Main menu
HOT NEWS
adv
စိတ်ကြွဆေးပြားများနှင့် ဘိန်းမည်းများ လက်ဝယ်ထားရှိ ရောင်းချ သုံးစွဲသူအား ဖမ်းဆီး

စိတ်ကြွဆေးပြားများနှင့် ဘိန်းမည်းများ လက်ဝယ်ထားရှိ ရောင်းချ သုံးစွဲသူအား ဖမ်းဆီး

မြို့သစ်

မြို့သစ်မြို့နယ် အိုင်မကျေးရွာတွင် စိတ်ကြွဆေးပြားနှင့် ဘိန်းမည်းများအား လက်ဝယ်ထားရှိ ရောင်းချသုံးစွဲသူ အမျိုးသမီးတစ်ဦးအား ဇန်နဝါရီ ၂ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း မြို့သစ်မြို့မရဲစခန်းမှ သိရသည်။ မြို့သစ်မြို့မ ရဲစခန်းမှ ဒုရဲအုပ်ဝင်းကျော်နှင့်အဖွဲ့သည် မြို့နယ်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါး ဖမ်းဝရမ်းဖြင့် မြို့သစ်မြို့နယ် အိုင်မကျေးရွာနေ ဒေါ်သန်းရီ(၅၈ နှစ်) ၏နေအိမ်၌ မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိ ရောင်းချသုံး စွဲနေကြောင်း သတင်းအရ ဇန်နဝါရီ ၂ ရက် မွန်းလွဲ ၁ နာရီက ဝင်ရောက် ရှာဖွေခဲ့ရာမှ နေအိမ်အပေါ်ထပ်တွင် ဒေါ်သန်းရီနှင့် မောင်ခင်တို့အား ထိုင်နေသည်ကို တွေ့ရှိခဲ့ပြီး မောင်ခင်(၂၂ နှစ်) အိုင်မဲကျေးရွာ မြို့သစ်မြို့ နယ်နေသူမှာ ထွက်ပြေးသွားခဲ့ပြီး ဆက်လက်၍ နေအိမ်တွင်း ရှာဖွေခဲ့ကြောင်း သိရသည်။

 


နေအိမ်အပေါ်ထပ် ကြောင်အိမ်အောက်ခန်းရှိ သစ်သားအံဝှက်ပုံးထဲမှ ပလတ်စတစ်အိတ်ဖြင့်ထည့်လျက် WY စာတမ်းပါ စိတ်ကြွဆေးပြားဟုယူဆရသော ပန်းရောင်ဆေးပြား ၂ဝဝ ပြားပါ အထုပ်နှစ်ထုပ်၊ ၁၃ဝ ပြားပါ တစ်ထုပ်၊ စုစု ပေါင်း ၅၃ဝ ပြားကိုလည်းကောင်း၊ ဘိန်းမဲဟုယူဆရသော ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသည့် အလေးချိန် ၁၈ ကျပ်သားခန့်ရှိသော အထုပ်တစ်ထုပ်၊ ၁၂ ကျပ်သားခန့်ရှိသော အထုပ်တစ်ထုပ်၊ အလေးချိန် တစ်ကျပ်သားခန့်စီပါဝင်သော အထုပ်ရှစ်ထုပ်၊ အလေးချိန် ၆ ဒသမ ၁၂၃ ဂရမ်စီပါသော အထုပ်လေးထုပ်၊ သုံးကျပ်သား၊ အလေးချိန် ၃ ဒသမ ၄၉ ဂရမ်စီပါရှိသော အထုပ်ခုနစ်ထုပ် တစ်ကျပ်ခွဲသား၊ စုစုပေါင်း ဘိန်းမည်းအရွယ်စုံ ၂၁ ထုပ်၊ ဘိန်းမဲအလေးချိန် ၄၂ ဒသမ ၅ ကျပ်သားကိုလည်းကောင်း၊ မူးယစ်ဆေးဝါးအာနိသင် ပါရှိသည်ဟု ယူဆရသည့် အလေးချိန် ၄၈ ဒသမ ၉၉၈ ဂရမ်ခန့်ရှိ ခပ်ပုံ ၃၅ ထုပ်ကို လည်းကောင်း၊ မူးယစ်ဆေးဝါး ရောင်းချသုံးစွဲရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးများအား လက်ဝယ်ထားရှိပြီး ရောင်းချသုံးစွဲသူ ဒေါ်သန်းရီနှင့် ထွက်ပြေး တိမ်း ရှောင်သွားသူ မောင်ခင်တို့နှစ်ဦးအား အရေးယူပေးရန် ဒုရဲအုပ်ဝင်းကျော်မှ တရားလိုပြုတိုင်ကြားခဲ့၍ မြို့သစ်မြို့နယ် မြို့မရဲစခန်းက မယ (ပ)၁/၂ဝ၁၇၊ မူးယစ်ပုဒ်မ ၁၅/၁၆ (ဂ) ၂ဝ(က)/၂၁ ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။

စောလှနွယ်

#theflowernews

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191