Wednesday, 11 October 2017 11:23

တာဝန်ကျကျောင်းသို့ အလုပ်ဝင်ရန် ငြင်းပယ်သည့် ဆရာ၊ ဆရာမများကို ရာထူးတိုး အပြောင်းအရွှေ့ လျှောက်ထားခွင့် တစ်ကြိမ် ပိတ်မည်

Written by ATK
Rate this item
(0 votes)

ရန်ကုန်၊ အောက်တိုဘာ ၁ဝ

 

ရာထူးတိုးအပြောင်းအရွှေ့လျှောက်ထားခဲ့ပြီး တာဝန်ချထားရာ ကျောင်းများသို့အလုပ်ဝင်ရောက်ရန် ငြင်းပယ်သည့်ဆရာ၊ ဆရာမများကို ရာထူးတိုးအပြောင်းအရွှေ့လျှောက်ထားခွင့်တစ်ကြိမ် ပိတ်ပင်မည်ဖြစ် ကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင်တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများသည်ယခုပညာသင်နှစ်အတွက်ပြုလုပ်သောရာ ထူးတိုးအပြောင်းများတွင်သတ်မှတ်ချက်ကိုက်ညီသူများကဝင် ရောက်လျှောက်ထားမှုများပြုလုပ်ခဲ့သော်လည်း အချို့ ဆရာ၊ ဆရာမများသည် လျှောက်ထားပြီးအမိန့် စာထွက်ရှိလာသည့်အချိန်တွင် တာဝန်ကျရာကျောင်းများသို့ သွားရောက်ရန်ငြင်းပယ်ခဲ့သည့်အတွက် ငြင်းပယ်သည့် ဆရာ၊ ဆရာမများကို ရာထူးတိုးအပြောင်း အရွှေ့တစ်ကြိမ်ပြုလုပ်ခွင့်ကိုပိတ် ပင်ခဲ့ကြောင်း မန္တလေးတိုင်းဒေသ ကြီးပညာရေးမှူးရုံးမှသိရသည်။

 


''အားလုံးဆိုရင် ၂၅ ယောက် လောက်တော့ရှိမယ်။ သူတို့ကိုရာထူး တိုးတစ်ကြိမ်ရပ်တယ်။ ကျွန်တော်တို့ကလစ်လပ်လို့ ရာထူးတိုးအ ပြောင်းအရွှေ့လျှောက်တဲ့အချိန်မှာလုပ်ပေးလိုက်ပေမယ့် သူတို့က ငြင်းကြတယ်။ တချို့ကတော့ တာဝန်ကျရာကျောင်းတင်မဟုတ်ဘူး လွှတ်တဲ့နေရာသွားပါ့မယ်ဆိုပြီး ပြန်တင်ပြလာတာတွေရှိတော့ လစ်လပ်တဲ့နေရာကိုရှာပြီး ကျွန်တော် တို့ကပြန်ပြီး လွှတ်ပေးလိုက်တယ်။ သူတို့ကတော့ ရာထူးတိုးတစ်ကြိမ် ရပ်တဲ့အထဲတော့မပါတော့ဘူး ပေါ့''ဟု မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှဒုတိယညွှန်ကြား ရေးမှူးဦးခင်မောင်မြင့်က အောက်တိုဘာ ၁ဝ ရက်က ပြောသည်။ ယင်းကဲ့သို့ ရာထူးတိုးအ ပြောင်းအရွှေ့တစ်ကြိမ်ပိတ်ပင်ခံရသည့် ဆရာ၊ ဆရာမများသည် တာဝန်ချထားပေးသည့်ကျောင်း များသို့တစ်ပတ်အတွင်းအလုပ်ဝင် ရောက်ရမည်ဖြစ်ကြောင်း၊ အလုပ်ဝင်ရောက်ခြင်းရှိ၊ မရှိကိုသက်ဆိုင် ရာမြို့နယ်ပညာရေးမှူးရုံးများကစိစစ်ပြီး တိုင်းဒေသကြီးပညာရေးမှူးရုံးသို့ ပြန်လည်တင်ပြရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။

 

ATK

#democracytoday

Read 481 times
Login to post comments