Main menu
HOT NEWS
adv
ပုံစံ (၇) ရှိပြီး ရပ်ကျေးချေးငွေ စိစစ်ရေးအဖွဲ့ ထောက်ခံပါက ယာစိုက် တောင်သူများအတွက် စိုက်စရိတ်ချေးငွေ ပေးမည် ဟုဆို

ပုံစံ (၇) ရှိပြီး ရပ်ကျေးချေးငွေ စိစစ်ရေးအဖွဲ့ ထောက်ခံပါက ယာစိုက် တောင်သူများအတွက် စိုက်စရိတ်ချေးငွေ ပေးမည် ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇)ရှိပြီး ရပ်ကျေးအုပ်စုချေးငွေစိစစ်ရေးအဖွဲ့မှ ထောက်ခံပါက ယာစိုက်တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလှကျော်က ပြောသည်။ ဖေဖော်ဝါရီ ၁၆ ရက် အမျိုး သားလွှတ်တော်အစည်းအဝေးတွင် ဦးဘော်ရယ်စိုးဝေက ပဲ၊နှမ်း၊ ပြောင်း စိုက်ပျိုးသော ယာစိုက်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေး ပေးရန်အစီအစဉ်ရှိ၊ မရှိနှင့် ပဲ၊ နှမ်း၊ ပြောင်းဈေးကွက်တည်ငြိမ်ခိုင်မာမှုရှိအောင် မည်သို့ဆောင်ရွက်ပေးမည် ကိုသိလိုကြောင်း မေးမြန်းမှုကို ဒုတိယဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။


''ယာစိုက်တောင်သူများအနေနဲ့ ယာသီးနှံအလိုက်လိုအပ်တဲ့ချေး ငွေတွေကို တင်ပြတောင်းဆိုလာပါက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က စိစစ်ပြီး သတ်မှတ်စည်းမျဉ်းများနဲ့ ကိုက်ညီပါက ချေးငွေများထုတ်ချေး ပေးသွားမည်ဖြစ်ပါတယ်''ဟု ဒုတိယဝန်ကြီးဦးလှကျော်ကပြောသည်။ လယ်ယာမြေလုပ်ပိုင်ခွင့်လက် မှတ်ပုံစံ(၇)ရရှိပြီး ရပ်ကွက်၊ ကျေးရွာ အုပ်စုချေးငွေစိစစ်ရေးအဖွဲ့က ထောက်ခံပါက ချေးငွေထုတ်ချေးပေးနိုင်ကြောင်း ၎င်းကထပ်လောင်းပြောသည်။ သီးနှံများဈေးကွက်ခိုင်မာရေး အတွက် အရည်သွေးကောင်းသီးနှံများစိုက်ပျိုးထုတ်လုပ်နိုင်ရန် သီးနှံ တစ်မယ်ချင်းအလိုက် အရည်အသွေး ကောင်းသီးနှံများ စိုက်ပျိုးထုတ်လုပ် ခြင်းဆိုင်ရာလုပ်ငန်းစဉ်များ ထုတ်ပြန် နိုင်ရေးကို စီမံဆောင်ရွက်လျက်ရှိ ပြီး နိုင်ငံတကာဈေးကွက်ကိုချိတ်ဆက် နိုင်ရေးစီမံဆောင်ရွက်လျက်ရှိသည်။


''စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအနေနဲ့လည်းလယ်ယာထွက်ကုန်၊ ပဲ၊ ပြောင်း၊ နှမ်း တိုးတက်တင်ပို့နိုင်ရေးအတွက် ပို့ကုန် ဆိုင်ရာဖြေလျှော့မှုများဆောင်ရွက် ပေးထားပါတယ်'' ဟု ဒုတိယဝန်ကြီး ဦးလှကျော်ကဆိုသည်။ စိုက်ပျိုးစရိတ်ချေးငွေနှုန်းထားအနေဖြင့် ယခင်ကစပါးတစ်ဧကကို ချေးငွေကျပ်တစ်သိန်းခွဲမှ လက်ရှိအစိုး ရလက်ထက်တွင် တစ်ဧကကျပ်တစ် သိန်းခွဲနှုန်းဖြင့် ၂ဝ၁၆ ခုနှစ်မေလ၌ တိုးမြှင့်ပေးထားပြီး ပဲမျိုးစုံနှင့်နှမ်း၊ မြေပဲအတွက်တစ်ဧကကျပ်နှစ်သောင်း နှုန်းဖြစ်ကြောင်းသိရသည်။ 

 

YM

#democracytdoay

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616