Main menu
HOT NEWS
adv

SEAMEO အောင်စာရင်း မေလ ၅ ရက်နေ့ ထုတ်ပြန်မည်

ရန်ကုန်၊ မေ ၂

အရှေ့တောင်အာရှပညာရေးဝန်ကြီးများအဖွဲ့ ဒေသဆိုင်ရာသမိုင်းနှင့်ရိုးရာဓလေ့ဌာန SEAMEO CHAT မှ ဖွင့်လှစ်သည့် Chat Communication in English Course, Basic Level-1 (2/2016) အောင် စာရင်းကို မေ ၅ ရက်နေ့တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။  အဆိုပါသင်တန်းအား ပထမဆုံး လာရောက်လျှောက်ထားသော လူဦးရေ ၂ဝဝ ကျော်ကို ဦးရာစနစ် ဖြင့် သင်တန်းဝင်ခွင့် Request Form များကို SEAMEO CHAT Facebook စာမျက်နှာမှတစ်ဆင့် ဒေါင်းလုပ်ရယူပြီးလျှောက်ထားနိုင်ကြောင်း ကြေညာခဲ့ရာ ယင်းသင်တန်း၏ Placement Test ကိုဖြေဆိုခွင့်ရရှိသူ ၂၄ဝ ကျော်ရှိခဲ့ကြောင်း၊ ၎င်းတို့ ၏အောင် စာရင်းကို မေ ၅ ရက်နေ့တွင် ထုတ် ပြန်သွားမည်ဖြစ်ပြီး ဌာန၏ဖေ့စ်ဘွတ်ခ် စာမျက်နှာနှင့် သင်တန်းဌာနတို့ တွင် ကြေညာပေးသွား မည်ဖြစ်ကြောင်း၊ ကျောင်း ဖွင့်မည့်ရက် မှာ မေ ၁၄ ရက် နေ့ဖြစ်ကြောင်း ယင်း ဌာနမှသိရသည်။

Read more...

အဋ္ဌမတန်းနှင့် စတုတ္ထတန်းကျရှုံးသူများကို မေလလယ်တွင် ပြန်လည်စစ်ဆေးပြီး ကျောင်းဖွင့်အမီ အောင်စာရင်းထုတ်ပြန်ပေးမည်

ရန်ကုန်၊ မေ ၁

အခြေခံပညာ အဋ္ဌမတန်းနှင့်စတုတ္ထတန်းကျရှုံးသူများကိုမေလလယ်တွင်ပြန်လည် စစ်ဆေးပြီး ကျောင်းဖွင့်အမီအောင်စာရင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း သိရသည်။ အခြေခံပညာအဋ္ဌမတန်းနှင့် စတုတ္ထတန်း ကျရှုံး သူများအား မေ  ၁၆ ရက်မှ ၁၈ ရက်အထိ တစ်ရက် လျှင်နှစ်ဘာသာနှုန်းဖြင့် ပြန်လည် စစ်ဆေးရန်အခြေခံပညာဦးစီးဌာနမှ စီစဉ်လျက်ရှိပြီး မေ ၂ ရက်တွင် အ ခြေခံပညာဦးစီးဌာန၌ အသေးစိတ် ညှိနှိုင်း မည်ဖြစ်ကြောင်း ကျရှုံးသော ကျောင်းသား၊ကျောင်းသူများကို စာမေးပွဲဖြေဆိုနိုင်ရန်အတွက် ပြန် လည်သင်ကြားပေးမှုများကို ငါး ရက် ခန့်ပြန်လည်ပြုလုပ်ပေးရန်လျာထား ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

Read more...

ဆရာ၊ ဆရာမများ၏လစာငွေမှ ငွေကြေးဖြတ်တောက်ခြင်းများနှင့် ကျောင်းအပ်ချိန်တွင် ခေါင်းစဉ်အမျိုးမျိုးပြပြီး ငွေကြေးကောက်ခံခြင်းများ မပြုလုပ်ရန် ညွှန်ကြားထား

ရန်ကုန်၊ မေ ၁

ဆရာ၊ဆရာမများ၏ လစာငွေမှ ငွေကြေးဖြတ်တောက်ခြင်းများနှင့် ကျောင်းအပ်ချိန်တွင် ခေါင်းစဉ်အမျိုးမျိုးပြပြီး ငွေကြေးကောက်ခံခြင်းများမပြုလုပ်ရန် ညွှန်ကြားထား ကြောင်းသိရသည်။ အခြေခံပညာဦးစီးဌာနမှ တိုင်း ဒေသကြီး/ ပြည်နယ်ပညာရေးမှူးရုံး များမှတစ်ဆင့် မြို့နယ်ပညာရေးမှူး ရုံးများသို့ အခြေခံပညာကျောင်းများ၊ ရုံးများတွင် တာဝန်ထမ်းဆောင်နေ သောဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၏လစာငွေများ မှ ငွေကြေးဖြတ် တောက်ခြင်း လုံးဝ (လုံးဝ)မပြုလုပ်ရန် နှင့် ကျောင်းအပ်နှံရေးဆောင်ရွက်ချိန်နှင့် သာမန်အချိန်များတွင် မည့်သည့်အကြောင်းကိစ္စနှင့်မျှ ငွေကြေး ကောက်ခံခြင်းများမပြုလုပ်ရန်၊ ခေါင်းစဉ်အမျိုး မျိုးပြပြီး ကျောင်းသား၊ ကျောင်း သူများနှင့် မိဘများထံမှ ငွေကြေး ကောက်ခံခြင်းများ လုံးဝ(လုံးဝ)မပြု လုပ်ရန်ညွှန်ကြားထားပြီး သိရှိလိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

Read more...

