Main menu
HOT NEWS
adv
သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပါဝင်သည့် လုပ်ကြံရန် ကမ်းလှမ်းမှုအပေါ် ပြန်လည် ဆက်သွယ်ခဲ့သည် ဆိုသည့် ထွက်ချက်နှင့် ပတ်သက်၍ စိုးရိမ်မှုမရှိဟု ဦးအောင်စိုး ဆို

သမ္မတရုံး၏ သတင်းထုတ်ပြန်ချက်တွင် ပါဝင်သည့် လုပ်ကြံရန် ကမ်းလှမ်းမှုအပေါ် ပြန်လည် ဆက်သွယ်ခဲ့သည် ဆိုသည့် ထွက်ချက်နှင့် ပတ်သက်၍ စိုးရိမ်မှုမရှိဟု ဦးအောင်စိုး ဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

နိုင်ငံတော်သမ္မတရုံး၏သတင်းထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သည့် လုပ်ကြံရန် ကမ်းလှမ်းမှုအပေါ် ပြန်လည်ဆက်သွယ်ခဲ့သည်ဆိုသည့် ထွက်ချက်အပေါ်စိုးရိမ်မှုမရှိကြောင်း ဖေဖော်ဝါရီ ၁၆ ရက်တွင် ဦးအောင်စိုးက ပြောသည်။

 

ဖေဖော်ဝါရီ ၁၅ ရက် နိုင်ငံ တော်သမ္မတရုံး၏သတင်းထုတ်ပြန်ချက်အပိုဒ် ၃ တွင် ''ပြစ်မှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်သူတရားခံ အောင်ဝင်းဇော်အား ကနဦးစစ်ဆေး ဖော်ထုတ်ချက်အရ ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ရန်ငွေပေး၍ ခိုင်းစေသူမှာ ၎င်း၏ညီဖြစ်သူ အောင်ဝင်းခိုင်ဖြစ်ကြောင်း၊ ၂ဝ၁၆ ခုနှစ် ဇူလိုင် လအတွင်း အောင်ဝင်းခိုင်မှ ငွေကျပ်သိန်း ၁ဝဝဝ ပေးမည်ပြောပြီး ဦးကို နီအားသတ်ဖြတ်ရန် ခိုင်းစေခြင်းဖြစ် ကြောင်း၊ စရန်ငွေအဖြစ် ငွေကျပ်သိန်း ၁ဝဝ ပေးအပ်ခဲ့ကြောင်း၊ အောင်ဝင်းခိုင်ထံမှ ကမ်းလှမ်းချက်အရ လုပ်ကြံပေးနိုင်မည့်သူကို ရှာဖွေခဲ့ ကြောင်း၊ ရှေးဦးစွာ အင်းစိန်တွင် နေထိုင်သူ အောင်စိုးအား သွားရောက် တွေ့ဆုံကမ်းလှမ်းခဲ့ကြောင်း၊ နောက်ပိုင်းတွင် အောင်စိုးထံမှဆက်သွယ် လာခဲ့သော်လည်း သတ်ပေးရမည့် သံတမန်ပြန်သွားပြီဟုပြောကာ လမ်းစဖြတ်ခဲ့ကြောင်း''ဟု ဖော်ပြထားခြင်း ဖြစ်သည်။ သတ်ပေးရမည့်သံတမန် ပြန် သွားပြီဟုပြောကာ လမ်းစဖြတ်ခဲ့ ကြောင်းဆိုသည့်စာသားမှာ ၎င်းအ ပေါ်တစ်မျိုးမြင်နိုင်ကြောင်း ဦးအောင်စိုးကပြောသည်။


''နောက်ပိုင်းတွင် အောင်စိုးထံမှဆက်သွယ်လာခဲ့သော်လည်းဆိုတော့ ကျွန်တော်ကပဲ ဒီအလုပ်ကို လုပ်ချင်လို့ ဆက်သွယ်သလိုမျိုး။ မဟုတ်ပါဘူး။ သူကမ်းလှမ်းတာကို ကျွန်တော်ငြင်းပယ်ပြီးနောက်ပိုင်း တစ်ပတ်အတွင်း သူကျွန်တော့်ကို ဖုန်းနှစ်ကြိမ်၊ သုံးကြိမ်ဆက်သွယ်တယ်။ စဉ်းစားပြီးပြီလားပေါ့။ ကျွန် တော်မလုပ်ချင်လို့ ဝေ့လည်ကြောင် ပတ်ဖြေခဲ့တယ်။ အဲဒါ နောက်တစ်ပတ်လောက်ကြာသွားတယ်။ နောက်တော့ ကျွန်တော်စဉ်းစားတယ်။ ဒီ ကောင့်နောက်ကွယ်မှာ အဖွဲ့အစည်းရှိရမယ်။ ငွေကြေးတွေ ဒီလောက် သုံးပြီးလုပ်မယ့်ဟာ ကျွန်တော်တို့ နိုင်ငံမှာ ဒါမျိုးမရှိခဲ့ဘူးလေ။ ရှိလဲမရှိသင့်ဘူး။ ဖော်ထုတ်ချင်တဲ့စိတ် ဆန္ဒနဲ့ သူ့ဆီကိုဖုန်းခေါ်ကြည့်တယ်။ ဖုန်းမကိုင်ဘူး။ အဲဒီကတည်းက ပြတ်သွားတာ။ ဒါကြောင့် သမ္မတရုံးရဲ့ သတင်းထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ကျွန်တော်က ကျွန်တော့်အတွက် ဘာမှစိုးရိမ်စရာမရှိပါဘူး''ဟု ၎င်းကပြောသည်။ ဖေဖော်ဝါရီ ၁၅ ရက်ထုတ်ပြန်ချက်တွင် ကြည်လင်းကို ခိုင်းစေသူ အောင်ဝင်းဇော်အား ကနဦးစစ်ဆေး ဖော်ထုတ်ချက်အရ ၎င်း၏ညီဖြစ်သူ အောင်ဝင်းခိုင်မှ ကျပ်သိန်း ၁ဝဝဝ ပေးမည်ဟုဆိုကာ လုပ်ကြံခိုင်းခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။ အောင်ဝင်းခိုင်သည် တပ်မတော်၌ ဒုတိယဗိုလ်မှူးကြီးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် မိမိသဘောဆန္ဒအလျောက်နုတ်ထွက်ခဲ့သူတစ်ဦးဖြစ်ကြောင်းသိရသည်။ အောင်ဝင်းခိုင်မှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်။


SMO

#democracytdoay

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616