Main menu
HOT NEWS
adv
တောင်ဒဂုံယောက်ကော်ပန်းခြံရှေ့တွင် နေအိမ်တစ်လုံး အိမ်တိုင်ပါမကျန် ဖြုတ်ခိုးခံရ

တောင်ဒဂုံယောက်ကော်ပန်းခြံရှေ့တွင် နေအိမ်တစ်လုံး အိမ်တိုင်ပါမကျန် ဖြုတ်ခိုးခံရ

ရန်ကုန် ၊ မတ် ၁၈-တောင်ဒဂုံမြို့ နယ်၊ ပြည်ထောင်စုလမ်းမ၊ ယောက် ကော်ပန်းခြံရှေ့တွင် နေအိမ်တစ်လုံး အိမ်တိုင်ပါမကျန် အလုံးလိုက် ခိုးယူ ခံရကြောင်း သိရသည်။ ဖြစ်စဉ်မှာတောင်ဒဂုံမြို့နယ်၊ (၂၅)ရပ်ကွက် အပိုင်(၁)ပြည်ထောင် စုလမ်းမ၊ ယောက်ကော်ပန်းခြံရှေ့ရှိ ဦးလူမော်နှင့်ဒေါ်စိမ့်တို့ပိုင် ဆိုင်သည့် ပျဉ်းကတိုးသားဖြင့် ဆောက်လုပ်ထား သည့် သစ်သားအိမ်ကို မတ် ၁၇ ရက် က အမည်မသိ လူခုနစ်ဦးခန့်က နံနက် ၉ နာရီမှညနေအထိ အိမ်ဖျက်ကိရိ ယာများနှင့် လာရောက်ဖျက်ဆီးသွား ပြီးပစ္စည်းများအား ကားဖြင့်သယ် ဆောင်သွားကြောင်း သိရသည်။

တောင်ဒဂုံမဲဆန္ဒနယ် အမှတ်(၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဦးညီညီက  " ကျွန်တော့်မြို့နယ် မှာ ဖြစ်သွားတဲ့ ထူးခြားဖြစ်စဉ်ပါ။ အိမ် ရှင်တွေတစ်ရက်လောက်လေးပဲမသိ လိုက် တာ ဒီနေ့ကြည့် လိုက်တော့တော် တော်အံ့သြသွားကြ တယ်။ ဘေးပတ် ဝန်းကျင်အိမ်တွေတော့ တောက် လျှောက်ရှိပါတယ်။ ဖျက်သွားတဲ့ သူ တွေက အဲဒီအိမ်မှာလူနေလေ့နေထ မရှိတဲ့ သဘော ကို သိထားပုံရတယ်။ဘေးပတ်ဝန်းကျင်ကလည်း အခုလို အေးအေးဆေးဆေး လာဖျက်တယ် ဆိုတော့ အိမ်ရှင်ရဲ့ခွင့်ပြုချက်ရတယ် လို့ပဲသိတာပေါ့။ ရိုးရိုးတန်းတန်းအိမ် ထဲဝင်ခိုးတဲ့ ကိစ္စကနေ အိမ်အလုံးလိုက် ပါဖြုတ်ယူပြီးတော့ ခိုးတယ်ဆိုတဲ့အ ဆင့်က ပြည်သူတွေအတွက်တပ်လှန့်  စရာတစ်ခုလိုဖြစ်တာပေါ့။ အကုန်လုံး ကလည်း တုန်လှုပ်ချောက် ချားတာပေါ့။  ဒါကဥပဒေ စိုးမိုး ရေးကို အများကြီး ထိခိုက်စေပါတယ် " ဟု မတ် ၁၈ရက် က ဒီမိုကရေစီတူဒေးသို့ပြောသည်။

HLossအိမ်တိုင်ပါ မကျန် ခိုးယူခံလိုက်ရသည့် အိမ်ကိုတွေ့ရစဉ် ။ ဓာတ်ပုံ  - LUMAW

အဆိုပါအခိုးခံရသော အိမ်သည် အလျားပေ ၂၀ ၊အနံပေ ၅၀ ရှိပြီး ကာလပေါက်ဈေးကျပ်သိန်း ၅၀ ခန့် ရှိကြောင်း အိမ်ပိုင်ရှင်ဖြစ်သူဒေါ်စိမ့်  ကပြောသည်။ အိမ်ပိုင်ရှင်ဖြစ်သူဒေါ်စိမ့် က "ဖျက်သွားတဲ့အချိန်တုန်းက ဘေး ပတ်ဝန်းကျင်ကလူတွေလည်း မြင်ပါ တယ်။ အိမ်ရှင်ရဲ့ခွင့်ပြုချက်နဲ့ လာ ဖျက်တယ်လို့ထင်တာပေါ့။ ဒီအိမ်မှာ တော့မနေပါဘူး။ ဧည့်သည်တွေကို ပေးတည်း ဖို့ထား တာပါ။ နေ တာက တော့ ပြည်ထောင် စု လမ်းမပေါ်မှာရှိ တဲ့ နေအိမ်မှာနေပြီးဆိုင်ဖွင့်ထားပါ တယ်။ ဒီအိမ်လေးကိုတော့အမြဲတမ်း လာ ကြည့်နေကျပါ။ မနေ့က တစ် ရက်လောက်ပဲ ဒီရှေ့ကို မဖြတ်ဖြစ်တာ ပါ။ ဒီလောက်ထိအတင့်ရဲမယ်လို့ လည်းမထင်ပါဘူး။ ဒီနေ့မွန်းလွဲ ၁ နာရီပတ်ဝန်းကျင်မှာလာကြည့်တဲ့ အချိန်မှာတော့ ဘာမှမရှိတော့ပါဘူး " ဟု ဒီမိုကရေစီတူဒေး သို့ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီးအိမ်ရှင်ဖြစ်သူက တောင်ဒဂုံရဲစခန်း တွင်အမှုဖွင့်သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်ပြီး တောင် ဒဂုံမြို့နယ် (၂၅) ရပ်ကွက်၊ အပိုင်(၁) ရာအိမ်မှူးဦးလှစိုးဝင်းက " မနေ့ကအ လုပ်သမားတစ်ယောက်က ကျွန်တော် တို့အိမ်မှာရေသန့်လာဝယ်တယ်။ အိမ် ဖျက်တဲ့ အလုပ်သမားတွေကိုတိုက်မ လို့ဆိုပြီးပြောတယ်။ အမိုးမပါတဲ့ကား ကြီးကိုရပ်ထားပြီးဖျက်နေတာကိုတွေ့ ပါတယ်" ဟုဒီမိုကရေစီတူဒေး သို့ ပြောသည်။   

WYHW/Democracytoday

Rate this item
(0 votes)
System

ရန်ကုန် မီဒီယာဂရုပ်သည် ရန်ကုန်တိုင်းမ် နှင့် ဖလားဝါးနယူးစ် တို့ကို အပတ်စဉ်ထုတ်ဝေလျက်ရှိပြီး အွန်လိုင်းသတင်းကဏ္ဍများကို အများပြည်သူသိရှိနိုင်စေရန် အစဉ်တစိုက်တင်ဆက်လျက်ရှိပါသည်။ ယခု အခါ ရန်ကုန်မီဒီယာဂရုပ်၏ သတင်းများကို MPT Web Portal ဖြစ်သည့် lotayamm.com တွင်လည်း ဖတ်ရှုနိုင်ပြီဖြစ်သည်။

Logos

Website: www.theyangontimes.com

Latest from System

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191