Thursday, 12 October 2017 13:00

ရခိုင်ပြည်နယ် အကြမ်းဖက်ဖြစ်စဉ်ကြောင့် ခရီးသွားလုပ်ငန်း ထိခိုက်မှု မရှိဟုဆို

Written by CNB
Rate this item
(0 votes)

ရန်ကုန်၊ အောက်တိုဘာ ၁၁

 

ပြီးခဲ့သည့် သြဂုတ်လက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ARSA အစွန်း ရောက်အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်မှုဖြစ်စဉ်များကြောင့် ခရီးသွားလုပ်ငန်းမှာ ထိခိုက်မှုမရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန် ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးအောင်အေးဟန်က ပြောသည်။ လတ်တလောတွင် ပြဿနာ ဖြစ်ပွားနေသည့် ဘူးသီးတောင်၊ မောင်တောဒေသများသည် ခရီးသွားများ သွားရောက်လည်ပတ် သည့် မြောက်ဦး၊ ငပလီကဲ့သို့ ခရီးစဉ်ဒေသမဟုတ်ခြင်းကြောင့် ခရီးသွားလုပ်ငန်းများအတွက် မထိခိုက်နိုင်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

 


''ရခိုင်ပြည်နယ်မှာရှိတဲ့ သံတွဲ၊ ငပလီ စတဲ့ခရီးစဉ်တွေမှာ ခရီးသွား တွေ အဆက်မပြတ်သွားရောက် လည်ပတ်နေတာတွေရှိတယ်လို့ လည်း ခရီးသွားလုပ်ငန်းရှင်တွေ ဆီကသိရပါတယ်။ ရခိုင်ပြည်နယ် မှာဖြစ်ပွားနေတဲ့ ဖြစ်စဉ်တွေကို ကမ္ဘာ့မီဒီယာတွေမှာဖော်ပြနေချိန် သြဂုတ်လနဲ့ စက်တင်ဘာလထဲမှာ တော့ ကြိုတင်စီစဉ်ထားတဲ့ ခရီးစဉ် အချို့ပျက်သွားခဲ့ပေမယ့် အခု အောက်တိုဘာလထဲမှာတော့ ခရီးသွားဝင်ရောက်တာတွေပြန်တက် လာတယ်။ အာရှဈေးကွက်ကတော့ ပုံမှန်လာရောက်လည်ပတ်လျက် ရှိပြီး တချို့ဈေးကွက်တွေမှာတော့ ရာခိုင်နှုန်းအနည်းငယ်ကျသွားပေမယ့် ခရီးသွားကဏ္ဍကို စိုးရိမ်ရမယ့် အနေအထားမဟုတ်ဘူး''ဟု Nature and Dream  ခရီးသွားလုပ်ငန်း ရှင် ဒေါ်စံပယ်အောင်က ပြောသည်။

 


ပြည်ပမှလာရောက်လည်ပတ်မည့် ခရီးသွားဧည့်သည်လျော့ နည်းသွားမည်ကို စိုးရိမ်နေသည့် အနေအထားမှ လွတ်လာရခြင်းမှာ ကမ္ဘာ့မီဒီယာများ၏ထိုးနှက်မှု အရှိန်အဟုန် ပြန်လည်ကျဆင်းသွားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုနေကြမှုများလည်းရှိသည်။ ၂ဝ၁၆ ခုနှစ်တွင် မြန်မာနိုင်ငံကို ခရီးသွားဧည့်သည် ၂ ဒသမ ၆ သန်းဝင်ရောက်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်တွင် ခရီးသွားဧည့်သည် ၃ ဒသမ ၅ သန်းဝင်ရောက်ရန် ခန့်မှန်းထား ကြောင်း သိရသည်။ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီမှ သြဂုတ်လအထိ မြန်မာနိုင်ငံသို့လာရောက်သည့် ကမ္ဘာ လှည့်ခရီးသွား ၂ ဒသမ ၂၇ သန်းရှိပြီး ၂ဝ၁၆ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ၂၂ ရာခိုင်နှုန်းအထိတိုးတက်လာ ကြောင်း သိရသည်။ 

 

CNB

#democracytoday

Read 1019 times
Login to post comments