HOT NEWS
Main menu
adv
ရေနစ်နေသော တူမကို ဆင်းကယ်စဉ် အဒေါ်ဖြစ်သူပါ ရေနစ်သေဆုံး

ရေနစ်နေသော တူမကို ဆင်းကယ်စဉ် အဒေါ်ဖြစ်သူပါ ရေနစ်သေဆုံး

ရွှေဘို၊ ဖေဖော်ဝါရီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ဆင်းကွတ်ရွာ၌ ရေနစ်နေသော ပထမတန်းကျောင်းသူ တူမငယ်ကို ဆင်းကယ်သည့် အဒေါ်ပါ ရေနစ်သေဆုံးမှု ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၁၁ နာရီက ဖြစ်ပွားခဲ့ကြောင်း ရွှေဘိုမြို့မ ရဲစခန်းမှ သိရသည်။

 

ရွှေဘိုမြို့နယ် ဆင်းကွတ်ရွာနေ ခုနစ်နှစ်အရွယ် ပထမတန်းကျောင်းသူနှင့် (၄၅)နှစ်အရွယ် အဒေါ်တို့ မှာ ရွာထိပ်ချောင်းအတွင်း အဝတ် လျှော်နေစဉ် တူမဖြစ်သူမှာ ရေထဲ ဆင်းချိုးခိုက် ရေနစ်သွား၍ အဒေါ်မှ လိုက်ဆယ်ရာ နှစ်ဦးစလုံးနစ်သဖြင့် အနီးအနားမှ ဝိုင်းဆယ်ပြီး ရွှေဘိုဆေးရုံသို့ ပို့ခဲ့ကြသည်။
ယင်းသေဆုံးမှုကို ဓမ္မတာအတိုင်းရေနစ်သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေးနိုင်ရန် ရွှေဘိုမြို့မရဲစခန်းတွင် သေမှုသေခင်း ၅/၂ဝ၁၇ ဖြင့် အမှုရေးဖွင့်ပြီး စုံစမ်းနေကြောင်း သိရသည်။


KTS

#democracytdoay

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Latest from M ဘွယ်

Login to post comments
back to top
adv

adv

FacebookG+TwitterRSS