Main menu
HOT NEWS
adv
ကျောက်တော်မြို့ရှိ စက်သုံးဆီဆိုင် မီးလောင်မှုတွင် ကျပ်သိန်း ၄၉ဝဝ ဖိုး ဆုံးရှုံး

ကျောက်တော်မြို့ရှိ စက်သုံးဆီဆိုင် မီးလောင်မှုတွင် ကျပ်သိန်း ၄၉ဝဝ ဖိုး ဆုံးရှုံး

မင်းပြား

ရခိုင်ပြည်နယ် ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက် မြို့အဝင်လမ်းပေါ်ရှိ စက်သုံးဆီ ဆိုင်တစ်ဆိုင်တွင် မတ် ၁၅ ရက် ည ၆ နာရီခွဲက မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၄၉ဝဝ ကျော်ရှိခဲ့ကြောင်း ကျောက်တော် မြို့မရဲစခန်းမှ သိရသည်။ အဆိုပါဆီဆိုင်တွင် ဆီ ဘောက်ဆာယာဉ်မှာ ဆီပီပါထဲသို့ ဆီဖြည့်သွင်းနေစဉ် မီးစတင်လောင် ကျွမ်းရာမှ အနီးအနားသို့ ကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး စက်သုံး ဆီဆိုင် ၄၁ ဆိုင်၊ ဆိုင်ကယ်ပြင် ဆိုင်တစ်ဆိုင်၊ လက်ဖက်ရည်ဆိုင် တစ်ဆိုင်၊ ကားဝပ်ရှော့ဆိုင်တစ်ဆိုင် စုစုပေါင်း ၄၅ ဆိုင် မီးကူးစက် လောင်ကျွမ်းခဲ့ပြီး သိုလှောင်ထားသည့် စက်သုံးဆီ ပီပါ ၅ဝဝဝ ကျော်ခန့် မီးလောင်ပေါက်ကွဲခဲ့ကြောင်း သိရသည်။


''ကျွန်တော်တို့ အခု မီး လောင်ပြင်သန့်ရှင်းရေးတွေ ဆောင် ရွက်နေတယ်။ မီးလောင်မှုဖြစ်တာက ဆီဘောက်ဆာကားကနေ ဆီပီပါထဲ ဆီထည့်ပေးတဲ့အချိန်ကစပြီး မီးလောင်မှုဖြစ်ပွားတာပါ။ ဆီထည့်တဲ့ပိုက်ခေါင်းနဲ့ ဆီထည့်တယ်။ ဆီထည့်တဲ့အချိန်မှာ တုန်ခါမှုဖြစ်ပြီး တော့ ပိုက်ခေါင်းနှင့် ဆီပီပါအဝ ပွတ်တိုက်ပြီး မီးစလောင်ခဲ့တာပါ။ ဦးထွန်းမြင့်ဆီဆိုင်ကနေ စပြီးလောင် ကျွမ်းခဲ့တာပါ။ မီးလောင်လွယ်တဲ့ ပစ္စည်းကို ပေါ့ဆစွာ အသုံးပြုမှု ကြောင့် မီးလောင်ကျွမ်းသွားတာပါ။ အခုအမှုဖွင့်ပြီးပါပြီ''ဟု ကျောက် တော်မြို့မရဲစခန်းမှ စခန်းမှူး ဦးစိုးလှိုင်က ပြောသည်။ မီးလောင်မှုဖြစ်စဉ်တွင် စက်သုံးဆီပီပါများ ပေါက်ကွဲမှု ကြောင့် ပြည်သူများ ဝိုင်းဝန်းမီးငြှိမ်း သတ်ပေးရန် ခက်ခဲခဲ့ပြီး မီးလောင် ပြင်အနီးသို့ ကပ်မရဖြစ်နေခဲ့သော်လည်း ည ၉ နာရီ ၁၅ မိနစ်တွင် အပြီးသတ် မီးငြှိမ်းသတ်နိုင်ခဲ့ကာ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း သိရသည်။


အဆိုပါမီးလောင်မှုကို ကျောက်တော် မြောက်ဦးမြို့နယ်များမှ မီးသတ်ယာဉ် ငါးစီး၊ မီးသတ် အင်အား ၃ဝ ခန့်၊ ရဲတပ်ဖွဲ့ဝင်များ နှင့် တပ်မတော်သားများ ပူးပေါင်း မီးငြှိမ်းသတ်ခဲ့ပြီး မီးလောင်ရာသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ညတွင်းချင်း လာရောက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါမီးလောင်မှုကို မီးစတင်လောက်ကျွမ်းခဲ့သည့် ဆီဆိုင်မှ ဆီဆိုင်ပိုင်ရှင် ဦးထွန်းမြင့်ကို ကျောက်တော်မြို့မရဲစခန်းတွင် (ပ)၉၂/၁၇၊ ရာဇသတ်ကြီး ပြစ်မှု ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်လှစ်ထား ကြောင်း သိရသည်။

 

ပန်လှအောင်(MMK)

#theflowernews

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616