HOT NEWS
Main menu
adv
ဘုရင့်နောင် ပွဲရုံဝင်းရှိ နောက်ဖေး လမ်းကြားများကို သတ်မှတ်ချိန်အတွင်း မရှင်းလင်းပါက အရေးယူသွားမည် ဟုဆို

ဘုရင့်နောင် ပွဲရုံဝင်းရှိ နောက်ဖေး လမ်းကြားများကို သတ်မှတ်ချိန်အတွင်း မရှင်းလင်းပါက အရေးယူသွားမည် ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ နောက်ဖေးလမ်းကြားများကို ဖေဖော်ဝါရီ ၁၉ ရက် နောက်ဆုံးထားရှင်းလင်းရမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက ဥပဒေအရအရေးယူသွားမည်ဖြစ် ကြောင်းသိရသည်။ ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ နောက်ဖေးလမ်းကြားများတွင် စည်ပင်မြေပေါ်အဖီအဆွယ်များ ဆောက်လုပ်ကျူးကျော်မှု ၁၁ဝ ခုရှိပြီး ယခုအခါ ၂ဝ ခန့်သာရှင်းလင်းရန်ကျန်ရှိကြောင်း စည်ပင်သာယာ ရေးကော်မတီ၊ အခွန်ဌာန၊ ဌာနမှူး ဦးဥာဏ်ထွန်းအောင်(ဘုရင့်နောင်ပွဲရုံဝင်းတာဝန်ခံ)ထံမှ သိရသည်။


''ဖေဖော်ဝါရီ ၁၉ ရက်ဆိုရင်တော့ စီမံချက်ကတစ်လပြည့်ပြီပေါ့။ တစ်လ ကျော်သွားလို့ မလိုက်နာဘူးဆိုရင်တော့ အထက်ကိုတင်ပြပြီး အရေးယူမှုတွေဆောင်ရွက်သွားမှာပါ။ အခုလည်း သိပ်တော့မရှိ တော့ပါဘူး။ တဖြည်းဖြည်းနဲ့တော့ လိုက်နာဆောင်ရွက်ကြပါတယ်။ နောက်ဖေးလမ်း ကြားကျူးကျော်က အားလုံး ၁၁ဝ မှာ ၂ဝ ကျော်ပဲကျန်တော့တယ်။ သူတို့ကိုလည်း ခေါ်ယူပြီးတော့ သေချာရှင်းပြတယ်။ လိုက်နာကြပါတယ်''ဟု ၎င်းက ဖေဖော်ဝါရီ ၁၆ ရက်တွင် ဒီမိုကရေစီတူဒေးသို့ပြောသည်။ ယင်းအပြင် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ တယ်လီဖုန်းကြိုးများသွယ်တန်းထားမှုနှင့်ပတ်သက်၍ စနစ်တကျရှိစေရန် ပြင်ဆင်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ် ကြောင်း ၎င်းကဆက်လက်ပြောသည်။


ဘုရင့်နောင်ပွဲရုံဝင်းအတွင်း ယင်းစီမံချက်များပြီးပါက ဝင်းအတွင်းရှိလုပ်ငန်း ရှင်များ အခွန်ဆောင်မှု ရှိ၊ မရှိ စီမံချက်တစ်ခုချမှတ်ကာ စစ်ဆေးမှုများပြုလုပ်နိုင်ရန်လည်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဦးဥာဏ်ထွန်းအောင်က ပြောသည်။ ဘုရင့်နောင်ပွဲရုံအတွင်း ယာဉ်ကြော ရှင်းလင်းရေး၊ စည်းကမ်းတကျရှိရေး၊ မှုခင်း ကြိုတင်ကာကွယ်ရေးနှင့် ဒုစရိုက်မှုပပျောက် ရေးဟူသော ရည်ရွယ်ချက်သုံးရပ်ဖြင့် ဇန်နဝါရီ ၁၆ ရက်မှစတင်၍ သုံးရက်ကြာစီမံချက်ဖြင့် စစ်ဆေးဆောင်ရွက်မှုများပြုလုပ်ခဲ့ပြီး နောက်ဆက်တွဲစီမံချက်အဖြစ် ဇန်နဝါရီ ၁၉ ရက်မှစတင်ကာ ပွဲရုံနှင့်ဆိုင်ခန်းများ စည်ပင်နယ်နိမိတ်ပေါ်သို့ ကျူး ကျော်ခြင်း၊ ပစ္စည်းများစုပုံခြင်းများနှင့်လုပ်ငန်းလိုင်စင်မလုပ်ရသေးသူများ လုပ်ငန်းလိုင် စင်လုပ်ဆောင်ပေးခြင်းများကို လုပ်ဆောင် နေခြင်းဖြစ်သည်။ 

 

HWA

#democracytdoay

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

FacebookG+TwitterRSS