမ်တွင်း ဖိနပ်လုပ်ငန်း တွင် မီးလောင်နေကြောင်း သတင်း အရ မီးသတ်တပ်ဖွဲ့မှ သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၅၅ မိနစ် ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းတည့် ၁၂ နာရီခန့်တွင် မီးငြိမ်းခဲ့ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှုအကြောင်းရင်းမှာ ဟောင်းနွမ်းဆွေးမြည့်နေသော နှစ် ပင်လိမ်ဝိုင်ယာကြိုးအား မီးပလတ် ခုံဖြင့် လျှပ်စစ်မီးသုံးစွဲ၍ ၀ိုင်ယာ ကြိုးအပူလွန်ကဲရာမှ မီးစတင် လောင်ကျွမ်းခြင်းဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီး ဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး မီး သတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ် ဦးက " မီးလောင်မှုကြောင့်စုစုပေါင်း အိမ်ခုနစ်လုံးမီးလောင်ခဲ့ တယ်။ငါးလုံးကအကုန်လုံးလောင်တာ။နှစ်လုံးကနည်းနည်းပဲလောင်ခဲ့ တာ " ဟု စက်တင်ဘာ ၂၄ ရက်က ဒီမိုကရေစီတူဒေး သို့ပြောသည်။

 

ယင်းမီးလောင်မှု Level-2 အဆင့်သတ်မှတ်ထားကြောင်း ၎င်းင်း ကဆက်လက်ပြောသည်။ မီးလောင်မှုကြောင့် စုစုပေါင်း ခန့်မှန်း ဆုံးရှုံးမှုတန်ဖိုးငွေကျပ် သိန်း ၂၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီးမီးသတ်ဦးစီးဌာနမှ သိရ သည်။

မြောက်ဥက္ကလာပမြို့နယ်၊ (၂) ရပ်ကွက်၊ အာသာဝတီလမ်း၊ အောင်ဓမ္မာရုံတွင် မီးဘေးသင့်အိမ် ထောင်စုခုနစ်စုမှ ကျားကိုးဦး၊ မ ၂၁ ဦး၊ စုစုပေါင်း ၃၀ ဦးတို့ကို ကယ် ဆယ်ရေးစခန်းဖွင့်လှစ်ပေးထား သည်။
ယင်းမီးလောင်မှုနှင့်ပတ်သက် ပြီး မြောက်ဥက္ကလာပမြို့ မရဲစခန်း မှ (ပ)၁၀၄၆/၂၀၁၇၊ ရာဇသတ် ကြီးပုဒ်မ-၂၈၅ ဖြင့် ဦးအောင်ဇော် မျိုး (ခ)ဇော်မျိုး (၃၄) နှစ် ကို အမှု ဖွင့်အရေးယူထားသည်။

WYHW/Democracytoday

Read 1767 times
Login to post comments