Main menu
HOT NEWS
adv
ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အင်းစိန် ဗဟိုအကျဉ်းထောင်မှ ကျောင်းသား၊ ကျောင်းသူ ၃ဝ ဝင်ရောက် ဖြေဆိုမည်

ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အင်းစိန် ဗဟိုအကျဉ်းထောင်မှ ကျောင်းသား၊ ကျောင်းသူ ၃ဝ ဝင်ရောက် ဖြေဆိုမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ယခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အင်းစိန်ဗဟိုအကျဉ်း ထောင်မှကျောင်းသား၊ကျောင်းသူ အယောက် ၃ဝ ဝင်ရောက်ဖြေဆို မည်ဖြစ်ကြောင်း သိရသည်။


ပညာရေးဝန်ကြီးဌာနမှတက္က သိုလ်ဝင်တန်းဖြေဆိုရာတွင်နဝမ တန်းအောင်မြင်ပြီးထားသူများ၊ တက္ကသိုလ်ဝင်တန်းတစ်နှစ်ဖြေဆို ပြီးကျရှုံးထားသူများ၊ တက္ကသိုလ်ဝင် တန်းဖြေဆိုရန် ဖြေဆိုခွင့်မှတ်ပုံတင်ထားသူများ သည် စာမေးပွဲမဖြေဆိုခင်အချိန်တွင် အကျဉ်းထောင်များသို့ ရောက်ရှိနေခြင်းကြောင့် စာမေးပွဲ ဖြေဆိုခွင့်ဆုံးရှုံးခြင်းမရှိစေရန်အတွက် အကျဉ်းကျ ကျောင်းသား၊ ကျောင်းသူများကိုလည်း တက္ကသိုလ်ဝင်တန်းဖြေ ဆိုခွင့် များပေးအပ်ထားရာ ယခုပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အင်းစိန်ဗဟိုအကျဉ်းထောင်သို့ရောက်ရှိနေသော ကျောင်းသား၊ကျောင်းသူအယောက် ၃ဝ ဝင်ရောက်ဖြေဆို မည်ဖြစ်ကြောင်း အင်းစိန်ဗဟို အကျဉ်းထောင်မှ သိရသည်။


''ဒီနှစ်ဖြေဆိုမှာအယောက် ၃ဝ ရှိပါတယ်။ ဟုတ်ပါတယ်။ ဒီနှစ်ကဖြေမယ့်သူများပါတယ်။ သူတို့တစ် တွေအတွက် ဝင်ခွင့်တွေကိုလည်း အားလုံးလုပ်ပေးပြီးသွားပါပြီ။ ဖြေ မယ့်နေရာကတော့ မြို့နယ်ပညာရေး မှူးရုံးက စီစဉ်ပေးတဲ့နေရာမှာသွားပြီး ဖြေရမှာပါ''ဟု အင်းစိန်ဗဟိုအကျဉ်း ထောင်မှတာဝန်ရှိသူတစ်ဦးက ယခု လ ၁ဝ ရက်နေ့တွင် ဒီမိုကရေစီတူ ဒေးသို့အတည်ပြုပြောကြားသည်။ ယခင်နှစ်ကအင်းစိန်ဗဟိုအ ကျဉ်းထောင်မှ တက္ကသိုလ်ဝင်တန်း ဖြေဆိုသော ကျောင်းသား၊ကျောင်းသူများကို အင်းစိန်ဗဟိုအကျဉ်း ထောင်အတွင်းရှိ အမှတ်(၁၃)အခြေခံပညာအလယ်တန်းကျောင်းတွင် စာစစ်ဌာနသီးသန့်ဖွင့်လှစ်ပြီးဖြေဆို စေခဲ့ကြောင်း ယခုနှစ် တွင်လည်း အဆိုပါကျောင်း၌ပင် စာစစ်ဌာနဖွင့် လှစ်ပြီးစာမေးပွဲဖြေဆိုစေမည်ဖြစ် ကြောင်း သိရသည်။


ပညာရေးဝန်ကြီးဌာနနှင့်ပြည်ထဲရေးဝန်ကြီးဌာနတို့၏ပူးပေါင်းမှု အစီအစဉ်ဖြင့် အကျဉ်းထောင်အတွင်းရှိ အကျဉ်းကျ ကျောင်းသား၊ ကျောင်းသူများကို စာမေးပွဲဖြေဆို စေခဲ့ခြင်းကို ၂ဝ၁ဝ ခုနှစ်က စတင် ဆောင် ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ယင်း နှစ်ကတက္ကသိုလ် ဝင်တန်းဖြေဆိုသူ နှစ်ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။ ၂ဝ၁၆ ခုနှစ်ကကျင်းပခဲ့သော တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အကျဉ်းထောင်အတွင်းမှ အကျဉ်းသား ၁၉ ဦးဝင် ရောက်ဖြေဆိုခွင့်ပေး ခဲ့ရာ ၁၁ ဦးအောင်မြင်ပြီးနှစ်ဦးမှာ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့ကြကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။              

ATK

#democracytoday

Rate this item
(1 Vote)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616