Monday, 25 September 2017 21:39

ရေကြီးရေလျှံမှုကြောင့် ကယ်ဆယ်ရေးစခန်းသို့ရောက်ရှိနေသည့် ရေဘေးသင့်များ ရေကျချိန် နေအိမ်များသို့ စနစ်တကျပြန်လည်ပို့ဆောင်နေ

Written by
Rate this item
(0 votes)

ကလေး၊ စက်တင်ဘာ ၂၄-စစ်ကိုင်း တိုင်းဒေသကြီး၊ ကလေးမြို့နယ် အတွင်း ရေကြီးရေလျှံခဲ့ပြီး ယခု အခါရေများ ပြန်လည်ကျ ဆင်းနေ ပြီဖြစ်သောကြောင့် ကယ်ဆယ်ရေး စခန်း ၁၇ ခုမှ ဒေသခံပြည်သူများ အား စက်တင်ဘာ ၂၃ ရက် နံနက် ပိုင်းမှစတင်၍ မိမိတို့ရပ်ကွက်၊ ကျေးရွာ၊ နေအိမ်များသို့ စနစ်တကျ ပြန်လည်ပို့ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

"ကလေးမြို့ပေါ်မှာတော့ စက် တင်ဘာ ၂၁ ရက်ကစတင်ပြီး ရေ ပြန်ကျနေတာဖြစ်ပါတယ်။ တချို့ လည်း စက်တင်ဘာ ၂၂ ရက်မှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် အိမ်ပြန်ကြ တာလည်းရှိပါတယ်။ ရေကြီးရေ လျှံမှုကြောင့် ကယ်ဆယ်ရေးစခန်း ကိုရောက် မလာဘဲ နီးစပ်ရာမှာ ခို နေပြီး စက်တင်ဘာ ၂၁ ရက်ညနေ မှ ကယ်ဆယ်ရေးစခန်းရောက်လာ တာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ အားလုံးကို လူကယ်ပြန်ဌာနက တစ်ယောက်ကိုငွေကျပ် ၂၁၀၀ ထောက်ပံ့ပါတယ်။ ကလေးမြို့ အရပ်ဘက်အဖွဲ့တွေက ထမင်းကျွေး တယ်။ လတ်တလောစားသောက်ဖို့ ဆန်၊ ခေါက်ဆွဲထုပ်၊ ထောက်ပံ့တယ်။ အခုမနက် အိမ်ပြန်ကြပါပြီ " ဟု မြို့ နယ်သဘာဝဘေး ကြိုတင်ကာကွယ် ရေးကော်မတီဝင် ဦးတင်ထွန်းဝင်း (ရုပ်သံ)က ပြောသည်။

ကလေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ထုတ်ပြန် ကြေညာချက်အရ ရေကြီးရေလျှံမှု ကြောင့် ကလေးမြို့မြောက် ပိုင်းဒေ သကျေးရွာ ၂၀ ၀န်းကျင်နှင့် ဆက် သွယ်သွားလာရသည့် အောင်မြင် သာဆည်ကြီး ချောင်းကူးတံတား၊ ညောင်ကုန်းကျေးရွာ အနီး ဆည်ကြီး ချောင်းကူးတံတားမှာ စက်တင် ဘာ ၂၀ ရက်က ရေမျောပါပျက်စီး ခဲ့ရပြီး၊ စက်တင်ဘာ ၂၀ ရက် နံနက်မှအစပြု၍ ကလေးမြို့ကို အခြေပြုပြေးဆွဲသည့် ကလေး-တမူး၊ ကလေး-ကလေးဝ-မော်လိုက်လိုင်း ကားများ၊ ကလေး-ဂန့်ဂေါ-မုံရွာ-မန္တလေး- ရန်ကုန်ပြေးဆွဲသည့် ကားသင်းများ ရေကြီးရေလျှံမှုကြောင့် စက်တင်ဘာ ၂၂ ရက်အထိ ရပ် ဆိုင်းထားခဲ့ရကြောင်း သိရသည်။

MOS/Democracytoday

Read 587 times
Login to post comments