Main menu
HOT NEWS
adv

သင်္ကြန်ပိတ်ရက် ကားလက်မှတ်များ သတ်မှတ်နှုန်းထက် ပိုရောင်းပါက ထိရောက်စွာ အရေးယူမည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်ပြော၊ မူရင်းဈေးထက် ဈေးပိုတင်ရောင်းချခြင်း ရှိ၊ မရှိ သေချာစောင့်ကြပ် အရေးယူသင့်ဟု ခရီးသည်များ ဆို

ရန်ကုန် မတ် ၂၅

ခရီးသည်အများဆုံးကာလများဖြစ်သည့် သင်္ကြန်ပိတ်ရက် ကာလများတွင် အဝေးပြေးလက်မှတ်ခဈေးနှုန်းများကို သတ်မှတ်နှုန်းထား ထက်ပိုရောင်းသည့်ကားဂိတ်များ ကိုထိထိရောက်ရောက်အရေးယူသွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောသည်။ သင်္ကြန်ကာလအတွင်းရန်ကုန် တိုင်းဒေသကြီးမှပြည်နယ်နှင့်တိုင်း ဒေသကြီးအသီးသီးသို့ သွားလာကြမည့်ခရီးသည်များအဆင်ပြေချောမွေ့ စေရေးအတွက် အဝေးပြေးယာဉ်လိုင်းများမှကားများကို တိုးမြှင့်ပြေးဆွဲပေးရန်ဆောင်ရွက်ထားပြီး လက်မှတ်ခ ဈေးနှုန်းများကိုလည်း တိုးမြှင့်ရောင်းချသည့်ဂိတ်များကို တိုင်ကြားပါက ထိရောက်စွာအရေးယူသွားမည်ဖြစ် ကြောင်းသိရသည်။

Read more...

အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ဒုတိယနှစ် ကျောင်းသား တစ်ဦး ကေတီဗွီ၌ ဒဏ်ရာမဲ့သေဆုံး

ရန်ကုန်၊ မတ် ၂၄

လမ်းမတော်မြို့နယ်ရှိ POPULAR KTV တွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) မှ ဒုတိယနှစ်ကျောင်းသားတစ်ဦး ဒဏ်ရာမဲ့သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

Read more...

အဆင့်မြင့် ပညာကဏ္ဍရှိ စာစစ်ခနှုန်းထားများနှင့် စာမေးပွဲဆိုင်ရာ လုပ်ငန်းများအတွက် တာဝန်ထမ်းဆောင်သူများကို ချီးမြှင့်ငွေနှုန်းထားများ တိုးမြှင့် သတ်မှတ်ပေး

ရန်ကုန်၊ မတ် ၂၄

အဆင့်မြင့်ပညာ ကဏ္ဍရှိစာစစ်ခနှုန်းထားများနှင့် စာမေးပွဲဆိုင်ရာ လုပ်ငန်းများအတွက် တာဝန်ထမ်းဆောင်သူများကို ချီး မြှင့်ငွေနှုန်းထားများ တိုးမြှင့်သတ်မှတ်ပေးလိုက်ကြောင်းသိရသည်။ အဆင့်မြင့်ပညာကဏ္ဍ၏ ပညာရေးအဆင့်အတန်းမြင့်မားရေး နိုင်ငံတကာ အဆင့်မီတက္ကသိုလ် များဖြစ် ရေးအတွက်ဆောင်ရွက်ရာတွင် လက်ရှိသတ်မှတ်ခွင့်ပြုထားသော လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ ချီးမြှင့်ငွေနှုန်းထားများကို ပြန်လည်ပြင်ဆင်ပြီးနှုန်းထားများဖြင့် တိုးမြှင့်ချီးမြှင့်ရန်သတ် မှတ်လိုက်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှသိရသည်။

Read more...

ထိုင်းတွင် CI လျှောက်ထားသူ မြန်မာလုပ်သား သုံးသောင်းကျော်ရှိ

ရန်ကုန်၊ မတ် ၂၄

CI စတင်ပြုလုပ် ခွင့်ပေးခဲ့သည့် မတ် ၃ ရက်မှစ၍ ရက်ပေါင်း ၂ဝ ကျော်အတွင်း CI လျှောက်ထားသူ မြန်မာနိုင်ငံသား သုံးသောင်းကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံတွင် ယာယီနေထိုင် ခွင့်ကတ် (ပန်းရောက်ဘတ်ကတ်)ကိုင် မြန်မာလုပ်သား ရှစ်သိန်းခန့်အတွက် မြန်မာအစိုးရက သက်တမ်း လေးနှစ်ရှိ CI (မည်သူမည်ဝါဖြစ် ကြောင်း သက်သေခံလက်မှတ်)စာအုပ်များကို ထိုင်းနိုင်ငံအတွင်း စုစုပေါင်း စခန်းခြောက်ခုဖွင့်လှစ်၍ မတ် ၃ ရက်မှစတင်ကာ ထုတ်ပေးနေ ခြင်းဖြစ်ကြောင်း အလုပ်သမားညွှန် ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ် ဦးမောင်မောင်ကျော်က ပြောသည်။

Read more...

စစ်ကိုင်းတိုင်း ဒေသကြီးတွင် လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ကဏ္ဍ နှစ်ရပ်လုံး အားနည်းနေ

နေပြည်တော်၊ မတ် ၂၄

လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး လျှပ်စစ်မီးရလျှင်အလုပ်အကိုင်အခွင့်အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ ယနေ့ နံနက် ၁ဝ နာရီတွင် နေ ပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ် တော်အစည်းအဝေးခန်းမ၌ကျင်းပသောစစ်ကိုင်းတိုင်းဒေသကြီးအတွင်းအသေးစားရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်မည့်စီမံကိန်းအ ကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့်လမ်းပန်းဆက်သွယ်ရေးဆိုင်ရာများနှင့်စပ်လျဉ်းသည့်ညှိနှိုင်းအ စည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တက်ရောက်အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616