Main menu
HOT NEWS
adv
ကျောက်တံတားမြို့နယ် (၃၉)လမ်းတွင် သေဆုံးခဲ့သည့် ဗြိတိန်နိုင်ငံသား၏ အမှုကို အမြန်ဆုံး ပေါ်ပေါက်စေရန် နိုင်ငံဖြတ်ကျော်မှု ခင်းရဲတပ်ဖွဲ့နှင့် ချိတ်ဆက် ဆောင်ရွက်နေ ဟုဆို

ကျောက်တံတားမြို့နယ် (၃၉)လမ်းတွင် သေဆုံးခဲ့သည့် ဗြိတိန်နိုင်ငံသား၏ အမှုကို အမြန်ဆုံး ပေါ်ပေါက်စေရန် နိုင်ငံဖြတ်ကျော်မှု ခင်းရဲတပ်ဖွဲ့နှင့် ချိတ်ဆက် ဆောင်ရွက်နေ ဟုဆို

 ရန်ကုန်၊ နိုဝင်ဘာ ၈

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် (၃၉) လမ်းရှိ နေအိမ်တစ်ခုတွင်သေဆုံးခဲ့သည့် ဗြိတိန်နိုင်ငံသား၏ အမှုပေါ်ပေါက် စေရန် အဆိုပါနေအိမ်တွင်ငှားရမ်း နေထိုင်သူ တရားခံဟုယူဆရသော ဗြိတိန်နိုင်ငံသားကို ဖမ်းဆီးရမိရေးအတွက် နိုင်ငံဖြတ်ကျော်မှုခင်းရဲတပ် ဖွဲ့နှင့်ချိတ်ဆက်ဆောင်ရွက်နေကြောင်း ကျောက်တံတားမြို့နယ် ရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူးတိုးမြို့မှ နိုဝင်ဘာ ၇ ရက်က ဒီမိုကရေစီတူဒေး သတင်းစာကိုပြော သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ (၃၉) လမ်း(အလယ် ဘလောက်)၊ အိမ်အမှတ်(၁၆ဝ)၊ ပထမထပ်တွင် ဦးခေါင်းနှင့်ရင်ဘတ်တို့ တွင် ဖူးရောင်ဒဏ်ရာများဖြင့်သေ ဆုံးနေသော အသက်(၄၇)နှစ်အရွယ် ဗြိတိန်နိုင်ငံသားအမျိုးသားတစ် ဦး၏ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ထွက်ပြေးနေသည့် အဆိုပါ နေအိမ်၌ငှားရမ်းနေထိုင်သူ တရားခံ ဟုယူဆရသော ဗြိတိန်နိုင်ငံသားကို ဖမ်းဆီး ရမိရေးအတွက် နိုင်ငံဖြတ် ကျော်မှုခင်းရဲတပ်ဖွဲ့နှင့်ချိတ်ဆက် ပြီးဆောင်ရွက်နေကြောင်း သိရသည်။


ကျောက်တံတားမြို့နယ် ရဲစခန်းမှ စခန်းမှူးဖြစ်သူ ဒုတိယရဲမှူး တိုးမြို့က ''နောက်ဆုံးအခြေအနေက တော့ စစ်ဆေးဆဲပဲရှိသေးတယ်။ နိုင်ငံ ဖြတ်ကျော်မှုခင်းရဲတပ်ဖွဲ့နဲ့ချိတ်ဆက် ပြီးဆောင်ရွက်နေပါတယ်။ ဘယ်လို ထွက်ပြေးသွားလဲဆိုတာ သက်သေ တွေကိုစစ်ဆေးနေပါတယ်။ လူသတ် မှုဖြစ်ပွားတဲ့နေ့တုန်းက ကမ္ဘာလှည့် ခရီးသွားလုံခြုံရေးအဖွဲ့က သတင်းပေးလို့သိရတာပါ။ သိသိချင်းကျွန်တော် ဦးဆောင်ပြီးတော့ အခင်းဖြစ် ပွားရာ နေရာကို စစ်ဆေးဆောင်ရွက်ခဲ့တယ်။ နောက် လေဆိပ်ကိုစုံစမ်းလိုက်တော့ ထိုင်းနိုင်ငံဘန်ကောက်ကိုထွက်ပြေးသွားတယ်လို့သိရတယ်။ သေဆုံးသူ ရဲ့အလောင်းကိုတော့ ရန်ကုန်ပြည် သူ့ဆေးရုံကြီးမှာထား ရှိပါတယ်။ သက် သေဆိုတာ ချက်ချင်းမသိနိုင်သေး သလို သက်သေတွေအနေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုစစ်ဖို့ရှိပါတယ်။တရားခံရဲ့ဇနီးကလည်း အခု သုဝဏ္ဏမှာသွားနေနေတာဆိုတော့ သူ့ကို လည်းစစ်ဖို့ရှိပါတယ်။ လက်ရှိတော့ ဘာအချိတ်အဆက်မှမရသေးဘူး။လောလောဆယ်တော့ ဒီလောက်ပဲ ရှိပါသေးတယ်။ ကျန်ရှိတာတွေတော့ ဆက်လက်စစ်ဆေးဆောင်ရွက်နေပါတယ်''ဟု နိုဝင်ဘာ ၇ ရက်က ဒီမိုကရေစီတူဒေးသို့ပြော သည်။


သေဆုံးသွားသည့် ဗြိတိန်နိုင်ငံသားဖြစ်သူ Mr. Peter Gary Ferg- uson  (၄၇)နှစ်သည် နိုင်ငံတကာ ကျောင်းတစ်ခုမှ ကျောင်းဆရာတစ် ဦးဖြစ်ကြောင်း ကျောက်တံတားမြို့ နယ်ရဲစခန်းမှသိရသည်။ ကျောက် တံတားမြို့နယ် အမှတ် (၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးက ''သူ တို့ဘယ်လိုဖြစ်တယ်ဆိုတာ ကျွန်တော်လည်း အသေးစိတ်သေချာမသိပါ ဘူး။ အသေးစိတ်ကို ရဲစခန်းက စစ် တာဆိုတော့ ရဲစခန်းသွားမေးမှပဲ သိမှာပေါ့။ ကျွန်တော့်ကိုလည်း ရဲကအကြောင်းကြားပြီးလာခေါ်မှ လူသတ်သွားမှန်းသိရတယ်။ သူတို့ဒီမှာနေထိုင်တာကျွန်တော်မသိဘူး။ သူတို့ဒီမှာနေပါတယ်ဆိုပြီး လာပြီးတော့အကြောင်း လည်းမကြားဘူး။ နိုင်ငံခြားသား ဆို တော့ လဝကပဲလုပ်တာဆိုတော့ လဝကပဲသိမယ်။ ဘယ်နိုင်ငံကလူတွေဆိုတာ ကျွန်တော်လည်းမသိဘူး။ သတင်း စာထဲမှာကြည့်လိုက်တာပိုကောင်းပါတယ်''ဟု နိုဝင်ဘာ ၇ ရက်က ဒီမိုကရေစီတူဒေး၏ ဖုန်းဖြင့်မေးမြန်း မှုကို ပြန်လည်ဖြေကြားသည်။ အဆိုပါအမှုအား ကျောက်တံ တားမြို့နယ်ရဲစခန်းမှ(ပ)၂၄၅/ ၂ဝ၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အမှု ဖွင့်ထားပြီး ကျောက်တံတားမြို့နယ် စခန်းမှူးဒုရဲမှူးတိုးမြို့မှ တရားခံ ဖမ်းဆီးရမိရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

WYHW, TNO

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191