Main menu
HOT NEWS
adv
ကြားဖြတ် ရွေးကောက်ပွဲ အတွက် ကြိုတင်မဲ မတ် ၂၂ ရက်မှ စတင်ပေးနိုင်

ကြားဖြတ် ရွေးကောက်ပွဲ အတွက် ကြိုတင်မဲ မတ် ၂၂ ရက်မှ စတင်ပေးနိုင်

မုံရွာ

ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အမတ်အား ရွေးချယ်မဲပေးရမည့် မုံရွာ မြို့နယ်တွင် ကြိုတင်မဲများကို မတ် ၂၂ ရက်မှ ၃၁ ရက်အထိ နံနက် ၈ နာရီမှ ည ၆ နာရီ အတွင်း မိမိနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံတွင် မဲပေး နိုင်ပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သိရသည်။


ရပ်ကွက်ကျေးရွာများရှိ သက်ကြီးရွယ်အိုများ၊နာမကျန်းသူများ၊ ဆေးရုံတက် နေရသူများ၊ အချုပ်ကျနေသူများ၊ ရွေးကောက်ပွဲနေ့တွင် ခရီးသွားမည့်သူများသည် ခိုင်လုံ သောအကြောင်းပြချက်ဖြင့် မတ် ၃ဝ ရက်နှင့် ၃၁ ရက်တို့တွင် ကြိုတင်မဲပေးနိုင်မည်ဖြစ်သည်။ ''မတ် ၂၂ ရက်မှ စပေးရမှာက ဝန်ထမ်းအများစု ပေါ့။ ဒီနေရာမှာ ခရီးဝေးတဲ့ ရပ်ကွက်၊ ကျေးရွာကော်မရှင် အဖွဲ့ခွဲတွေအနေနဲ့ မဲရုံကိုမလာနိုင်တဲ့ ဆေးရုံတက်နေရတဲ့သူ တွေ၊ အချုပ်ကျနေတဲ့သူတွေကို မတ် ၂၂ ရက်ကတည်းက ကြိုတင်မဲပေးခိုင်းလို့ရပါတယ်။ ပုံမှန်ဆို သူတို့က မတ် ၃ဝ ရက် မှပေးလို့ရမှာပါ''ဟု တိုင်းဒေသကြီး ရွေးကောက်ပွဲအဖွဲ့ခွဲရုံး အရာရှိ ဦးအောင်မျိုးလွင်က ပြောသည်။


ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီ ၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မုံရွာမြို့ မဲဆန္ဒနယ်တွင် ရပ်ကွက်ပေါင်း ၃၁ ရပ်ကွက်၊ ကျေးရွာပေါင်း ၁၇၁ ရွာ နှင့် မဲပေးခွင့်ရှိသူ ၂၄၉ဝ၄၈ ဦး ရှိပြီး မဲရုံပေါင်း ၁၅၉ ရုံကိုထားရှိသွားမည်ဖြစ်ကြောင်းသိရသည်။ မုံရွာတွင် မဲစာရင်းလာကြည့်သူဦးရေ နည်းပါးနေ ခြင်းအား မဲစာရင်းများ လာကြည့်ရန်နှင့် မဲရုံများသို့ မဲလာ ပေးရန် ကမ်ပိန်းတစ်ခုပြုလုပ် မည်ဖြစ်ကြောင်း ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာမည့် Chindwin Institude မှ မုံရွာ တာဝန်ခံ ကိုစိုးဝင်းဆွေက ပြောသည်။

 

အောင်နိုင်

#theflowernews

Last modified onMonday, 20 March 2017 14:17
Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191