Thursday, 12 October 2017 12:40

ကျွန်းလှနှင့် ကောလင်း မြို့နယ်စပ်ရှိ သဖန်းဆိပ် ဆည်အတွင်း တရားမဝင် ရွှေမျောဖောင် ကိုးခုအား သက်ဆိုင်ရာမှ မီးရှို့ဖျက်ဆီး

Written by စိုးမြစိုး(မုံရွာ)
Rate this item
(0 votes)

မုံရွာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့နယ်နှင့် ကန့်ဘလူခရိုင် ကျွန်းလှ မြို့နယ်တို့ ထိစပ်နေသည့် သဖန်းဆိပ်ဆည်အတွင်း တရားမဝင် ရွှေမျောဖောင်များအား သက်ဆိုင်ရာမှ ရှာဖွေတွေ့ရှိသဖြင့် မီးရှိုဖျက်ဆီးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။

 

 

အောက်တိုဘာ ၉ ရက်က ကောလင်းမြို့နယ်၊ ကျွန်းလှမြို့နယ် စီမံခန့်ခွဲမှုကော်မတီနှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ၊ ဆည်မြောင်း ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျွန်းလှမြို့နယ်ရှိ အခြားဌာနဆိုင်ရာများ ပူးပေါင်းသည့်အဖွဲ့သည် သဖန်းဆိပ်ဆည်အတွင်း လှည့်လည် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ယင်းပူးပေါင်းအဖွဲ့သည် သဖန်းဆိပ်ဆည်အတွင်းရှိ ကျွန်းလှမြို့နှင့် ကောလင်းမြို့ ထိစပ်နေသည့် ကောလင်းမြို့နယ် ပန်းမရဲ ကျေးရွာအနီးအရောက်တွင် ပေပါခွံများဖြင့် ပြုလုပ်ထားသည့် ရွှေမျောဖောင်ကိုးဖောင်နှင့် အင်ဂျင်စက်များအား ပိုင်ရှင်မဲ့တွေ့ရှိခဲ့ ကြောင်းသိရသည်။ အဆိုပါတွေ့ရှိသည့် ရွှေမျောဖောင်ကိုးဖောင်နှင့် တစ်လုံးထိုးအင်ဂျင်စက် ငါးလုံး၊ လေးလုံးထိုးအင်ဂျင်စက် နှစ်လုံး၊ ခြောက်လုံး ထိုးအင်ဂျင်စက်နှစ်လုံး၊ ကာလတန်ဖိုး ကျပ် ၁၉၅ဝဝဝဝ ခန့်အား သယ်ယူရန် ခက်ခဲသဖြင့် ၎င်းတွေ့ရှိရာနေရာတွင်ပင် မီးရှို့ဖျက်ဆီးခဲ့ ကြောင်း တိုင်းတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

စိုးမြစိုး(မုံရွာ)

#theyangontimes

Read 914 times
Login to post comments