HOT NEWS
Main menu
ပဲခူးမြို့ လွတ်လပ်ရေးပွဲ အားကစားပြိုင်ပွဲများနှင့်အတူကျင်းပ

ပဲခူးမြို့ လွတ်လပ်ရေးပွဲ အားကစားပြိုင်ပွဲများနှင့်အတူကျင်းပ

ပဲခူး၊ ဇန်နဝါရီ ၄ -ပဲခူးတိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဇန် နဝါရီ ၄ ရက် နံနက် ၄ နာရီ မိနစ် ၂ဝ ကပဲခူးမြို့ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်း၌ (၆၉) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအ နားကျင်းပသည်။

ရှေ့ဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေး ရာ ဝန်ကြီးဗိုလ်မှူးကြီး ခင်မောင်ဌေး  ဦးဆောင်၍ နယ်မြေခံတပ် စစ်တီး ဝိုင်းအဖွဲ့နှင့် အလံတင်တပ်ဖွဲ့တို့မှ စင်မြင့်ထက်ရှိအလံတိုင်ထိပ်သို့ နိုင် ငံတော် အလံအား လွှင့်ထူပေးကြပြီး နိုင်ငံ တော်အလံနှင့်ကျ ဆုံးလေ ပြီးသော ရဲဘော်အပေါင်းတို့အား အလေးပြု ကြသည်။

ထို့နောက် နံနက် ၇ နာရီခွဲတွင် နိုင်ငံတော်သမ္မတဦးထင်ကျော်ထံမှ ပေးပို့သော (၆၉) နှစ်မြောက် လွတ်လပ် ရေးနေ့ သဝဏ်လွှာအား ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဖတ်ကြားပြီး ဇန်နဝါ ရီ ၂ ရက် မှ ၄ ရက်အထိ ကြက် တောင်၊ စစ်တုရင်၊ မီနီမာရသွန်နှင့် ပျော်ပွဲရွှင်ပွဲပြေးပွဲပြိုင်ပွဲများ၊ ရိုးရာ ခြင်းလုံးခတ်ပြိုင်ပွဲ၊ ထုပ်ဆီးတိုး၊ လွန်ဆွဲပြိုင်ပွဲ၊ ချောတိုင်တက်၊ ခေါင်း အုံးရိုက်ပြိုင်ပွဲ၊ စနူကာပြိုင်ပွဲ၊ ပိုက် ကျော်ခြင်းပြိုင်ပွဲ၊ တင်းနစ်ပြိုင်ပွဲ စ သည့် အားကစားပြိုင်ပွဲများ ကျင်းပ ကြောင်းသိရသည်။

PKL

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS