HOT NEWS
Main menu
adv
မြို့ကွက် ဖော်ထုတ်ရေး အဖွဲ့က ချထားပေးခဲ့သော မြေကွက်များတွင် ကိုးလအတွင်း နေထိုင်ခြင်း မရှိပါက အစိုးရ စီမံခန့်ခွဲမြေအဖြစ် သတ်မှတ်သွားမည်ဟု ကြေညာချက် ထုတ်ပြန်

မြို့ကွက် ဖော်ထုတ်ရေး အဖွဲ့က ချထားပေးခဲ့သော မြေကွက်များတွင် ကိုးလအတွင်း နေထိုင်ခြင်း မရှိပါက အစိုးရ စီမံခန့်ခွဲမြေအဖြစ် သတ်မှတ်သွားမည်ဟု ကြေညာချက် ထုတ်ပြန်

မန္တလေး၊ ဖေဖော်ဝါရီ ၁၇

မန္တ လေးမြို့တော်စည်ပင်သာယာရေး ကော်မတီနယ်နိမိတ်အတွင်း မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့မှ ချထားပေးခဲ့သော မြေကွက်များတွင် မြို့တော်အင်္ဂါရပ်နှင့်အညီ စည်းကမ်းသတ်မှတ်ချက်များအတိုင်း နေထိုင်ဆောင်ရွက်သွားကြရန် အသိ ပေးကြေညာချက်ကို ဖေဖော်ဝါရီ ၁၆ ရက်ကထုတ်ပြန်ခဲ့ရာ ဤထုတ်ပြန်သည့်နေ့မှ ကိုးလအတွင်း စည်းကမ်းလိုက်နာခြင်းမရှိသည့် မြေနေရာများအား အစိုးရစီမံခန့်ခွဲမြေအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

မန္တလေးမြို့တော်စည်ပင်သာ ယာရေးကော်မတီနယ်နိမိတ်အတွင်းရှိ မြေကွက်လပ်များအား မြေချထား မိန့်၊ မြေစလစ်မူရင်းလက်ဝယ်ကိုင် ဆောင်ထားပြီး မြေငှားဂရန်မလျှောက်ထားသေးသူသည် မန္တလေးမြို့တော် စည်ပင်သာယာရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ အမြန်ဆုံးမြေငှား ဂရန်လျှောက်ထားကြရန် အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။ ယင်းကဲ့သို့လျှောက်ထားပြီးသူများနှင့် မြေဂရန်လျှောက်ထားရရှိ သူများသည် ဤသတိပေးကြေညာ ထားသည့်နေ့ရက်မှ ခြောက်လအတွင်း အုတ်တံတိုင်း၊ ဝင်းခြံကာရန် ခြင်း၊ အဆောက်အအုံဆောက်လုပ် ခြင်းများအတွက် ဥပဒေ၊ နည်းဥပ ဒေများနှင့်အညီ ခွင့်ပြုမိန့်များရယူ ဆောင်ရွက်ကြရန်၊ ခွင့်ပြုမိန့်ရရှိပြီး နောက်ကိုးလအတွင်းအကောင် အထည်ဖော် ဆောင်ရွက်ကြရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိသည့် မြေကွက်လပ်များကို ပြန်လည်စိစစ်၍ မြေချထားမိန့်၊ မြေစလစ်နှင့်မြေ ငှားဂရန်များကိုပယ်ဖျက်ပြီး အစိုးရစီမံခန့်ခွဲမြေ (အစိုးရမြေ)အဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။


AXE

#democracytdoay

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

FacebookG+TwitterRSS