HOT NEWS
Main menu
NLD ပညာရေးကွန်ရက်အောက်ရှိ ကျောင်း ၁ဝ ကျောင်းတွင် လုပ်ငန်းခွင်သုံး ကွန်ပျူတာသင်တန်းများ ထပ်မံ တိုးချဲ့ဖွင့်လှစ်ပေးသွားမည် ဟုဆို

NLD ပညာရေးကွန်ရက်အောက်ရှိ ကျောင်း ၁ဝ ကျောင်းတွင် လုပ်ငန်းခွင်သုံး ကွန်ပျူတာသင်တန်းများ ထပ်မံ တိုးချဲ့ဖွင့်လှစ်ပေးသွားမည် ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၃၀

ဒစ်ဂျစ်တယ်ပညာရေးအစီအစဉ် တစ်ခုအဖြစ် NLD  ပညာရေးကွန်ရက် အောက်ရှိ ကျောင်း၁ဝကျောင်းတွင် အခြေခံအဆင့် ကွန်ပျူတာသင်တန်းများ သင်ကြားပေးလျက်ရှိပြီး လုပ်ငန်းခွင်သုံး ကွန်ပျူတာသင်တန်းများ ထပ်မံ တိုးချဲ့ဖွင့်လှစ်ပေးသွားရန် စီစဉ်လျက်ရှိကြောင်းသိရသည်။ NLD ပညာရေးကွန်ရက်အောက်တွင်ရှိသော အမေ့အိမ်ပညာရေးစင်တာများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းကိုးကျောင်း နှင့် မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်ရှိ တစ်ကျောင်းတို့တွင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းMPT ၏ ပံ့ပိုးမှုဖြင့် အခမဲ့အခြေခံပညာအဆင့် ကွန်ပျူ တာသင်တန်းများကို သင်ကြားပေးလျက်ရှိပြီး အဆိုပါသင်တန်းများပြီး ဆုံးပါက လုပ်ငန်းခွင်သုံးကွန်ပျူတာ သင်တန်းများကို ဆက်လက်သင်ကြား ပေးသွားရန် စီစဉ်လျက်ရှိကြောင်း အောက်တိုဘာ၂၉ရက်က အမေ့အိမ် စင်တာ၊ မုဒိတာ(စီဒီစီ)မှ သိရသည်။

အမေ့အိမ်စင်တာ၊ မုဒိတာ(စီဒီစီ)မှ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဇော်ဦးက '' ခုလက်ရှိတော့ အခြေခံအဆင့် သင်တန်းတွေပဲရှိသေးတယ်။ ခုသင်တန်းတွေပြီးရင်တော့ ကျောင်းသား တွေရဲ့လိုက်နိုင်မှုကို လုပ်ငန်းခွင်သုံး ကွန်ပျူတာသင်တန်းတွေ ဆက်ဖွင့် သွားဖို့ဆွေးနွေးနေတယ်။ ဥပမာ LCCI  သင်တန်းတို့လို ပုံစံမျိုးတွေပေါ့။ အဲ့ဒီလိုသင်တန်းတွေဖွင့်နိုင်ဖို့ လုပ်အား ပေးဆရာ၊ ဆရာမတွေတော့ လိုအပ်ချက်ရှိနေသေးတယ်။ ပြီးတော့ ခုလက် ရှိ MPT ကနေ ထောက်ပံ့ပေးထား တဲ့စက်တွေနဲ့ နယ်ဘက်တွေဆင်းပြီး သင်ကြားပေးသွားဖို့ စီစဉ်ထားတာ တွေလည်းရှိပါတယ်''ဟု အောက်တိုဘာ ၂၉ ရက်က ဒီမိုကရေစီတူဒေး သို့ ပြောသည်။ ဒစ်ဂျစ် တယ်ပညာရေးအစီအစဉ်အဖြစ် အခြေခံကွန်ပျူတာသင်တန်းများကို စက်တင်ဘာလက စတင်ဖွင့်လှစ်ခဲ့ကာ တက်ရောက်သူကျောင်းသားဦးရေ ၃ဝဝခန့်ရှိပြီး ထောက်ပံ့မည့်သူများရှိပါက တစ်နိုင်ငံလုံးရှိ NLD ပညာရေး ကွန်ရက်အောက် တွင်ရှိသောကျောင်းများတွင်ပါ သင်ကြားပေးနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ် ကြောင်း NLD ပညာရေးကွန်ရက်မှ သိရသည်။


NLD ပညာရေးကွန်ရက်၏ ညှိနှိုင်းရေးမှူးဖြစ်သူ ဦးအောင်လေး နွယ်(ကိုငယ်)က ''ခုဒစ်ဂျစ်တယ် ပညာ ရေးအစီအစဉ်အဖြစ် အခြေခံအဆင့် ကွန်ပျူတာသင်တန်းတွေကို စက်တင် ဘာလက စတင်ပြီးဖွင့်လှစ်ခဲ့တာပါ၊ ရန်ကုန်တိုင်းမှာ ကိုးကျောင်း၊ ဘီးလင်းမှာတစ်ကျောင်းပေါ့၊ ဒီပညာရေးကွန် ရက်အောက်မှာ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ရှိနေတဲ့ကျောင်းတွေ စုစုပေါင်း ၂ဝဝကျော်ရှိတယ်။ အဲ့ဒီကျောင်းတွေမှာလည်း အခုလိုမျိုး လှူဒါန်းမယ့်သူ တွေရှိရင်တော့ ဖွင့်ဖို့အစီအစဉ်ရှိပါတယ်''ဟု အောက်တိုဘာ ၂၉ ရက်က ဒီမိုကရေစီတူဒေးသို့ ပြောသည်။ အဆိုပါအမေ့အိမ်စင်တာများတွင် ကွန်ပျူတာသင်တန်းများအပြင် ဘာသာစကား သင်တန်းများ ကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကာ အင်္ဂလိပ်၊ ဂျပန်နှင့် ကိုရီးယားဘာသာ စကားများပါဝင်ပြီး အင်္ဂလိပ်ဘာသာ စကားထူးချွန်ပါက အမေရိကန်စင်တာတွင် စကောလားရှစ်ရရှိရန်ကူညီ ပေးလျက်ရှိပြီး လက်ရှိ အချိန်တွင် အမေရိကန်စင်တာတွင် သင်ကြားခွင့်ရရှိသူ ၁ဝဦးထိရှိပြီ ဖြစ်ကြောင်းလည်း သိရသည်။

HWA/ZTH

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Latest from M ဘွယ်

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS