Main menu
HOT NEWS
adv
မထသ အဖွဲ့အစည်းနှင့် ယင်း လက်အောက် ပြေးဆွဲနေသည့် ယာဉ်လိုင်းများကို ယခုလ ၁၅ ရက်၌ အပြီးတိုင် ဖျက်သိမ်းပြီး YRTA လက်အောက်ရှိ ယာဉ်လိုင်း ၅၈ လိုင်းဖြင့် အစားထိုး ပြေးဆွဲမည်

မထသ အဖွဲ့အစည်းနှင့် ယင်း လက်အောက် ပြေးဆွဲနေသည့် ယာဉ်လိုင်းများကို ယခုလ ၁၅ ရက်၌ အပြီးတိုင် ဖျက်သိမ်းပြီး YRTA လက်အောက်ရှိ ယာဉ်လိုင်း ၅၈ လိုင်းဖြင့် အစားထိုး ပြေးဆွဲမည်

ရန်ကုန်၊ ဇန်နဝါရီ ၇

ယခုလ ဇန်နဝါရီ ၁၅ ရက်ညတွင် မထသအဖွဲ့အစည်းနှင့် မထသပိုင် ယာဉ်လိုင်းအားလုံးကို ဖျက်သိမ်းရပ်ဆိုင်းမည်ဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာ ဏာပိုင်အဖွဲ့ (YRTA Yangon Region Transport Authority) အုပ်ချုပ်မှု အောက်ရှိ ယာဉ်လိုင်း ၅၈ လိုင်းကို စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်းက ပြောသည်။


ဇန်နဝါရီ ၆ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် ယာဉ်လိုင်းသုံးရာကျော်ကိုလျှော့ချ၍ ယာဉ်လိုင်း ၅၈ လိုင်း ဖြင့် ပြောင်းလဲပြေးဆွဲမည့် အစီအစဉ်များနှင့်ပတ်သက်သည့် သတင်းစာ ရှင်းလင်း ပွဲတွင် ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ''ဇန်နဝါရီ ၁၅ ရက်ည ဟာ အခုပြေးဆွဲနေတဲ့ယာဉ်နံပါတ်တွေရဲ့ နောက်ဆုံးညပဲဖြစ်ပါတယ်။ ဇန်နဝါရီ ၁၅ ရက်ညမှာ အပြီးသတ် ရပ်ဆိုင်းလိုက်ပါပြီ။ မထသစနစ်ကိုလည်း ၁၅ ရက်မှာ အပြီးတိုင်ဖျက်သိမ်းလိုက် တော့မှာဖြစ်ပါတယ်။

 

၁၆ ရက်မှာ ရန်ကုန်တိုင်းဒေသကြီး  သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့ ယာဉ်လိုင်း ၅၈ လိုင်းနဲ့စတင်ပြေးဆွဲသွားမှာဖြစ်ပါတယ်''ဟု ပြောသည်။ ကနဦးအနေဖြင့် ဘတ်စ် ကား အများပိုင်ကုမ္ပဏီများဖွဲ့စည်းနိုင် ရေးကိုမစတင်နိုင်သေးသော်လည်း ခရီးသွားပြည်သူများ သွားလာရေး အခက်အခဲများကို ဖြေရှင်းနိုင်ရေးအတွက် ယခုစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရခြင်းဖြစ် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အုပ်ချုပ်မှု အောက်မှာရှိတဲ့ ယာဉ်လိုင်း ၅၈ လိုင်းနဲ့စတင်ပြေးဆွဲသွားမှာဖြစ်ပါတယ်''ဟု ပြောသည်။ ကနဦးအနေဖြင့် ဘတ်စ်ကား အများပိုင်ကုမ္ပဏီများ ဖွဲ့စ ည်းနိုင်ရေးကို မစတင်နိုင်သေးသော်လည်း ခရီးသွားပြည်သူများ သွားလာရေး အခက်အခဲများကို ဖြေရှင်းနိုင်ရေး အတွက် ယခုစနစ်ကိုအကောင် အထည်ဆောင်ရွက်ပေးရခြင်းဖြစ် ကြောင်း သိရသည်။


ဘတ်စ်ကားအများပိုင်ကုမ္ပဏီ စနစ်ကိုဖော်ဆောင်နိုင်ရေးအတွက် အစိုးရမှ ၅ဝ ရာခိုင်နှုန်းကျော် ရှယ်ယာထည့်ဝင်ဖွဲ့စည်းသွားမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှသိရသည်။ မထသစနစ်စည်းမျဉ်း ပိုင်းထိန်းချုပ်နိုင်မှု အားနည်းသကဲ့သို့ လုပ်ကိုင် နိုင်သည့်အခွင့်အာဏာသည်လည်း နည်းပါးသည့်အတွက် အစိုးရသစ် တက်လာပြီးတဲ့အချိန်တွင် လက်ရှိ ကျင့်သုံးနေသည့် မထသစနစ်ကိုဖျက် သိမ်းပြီးပြေးဆွဲနေတဲ့ ယာဉ်လိုင်းစနစ် တွေအားလုံးကိုပါဖျက်သိမ်းရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ YRTA ၏ အုပ်ချုပ်မှုအဖြစ် ပြေးဆွဲမည့် ယာဉ်လိုင်း ၅၈ လိုင်း စတင်ပြေးဆွဲလျှင် ယာဉ်စီးခနှုန်းထားများကို ကျပ် ၁ဝဝ မှစ၍ ကျပ် ၃ဝဝ အထိ သတ်မှတ်ထားပြီး ည ၉ နာရီအထိ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။


လက်ရှိပြေးဆွဲနေသည့် ယာဉ်လိုင်းသုံးရာကျော်ကိုလျော့ချခဲ့သော်လည်း ခရီးသွားပြည်သူများအတွက် သွားလာရေးအခက်အခဲရှိမည် မဟုတ်ကြောင်း ယာဉ်လိုင်း ၅၈ လိုင်း စတင်ပြေးဆွဲမည့်အစီအစဉ်များကိုလည်း အ များပြည်သူများသိရှိနိုင်ရန် ပန်းဖလက်များဝေငှခြင်းအပါအဝင် ဝက်ဘ်ဆိုက်လွှင့်တင်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၁၅ ရက်တွင် စတင် ပြေးဆွဲမည့် ရန်ကုန်တိုင်းဒေသကြီး သယ် ယူပို့ဆောင်ရေးကြီးကြပ်ကွပ် ကဲမှုအာဏာပိုင်အဖွဲ့မှဦးစီးဆောင်ရွက်မည့် အများပြည်သူသယ်ယူပို့ ဆောင်ရေးယာဉ်လိုင်းစနစ်တွင် ပါဝင်ဆောင်ရွက်လိုသော ပုဂ္ဂလိကခရီးသည်တင်ယာဉ်လိုင်းပိုင်ရှင်များအနေ ဖြင့် ဆက်သွယ်ပါဝင်ထားသည့် ကုမ္ပဏီမရှိသေးပါက တောင်ဥက္ကလာတွင် ဖွင့်လှစ်ထားသော ရန်ကုန်အရှေ့ပိုင်း ခရိုင်စုပေါင်းရုံးတွင် ဇန်နဝါရီ ၁ဝ ရက် ညနေ ၄ နာရီအထိ စာရင်းသွင်းမှတ် ပုံတင်ရမည်ဖြစ်ကြောင်း သိရ သည်။


ယာဉ်လိုင်းပိုင်ရှင်များနည်းတူ  ယာဉ်လုပ်သားများ အနေဖြင့်လည်း တောင်ဥက္ကလာမြို့နယ် ၄ ရပ်ကွက် ဗြဟ္မစိုရ်လမ်းရှိ ရန်ကုန်အရှေ့ပိုင်း ခရိုင်စုပေါင်းရုံးတွင် ယာဉ်လုပ်သား မှတ်ပုံတင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါယာဉ်လိုင်း ၅၈ လိုင်း စတင်ပြေးဆွဲမည်ဆိုပါက ယာဉ်လုပ်သားများကို လစာစနစ်ဖြင့် စတင်လုပ်ဆောင်မည်ဖြစ်ပြီး ယာဉ်ပိုင်ရှင်များ၏ ရပိုင်ခွင့်ကို နေ့စဉ်ရရှိသည့်ဝင်ငွေကို ခွဲဝေပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။ ယာဉ်လိုင်းသုံးရာကျော်ကို လျှော့ချ၍ လိုင်း ၅၈ လိုင်းဖြင့်ပြောင်း လဲပြေးဆွဲရာတွင် လက်ရှိအများ ပိုင်စနစ်သို့ ဦးတည်နေသည့် ကုမ္ပဏီရှစ်ခုက တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ် ကဲမှုအာဏာပိုင်အဖွဲ့ တွဲဖက်အတွင်း ရေးမှူးဦးသန်းဝင်းက ပြော သည်။


ယင်းနှင့်ပတ်သက်ပြီး မထသ(ဗဟို) ဥက္ကဋ္ဌဦးလှအောင်က ''မထသအဖွဲ့ ဖျက်သိမ်းလိုက်ပေမယ့် YRTA အုပ်ချုပ်မှုအောက်မှာ ပြန်လုပ်ချင်တဲ့ ဝန်ထမ်းတွေအနေနဲ့ လျှောက်လွှာတင်ပြီးလျှောက်မယ်ဆိုရင် ပြန်စဉ်း စားပေးမယ်လို့ ဝန်ကြီးချုပ်ကပြောထားတယ်။ အဲဒီကိစ္စကိုလည်း မထသက ဝန်ထမ်းတွေအားလုံးကို အသိပေးထားပြီးသား။ ဝန်ကြီးချုပ် ရဲ့အစီအမံအတိုင်းပဲသွားမှာပါ'' ဟု ပြောသည်။ မထသစနစ်ကို ၁၉၆၂ ခုနှစ် က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မထသ၏ ကြီးကြပ်မှု အောက်တွင် ပြေးဆွဲနေသည့်ယာဉ် လိုင်း ၃၃ဝ ကျော်ရှိကြောင်း သိရ သည်။   


TTMT

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191