Main menu
HOT NEWS
adv
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းသို့ ထွက်ပြေးသွား သည်ဟုဆိုသော ဘင်္ဂါလီများ ပြန်လည်ခေါ်ယူနိုင်ရေး ညှိနှိုင်းဆွေးနွေးမှု စတင်တော့မည်ဟု ဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းသို့ ထွက်ပြေးသွား သည်ဟုဆိုသော ဘင်္ဂါလီများ ပြန်လည်ခေါ်ယူနိုင်ရေး ညှိနှိုင်းဆွေးနွေးမှု စတင်တော့မည်ဟု ဆို

ညီတူး
ရန်ကုန်- ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် မြန်မာနိုင်ငံဘက်မှ ထွက်ပြေးလာသည်ဟုဆို သော ဘင်္ဂါလီများအား စနစ်တကျ စိစစ် အတည်ပြုနိုင်ရေးနှင့် ပြန်လည် ခေါ်ယူရေး ညှိနှိုင်းဆွေးနွေးမှုများ စတင်တော့မည်ဖြစ်ကြောင်း သိရ သည်။

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အထူးကိုယ်စားလှယ် အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် ခေါင်း ဆောင်သောအဖွဲ့သည် ဇန်နဝါရီ ၁၁ ရက်နှင့် ၁၂ ရက် ခရီးစဉ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဝန်ကြီးချုပ် အပါအဝင် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာဟာဆန်မာမွတ်အလီတို့နှင့် တွေ့ဆုံစဉ် ယင်းသို့စတင်နိုင်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
    ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်ခြားစောင့်ရဲစခန်းသုံးခုကို အောက်တိုဘာ ၉ ရက်က အကြမ်းဖက်တိုက်ခိုက်ခံ ရမှုဖြစ်ပြီးေ နာက် မြန်မာနို င်ငံဘက်မှ ထွက်ပြေးလာ သူဟုဆိုသူများအား ပြန်လည်ခေါ်ယူရန် ဘင်္ဂလားဒေ့ရှ်ဘက်မှ တောင်းဆိုသောကြောင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်တင် သွားရောက်ခဲ့ပြီး ၄င်းတို့ကို စနစ်တကျ စိစစ်အတည်ပြုနိုင်ရေး နှင့် ပြန်လည်ခေါ်ဆောင်ရေးလုပ် ငန်းစဉ်များ ဆောင်ရွက်နို င်ရန်အ တွက် ဆွေးနွေးညှိနှိုင်းမှုများ စတင်ရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။
    ဆွေးနွေးမှုများတွင် နှစ် နိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့များ အကြား ဆွေးနွေးမှုများ ပုံမှန်ကျင်းပ သွားရန်နှင့် နယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်း သိမ်းနိုင်ရန် အကြမ်းဖက်သမားများ စိမ့်ဝင်လာမှုအား တားဆီးနိုင်ရေး တို့အတွက် သတင်းအချက်အလက် များ ဖလှယ်ကြရန် သဘောတူခဲ့ ကြကြောင်း သိရသည်။
    ထို့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဝန်ကြီးချုပ်က ဒုတိယဝန်ကြီး ဦးကျော်တင် ခေါင်းဆောင်သည့် အထူးကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ ဆုံစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံကို ဆန့်ကျင်မည့် အကြမ်းဖက်သမားများကို ¤င်း၏ပိုင်နက်နယ်မြေကို အသုံးပြုခွင့်ပေး မည်မဟုတ်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
     ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ရောက်ရှိနေ သော မြန်မာနိုင်ငံဘက်မှ ဘင်္ဂါလီ ဆိုသူများနှင့်ပတ်သက်၍ ယခင် အစိုးရလက်ထက်က စာရင်းကောက် ယူမှုတွင် ၂၄ဝဝ ကျော်သာရှိသည်။

Flower News Journal

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616