Main menu
HOT NEWS
adv
ဖြူးမြို့နယ် အမြန်လမ်းမကြီးတွင် တရားမဝင် ပျဉ်းကတိုး သစ်များ ကားနှင့်အတူ ဖမ်းဆီးရမိ

ဖြူးမြို့နယ် အမြန်လမ်းမကြီးတွင် တရားမဝင် ပျဉ်းကတိုး သစ်များ ကားနှင့်အတူ ဖမ်းဆီးရမိ

ဖြူး

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၁၁၇/ဝ)အနီးတွင် မတ် ၁၅ ရက် နံနက် ၁ နာရီခန့်က တရားမဝင် ပျဉ်းကတိုးသစ်များ တင် ဆောင်လာသော ကားတစ်စီးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ တရားမဝင်သစ်များ တင်ဆောင်လာသော ယာဉ်အမှတ် 8F/---- NISSAN ခြောက်ဘီးမော် တော်ယာဉ်တစ်စီး မောင်းနှင်ထွက် ပြေးလာကြောင်း သတင်းအရ ဖြူး မြို့နယ်ရှိ သစ်တောဌာနမှ တာဝန်ရှိသူများနှင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့မှ သွားရောက်ဖမ်းဆီး ရာ မိုင်တိုင်အမှတ်(၁၁၇/ဝ)အနီး တွင် ကားအား ရပ်တန့်ထားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့ ကြောင်း သိရသည်။


ယာဉ်ပေါ်တွင် ပျဉ်းကတိုး စကွဲးယားဆိုဒ်စုံ ခန့်မှန်း (၃ ဒသမ ၃ဝဝ၆)တန်ခန့်ပါရှိပြီး သစ်တင်ဆောင်လာသူများနှင့် ပိုင်ရှင်ဖြစ်သူအား ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။  ''ယာဉ်မောင်းကတော့ ထွက်ပြေးသွားပါတယ်။ လောလောဆယ် ဖမ်းမိတဲ့သစ်တွေကို တိုင်းနေပါတယ်''ဟု မြို့နယ်သစ်တောဝန် ထမ်းတစ်ဦးက အတည်ပြုဖြေကြား ပေးခဲ့သည်။

 

ဖြိုးကိုလင်း

#theflowernews

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191