ရည်းစားဟောင်းကို အမျိုးသားက ဓားဖြင့်ဆင့်ထိုးပြီး ဝင်ရောက်ဖျန်ဖြေသူနှစ်ဦးပါ ဓားထိုးခံရမှု ရန်ကင်းစင်တာအနီးတွင်ဖြစ်ပွား

ရန်ကုန်၊ မေ ၁

အမျိုးသားတစ်ဦးက ယခင်ရည်းစားဖြစ်ခဲ့သူ အမျိုးသမီးကို ဓားဖြင့်ဆင့်ထိုးပြီး နောက် ဝင်ရောက်ဖျန်ဖြေသူနှစ်ဦးကိုပါ ဓားဖြင့်ထပ်မံထိုးခဲ့သည့် ဖြစ်ရပ်တစ်ခု ရန်ကင်းစင်တာအနီးတွင် ဖြစ်ပွားခဲ့သည်။ ဧပြီ၃ဝရက် ည ၉နာရီအချိန်ခန့်က ရန်ကင်းစင်တာစီးတီးမတ်တွင်အလုပ်လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးကို ၎င်း၏ ယခင်ရည်းစား ဖြစ်သူအမျိုးသားက အလုပ်ဆင်းချိန်တွင်ရန်ကင်းစင်တာ ဘေးလမ်းသွယ်တွင် စကားပြော ရန်ခေါ်ဆောင် ပြီးနောက် အသင့်ပါလာသောဓား ဖြင့်ဆင့်ထိုးရာ အမျိုးသမီးတွင် ကျောပြင်၊လက်မောင်းနှင့် လည်ပင်းအနီးတွင် ဓားဒဏ်ရာများရရှိခဲ့ပြီး ဝင်ရောက်ဖျန်ဖြေသည့် အမျိုးသမီးတစ်ဦး၏လက်တွင် ဓားဒဏ်ရာ တစ်ချက်နှင့် ဖျန်ဖြေကူညီသည့်လုံခြုံ ရေးဝန်ထမ်းအမျိုးသားတစ်ဦးတွင်လည်းပေါင်တွင် ဓားဒဏ်ရာတစ် ချက်ရရှိခဲ့ကြောင်းသိရသည်။

Read more...

ဝိတိုရိယဆေးရုံတွင် ပျောက်ဆုံးခဲ့သည့် စိန်ထည်များနှင့်ငွေသားပါအိတ်ကို i phone ဂျီပီအက်စ်စနစ်ကြောင့် အချိန်တိုအတွင်းဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့

ရန်ကုန်၊ မေ ၁

မရမ်းကုန်းမြို့နယ်ရှိ ဝိတိုရိယဆေးရုံတွင် တက်ရောက်ကုသနေသူ၏မိသားစုဝင်တစ်ဦးထံမှ ကျပ်သိန်း ၁၅ဝ ကျော်ရှိစိန်ထည် နှင့် ငွေသားများပါဝင်သောအိတ်ကို ခိုးယူထွက်ပြေးခဲ့သည့်အမျိုးသမီးအား ရဲတပ်ဖွဲ့က ဂျီပီအက်စ်စနစ်ဖြင့်ရှာဖွေကာ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ဧပြီ ၃ဝ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။ ဧပြီ ၃ဝ ရက် မွန်းလွဲ ၁ နာရီ ခန့်အချိန်က အမျိုးသမီးတစ်ဦးသည် ၎င်းနှင့် ညီအစ်မတော်စပ်သူ မ----- ကို ခေါ်ဆောင်ပြီး ဝိတိုရိယ ဆေးရုံသို့လာရောက်ကုသရာလူနာရှင်နှင့် ညီအစ်မတော်စပ်သူ မ---- သည် ၎င်း၏ ပိုက်ဆံအိတ်အား လူနာ၏ခုတင်ခြေရင်းတွင်ထားခဲ့ကာ လူနာ စာရင်းကောင်တာသို့သွား ရောက်ပြီးပြန်လာရာ ခုတင်ခြေရင်း ရှိပိုက်ဆံအိတ်ပျောက်ဆုံးနေသည် ကိုတွေ့ရှိရကြောင်း၊ အဆိုပါအိတ်တွင် စိန်လက်စွပ်၊ စိန်နားကပ်၊ ပုလဲလက်စွပ်၊ i phone 5s ၊ နိုင် ငံခြား ငွေလဲလှယ်သည့်စာအုပ်၊ ပတ်စ်ပို့စာ အုပ်နှင့် ငွေငါးသောင်းပါရှိကြောင်း၊ ဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်ပေးရန် မရမ်းကုန်းရဲစခန်းသို့တိုင်ကြားခဲ့သည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616