HOT NEWS
Main menu
adv

ဝန်ကြီးချုပ် မန်းဂျော်နီ၏ လက်များ တစ်ပတ်အတွင်း ပုံမှန်ပြန် လှုပ်ရှားလာနိုင်မည်ဟု ရန်ကုန်ဆေးရုံအုပ်ကြီး ဆို

ရန်ကုန်၊ ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်မန်းဂျော်နီ၏လက်များ တစ်ပတ်အတွင်းပုံမှန်ပြန်လည်လှုပ်ရှားလာနိုင်မည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောသည်။ ''အများဆုံးတစ် ပတ်လောက်တော့ ဆေးရုံမှာနေပြီးကုသခံရမယ်။ အဲလောက်ဆိုရင် သူ့လက်တွေ ပုံမှန်အတိုင်းလှုပ်ရှားလာနိုင်မှာဖြစ်ပါတယ်''ဟု ဒေါက်တာအေးကိုကိုက ဒီမိုကရေစီတူဒေးသို့ ဇန်နဝါရီ ၇ ရက်တွင် ပြောသည်။


ဓာတ်မှန်ရိုက် စစ်ဆေးချက်အရ ဝန်ကြီးချုပ်၏ လည်ပင်းရိုးအတွင်းရှိ နာဗ့်ကြောတစ်ခုမှာ အနည်းငယ်ယောင်နေသည်ကိုတွေ့ရကြောင်း၊ ယင်းနာဗ့်ကြောယောင်ခြင်း ကြောင့် လက်လှုပ်ရှား၍မရခြင်းဖြစ်ကြောင်း သိရ သည်။ ''ဒါကြောင့် လက်ကိုအနားပေးဖို့ရယ်၊ ပိုးသတ်ဆေးတွေပေးဖို့ရယ်၊ အယောင်လျော့ တဲ့ဆေးတွေပေးဖို့ရယ် တစ်ပတ်လောက်နေရမယ်။ ကောင်းသွားမှာပါ''ဟု ၎င်းကဆက် လက်ပြောသည်။ ဝန်ကြီးချုပ် အား ဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်တွင် ကုသပေးလျက်ရှိ ကြောင်း သိရသည်။  အက်စီးဒင့်ဖြစ်ပြီးကာစတွင် သတိလစ်သွားခဲ့သော်လည်း ဆေးရုံသို့ရောက်ရှိလာသည့် ဇန်နဝါရီ ၆ ရက် ညနေ ၆ နာရီတွင် သတိရလာကာ စကားပြောနိုင်ခဲ့သလို ယခုအခြေ အနေမှာ ဆေးရုံသို့ရောက်စအခြေအနေထက်သိသာစွာတိုးတက်လာကြောင်းသိရသည်။ ဝန်ကြီးချုပ်မန်းဂျော်နီသည် နေပြည်တော်သို့ အစည်းအဝေးတက်ရန် ဇန်နဝါ ရီ ၆ ရက်က ပုသိမ်မှထွက်ခွာလာရာ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ညောင်တုန်းမြို့နယ် မယ်ဇလီတံတားအုပ်စု ချောင်းလေးကျေးရွာအနီးအရောက် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ် သည်။                                            

MO

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS