HOT NEWS
Main menu
adv
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် တစ်ရက်တည်း ယာဉ်မတော်တဆမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ဦး ဒဏ်ရာရ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် တစ်ရက်တည်း ယာဉ်မတော်တဆမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး နှစ်ဦး ဒဏ်ရာရ

ညောင်ဝိုင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ဇန်နဝါရီ ၃ ရက် ညနေပိုင်းက ယာဉ်မတော်တဆမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိသွားခဲ့ကြောင်း သိရသည်။ စကားအင်း အမြန်လမ်း ရဲစခန်းပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ ဇန်နဝါရီ ၃ ရက် ည ၉ နာရီကျော်ခန့်က ယာဉ်ပေါ်တွင် အမျိုးသားသုံးဦး လိုက်ပါလျက် မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း စောလယ်ထူး (၃၂ နှစ်) အမှတ်(၂)ရပ်ကွက်၊ သံတောင်ကြီးမြို့နယ်နေသူ မောင်းနှင်သော ယာဉ်အမှတ် 2G/.....TOYOTA HILUX အဖြူရောင်ယာဉ်မှာ အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၃၂ မိုင် ငါးဖာလုံနှင့် ခြောက်ဖာလုံအကြား ဝဲဘက်ရှေ့ဘီးပေါက်ရာမှ အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်အား ကာရံထားသော ဘာရီယာတုံးအား တိုက်မိပြီး ပက်လက်လန်တိမ်းမှောက် သွားခဲ့ခြင်းဖြစ်သည်။


ယာဉ်ပေါ် လိုက်ပါလာသူ အမျိုးသားသုံးဦးအနက် ဦးစောဂျိုသွေး (၅၅ နှစ်) သံတောင်ကြီးမြို့နယ် နေသူနှင့် မောင်တီစိန် (၂ဝ နှစ်) သံတောင်ကြီး မြို့နယ်နေသူတို့တွင် (အတွင်းလူနာ) ဒဏ်ရာများ ရရှိသွားခဲ့သည်။ ယာဉ်မောင်းဖြစ်သူ စောလယ်ထူးအား စကားအင်းအမြန် လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ) ၁/ ၂ဝ၁၇၊ ပြစ်မှုပုဒ်မ ၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားသည်။


ယင်းနေ့ ၄ နာရီခန့်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၉၄ မိုင်အနီးတွင် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ငြိမ်းချမ်း(၂၄ နှစ်) လွတ်လပ်ရေး(၂)လမ်း၊ ဝေပူလ ရပ် ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်နေသူ တစ်ဦးတည်းမောင်းနှင်လာသော ယာဉ်အမှတ် ZEL 10...... နံပါတ်တပ်ဆင်ထားသည့် TOYOTA WISH  ခဲနက်ရောင်ယာဉ်မှာ ယာဉ်မောင်း အိပ်ငိုက်ပြီး မောင်းနှင်ရာမှ လမ်းဘေးယာဘက်ဘေးရှိ အလူမီနံယံတန်းအား တိုက်မိတိမ်းမှောက်ပြီး နောက်ရှေ့တွင် အတည့်ပြန်ကျသွားခဲ့ကြောင်း သိရသည်။  ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူအား ပလွေး အမြန်လမ်းမကြီးရဲစခန်းမှ ယာဉ် (ပ)၁/၂ဝ၁၇၊ ပြစ်မှုပုဒ်မ ၂၇၉ အရ အမှုဖွင့်အရေးယူထားသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)

#theflowernews

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS