Main menu
HOT NEWS
adv
စမတ်ကတ် မှတ်ပုံတင်များ ထုတ်ပေးရေး ရှေ့ပြေး စီမံချက် ရန်ကုန်တွင် စတင်

စမတ်ကတ် မှတ်ပုံတင်များ ထုတ်ပေးရေး ရှေ့ပြေး စီမံချက် ရန်ကုန်တွင် စတင်

ရန်ကုန်၊ ဇန်နဝါရီ ၈

နည်းပညာသုံးမှတ်ပုံတင်ကတ်(National Electronic ID) များ ထုတ်ပေးနိုင်ရေး ရှေ့ပြေးစီမံချက်စာရင်းကို ယခုလမှစ၍ ရန်ကုန်တိုင်းအတွင်း စတင်ကောက်ခံနေကြောင်း သိရသည်။  ရှေ့ပြေးစီမံချက်စာရင်းကို အင်းစိန်မြို့နယ် ကြို့ကုန်းရပ်ကွက်တွင် စတင်ကောက်ခံ နေခြင်းဖြစ်သည်။ လက်ရှိအသုံးပြုနေသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အမျိုးသားအီလက်ထရွန်နစ်မှတ်ပုံတင်လုပ်ငန်း  Smart Card  ဖြင့် National Electronic ID အဖြစ် ပြောင်းလဲထုတ်ပေးနိုင်ရေးလုပ်ငန်းစဉ်သည် အစိုးရ၏ e-Government Master Plan တွင် အဓိကဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ပြီး ယင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသေးစိတ်လေ့ လာ လုပ်ဆောင်နေဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇန်နဝါရီ ၇ ရက်က သိရသည်။


''နိုင်ငံတကာမှာကျင့်သုံးတဲ့ နည်းပညာကတ်နှစ်မျိုးရှိတယ်။ တစ်မျိုးက လက်ရှိ မှတ်ပုံတင်တွေကိုပဲ စမတ်ကတ်ထဲကိုရိုက်ပြီး ပြောင်းထည့်အသုံးပြုတာနဲ့ နောက်တစ်မျိုးက နိုင်ငံသားပဲဖြစ်ဖြစ်၊ နိုင်ငံခြားသားပဲဖြစ်ဖြစ် သူ့ကိုယ်ရေးအချက်အလက်ကို မှတ်တမ်းတင်ထားတဲ့ နံပါတ်ပါတဲ့ကတ်တစ်ခုခုထုတ်ပေးတာမျိုးပေါ့။ အဲဒီနှစ်မျိုးမှာ ဘယ်လိုပုံစံနဲ့သွားမလဲဆိုတာကတော့ လေ့လာတွေ့ရှိချက်အပေါ်မူတည်ပြီးတော့ အစိုးရအဖွဲ့ကို တင်ပြ ရမှာပါ''ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။ ရှေ့ပြေးစီမံချက်သည် မှတ်ပုံတင်အချက်အလက်များကိုကောက်ယူကာ ကွန်ပျူတာအတွင်း ထည့်သွင်းခြင်းဖြစ်ပြီး ကောက်ခံရက်ကို ရက် ၃ဝ သတ်မှတ်ထားသည်။ ထိုသို့ ကောက်ခံခြင်းကို နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင်လည်း မြို့နယ်တစ် မြို့နယ်စီ ရွေးချယ်ကာ အချက်အလက်ကောက် ယူခဲ့ပြီးဖြစ်ကြောင်းသိရသည်။


ZCH

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191