Main menu
HOT NEWS
adv
နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

နတ်မောက် မတ် ၁၈

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၁၈ ရက် နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးမှူး ဒေါ်ဥမ္မာခင်က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းခြင်းဖြင့်လည်းကောင်း၊ ကုလားရှင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှက မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ ကျင်းပသော စတုတ္ထအကြိမ်မြန်မာနိုင်ငံ စာကြည့်တိုက်မှူးများ ညီလာခံ (၂၀၁၇ခုနှစ်) တက်ရောက်ခဲ့ရသည့် အတွေ့အကြုံများအား ရှင်းလင်းပြောကြား ခဲ့သည်။

 

ထို့နောက် ရပ်ကွက်ကျေးရွာ စာကြည့်တိုက်မှူးများမှ မိမိတို့ကျေးရွာတွင် ဆောင်ရွက်ရသည့် အခက်အခဲများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး နတ်မောက်မြို့နယ် ကျေးရွာများရှိစာကြည့်တိုက်များ ရှင်သန်ခိုင်မာစေရန် တက်ရောက် လာကြသည့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ စာကြည့်တိုက်မှူးများနှင့် ပရဟိတအဖွဲ့တို့ဖြင့် ကွန်ယက် ကော်မတီများ ရွေးချယ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 

 

Last modified onSunday, 19 March 2017 18:42
Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616