Thursday, 12 October 2017 12:43

ခြောက်ဘီး ယာဉ်နှစ်စီးပေါ်မှ တရားမဝင်နွားများ ဖြူးမြို့နယ်တွင် ဖမ်းမိ

Written by ဖြိုးကိုလင်း(ညောင်ဝိုင်း)
Rate this item
(0 votes)

ဖြူး

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တွင် အောက်တိုဘာ ၈ ရက် ည ၁၁ နာရီခန့်က ယာဉ်များအား စစ်ဆေးရှာဖွေနေစဉ် တရား မဝင် နွားများတင်ဆောင်လာသော ခြောက် ဘီးယာဉ်နှစ်စီးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

 

ဖြူးမြို့မရဲစခန်းမှ တာဝန်ရှိသူများသည် သတင်းအရ သက်သေများနှင့်အတူ မင်းကံရိုး ကျေးရွာအုပ်စု ရန်ကုန်-မန္တလေး ကားလမ်း ဟောင်းနှင့် အမြန်လမ်းမကြီးသို့ ဆက်သွယ် ထားသော ဆားဂွန်းလမ်း ဒိုင်းတရာကျေးရွာအနီးတွင် ယာဉ်များအား ပိတ်ဆို့စစ်ဆေးရှာ ဖွေနေစဉ် ဖြူးမြို့ဘက်မှ အမြန်လမ်းမကြီးဘက် သို့ မောင်းနှင်လာသောယာဉ်နှစ်စီးအား စစ် ဆေးခဲ့ရာ ယာဉ်မောင်း ဝင်းစိုး (၄၇ နှစ်)ဘူတာတောင်ရပ်ကွက်၊ ဖြူးမြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 9E/---- HYUNDAI အဖြူရောင်ခြောက်ဘီးယာဉ်ပေါ်တွင် နွား ၁ဝ ကောင်၊ ယာဉ်မောင်းသန်းခိုင် (၃၄ နှစ်) ဆိတ်ဖူးခင်ရွာ ဖြူးမြို့နယ်နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 2E/---- FORLAND အဖြူရောင်ခြောက်ဘီးယာဉ် ပေါ်တွင် နွား ၁၈ ကောင်တို့အား တရားမဝင် တင်ဆောင်လာပြီး ဖြူးမြို့နယ်မှ ဒိုက်ဦးမြို့နယ်သို့ ပို့ဆောင်မည်ဖြစ်ပြီး တရားဝင်အထောက် အထားစာရွက်စာတမ်း တစ်စုံတစ်ရာမပါရှိ ကြောင်းသိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင်နွားများ သယ်ဆောင်လာသော ဝင်းစိုးနှင့် သန်း ခိုင်တို့အား ဖြူးမြို့မရဲစခန်းမှ (ပ)၄ဝ၁/၂ဝ၁၇ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ အမှုဖွင့်ဖမ်းဆီးအရေးယူထား ကြောင်း သိရသည်။

 

ဖြိုးကိုလင်း(ညောင်ဝိုင်း)

#theyangontimes

Read 958 times
Login to post comments