Tuesday, 10 October 2017 13:25

ပထမအကြိမ် အာရှနိုင်ငံများနှင့် ဗုဒ္ဓဘာသာ အစည်းအဝေးပွဲကြီး ရန်ကုန်တွင် ကျင်းပမည်

Written by TTHL
Rate this item
(0 votes)

ရန်ကုန်၊ အောက်တိုဘာ-၉

 

ပထမ အကြိမ် အာရှနိုင်ငံများနှင့် ဗုဒ္ဓဘာသာအစည်းအဝေးပွဲကြီးကို အောက်တိုဘာ ၁၂ ရက်မှ ၁၃ ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်း ၁ဝ နိုင်ငံမှ သံဃာတော်များစုပေါင်း၍''အာရှဗုဒ္ဓဘာသာ အဖွဲ့ချုပ် Foundation the Asso- ciation of Asian Buddhist Community (ABC)  ''ဖွဲ့စည်းနိုင်ရန် ဆွေး နွေးသွားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါပွဲကို မြန်မာနိုင်ငံလုံး ဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနနုဂ္ဂဟအသင်းမှ ကြီးမှူး၍ ရန်ကုန်မြို့၊ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။

 


''ဒီနေ့ပွဲကတော့ အန်ကယ်တို့ သာသနနုဂ္ဂဟအသင်းနဲ့ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်ကလာမယ့်''အာရှဗုဒ္ဓဘာသာအဖွဲ့ချုပ်''ဖွဲ့ဖို့အတွက်ကို ကြိုတင်အစည်း အဝေးပွဲတစ်ခု ဖြစ်တယ်။ အဲဒီအဖွဲ့ ဘာလို့ဖွဲ့လဲဆိုရင် ဘာသာအသီး သီးမှာအဖွဲ့ချုပ်တွေရှိတယ်။ ဗုဒ္ဓဘာသာမှာ ဂိုဏ်းနှစ်ဂိုဏ်းရှိတယ်။ တစ်ခုကတော့ ထေရဝါဒရယ်။ နောက်တစ်ခုက မဟာယနရယ်။ အန်ကယ်တို့အနေနဲ့ ပထမအဆင့် ထေရဝါဒ ဆောင်ရွက်တယ်။ ဒုတိယအဆင့်အနေနဲ့ ထေရဝါဒဗုဒ္ဓဘာသာနဲ့ မဟာယနဗုဒ္ဓဘာသာတို့ ပူးပေါင်းနိုင်အောင် ဆောင်ရွက်ခဲ့ပါတယ်။ အခုအာရှနိုင်ငံတွေက သံဃာတော် တွေကို ဖိတ်ခေါ်ပြီး အခမ်းအနား ကျင်းပမှာ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁ဝ နိုင်ငံက ဆရာတော်၊ သံဃာတော် တွေကို ဖိတ်ကြားထားပါတယ်။ နိုင်ငံတွေလည်း ထပ်တိုးလာနိုင်ပါ သေးတယ်''ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခင်ရွှေက အောက်တိုဘာ ၉ ရက်က ပြုလုပ်သည့် ယင်းနှင့် ပတ်သက်သည့် ကြိုတင်ရှင်းလင်းပွဲတွင် ပြောသည်။

 


အာရှနိုင်ငံများနှင့် ဗုဒ္ဓဘာသာအစည်းအဝေးပွဲသည် နယ်စပ် ပြဿနာများနှင့် မသက်ဆိုင်ဘဲ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက်ပိုင်း ဗုဒ္ဓဘာသာအဖွဲ့ ချုပ်မရှိသေးသောကြောင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ပူးပေါင်း၍ ဖွဲ့စည်းမည်ဖြစ် ကြောင်းသိရသည်။ ''ဒီနေ့ဘာသာတွေ အကုန်လုံးမှာ အဖွဲ့ချုပ်ဆိုတာရှိတယ်။ ဗုဒ္ဓဘာသာမှာပဲမရှိဘူး။ ဒါကြောင့် အာရှဗုဒ္ဓဘာသာ အဖွဲ့ချုပ်ဖြစ် အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခုမှမစရင် နောက်ဘယ် တော့မှ မစနိုင်တော့ဘူး။ အာရှဗုဒ္ဓဘာသာအဖွဲ့ချုပ်မှာ မြန်မာနိုင်ငံကဥက္ကဋ္ဌ ဆရာတော်ဖြစ်တဲ့ ဗန်းမော် ဆရာတော်ကြီးကို အာရှဗုဒ္ဓဘာသာအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်း ဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကို အဖွဲ့ချုပ်ရဲ့ အထွေ ထွေအတွင်းရေးမှူးအဖြစ် ပါဝင်နိုင် အောင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ၁၃ ရက်မှာ သာသနာရေးက ပြည် ထောင်စုဝန်ကြီးတက်ရောက်မယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။

 


နိုင်ငံပေါင်း ၁ဝ နိုင်ငံမှ သံဃာ တော်များနေထိုင်ရေးအတွက် Sky Star ဟိုတယ်မှ တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ပြီး ပွဲအခမ်းအနားနေရာ၊ သံဃာတော်များအတွက် ဆွမ်းနှင့်သွားလာရေးအားလုံးကို မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်မှ တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်သည်။ ယင်းပထမအကြိမ် အာရှနိုင်ငံများနှင့် ဗုဒ္ဓဘာသာအစည်းအဝေးပွဲကြီးကျင်းပပြုလုပ်ရန်နှင့် ပူးပေါင်း ဆောင်ရွက်မည့် အခမ်းအနားဖြစ် မြောက်ရေး ကြိုတင်အစည်းအဝေးပွဲကို အောက်တိုဘာ ၉ ရက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန် ကြီးဌာန၏ ဇမ­­­­္ဗူသီရိဗိမာန်တော်၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဘဒ္ဒန္တ ဣဒ္ဓိဗလ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာ အဖွဲ့ ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနနုဂ္ဂဟအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကာကျင်းပမည့်အစီအစဉ်များကို ရှင်းလင်းပြော ကြားခဲ့ကြောင်း သိရသည်။ 

 

TTHL

#democracytoday

Read 444 times
Login to post comments