Main menu
HOT NEWS
adv

ရသေ့တောင်မှ စစ်ဘေးရှောင်တို့ ကျောင်းများ ပြန်ဖွင့်တော့မည်ဖြစ်၍ ပြောင်းရွှေ့ရန် နေရာရှာ

ရန်ကုန်၊ မေ ၂၄

ရခိုင်ပြည်နယ်၊ ရသေ့တောင်ဒေသရှိ စစ်ဘေးရှောင်တို့ ၂ဝ၁၆ စာသင်နှစ်အတွက် ကျောင်းများပြန်ဖွင့်တော့မည်ဖြစ်၍ စာသင် ကျောင်းများတွင် ခိုလှုံနေခြင်းမှပြောင်း ရွှေ့ပေးရန်လိုအပ်လာကြောင်း ရခိုင် စစ်ဘေးရှောင် ပြည်သူများကယ် ဆယ်ရေးနှင့်အလှူခံဌာနမှ သိရှိရသည်။ ''နေရပ်ကိုလည်း ပြန်ခွင့်မရှိ သေးဘူး။ စာသင်ကျောင်းတွေပြန်ဖွင့် တော့မယ်။ ဒုက္ခသည်တွေမှာက နေစရာဘယ်လိုလုပ်ရမလဲစဉ်းစားနေ တုန်းပဲ။ ဘယ်ပြောင်းထားရမှန်းလည်းမသိသေးဘူးလေ။ ရွှေ့လို့ရ နိုင်ရမယ့်နေရာတွေကို လိုက်ဆက် သွယ်နေပါတယ်''ဟု ရခိုင်စစ်ဘေး ရှောင်ပြည်သူများ ကယ်ဆယ်ရေးနှင့် အလှူခံဌာနဥက္ကဋ္ဌ ဦးစံအေးကျော် က ပြောသည်။

Read more...

လက်ရှိထက် ပိုကောင်းသော အမှိုက်သိမ်းစနစ် ဖော်ဆောင်ရေး အဆို ရန်ကုန်လွှတ်တော် အတည်ပြု

ရန်ကုန်၊ မေ ၂၄

လက်ရှိလုပ်ဆောင် နေသည်ထက်ပိုကောင်းသော အမှိုက်သိမ်းစနစ်တစ်ခုကိုလုပ်ဆောင်ရန် နှင့်နောက်ဖေးလမ်းကြားနှင့် ရေ မြောင်းများအတွင်းပိတ်ဆို့နေသောအမှိုက်များကို မိုးရာသီအမီစီမံချက် ရေးဆွဲဆောင် ရွက်ပေးရန် အဆိုကို တိုင်းဒေသကြီးလွှတ်တော်မှ အတည်ပြုဆုံးဖြတ်လိုက်သည်။ စမ်းချောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှလွှတ်တော်ကိုယ်စားလှယ်ဦးသော်တာအောင် တင်သွင်းသည့်ယင်းအဆိုကို မေ ၂၄ ရက်တွင် ပြုလုပ်သည့်လွှတ်တော်အစည်းအ ဝေးတွင် တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်တစ်ဦးအပါအဝင်လွှတ်တော်ကိုယ်စားလှယ် ၁၁ဦး ကထောက်ခံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

Read more...

စမ်းချောင်း ရေနုတ်မြောင်း နံရံ တတိယအကြိမ် ထပ်မံပြိုကျ

ရန်ကုန်၊ မေ ၂၄

စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာ ရေနုတ်မြောင်းထိန်းသိမ်းမှု များပြုလုပ်နေစဉ် ပေ ၂ဝဝ ခန့်ထပ်မံပြိုကျခဲ့ ကြောင်း သိရသည်။ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်က ပေ ၅ဝကျော်ပြိုကျခဲ့ပြီး မေ ၂၂ ရက်တွင် ဒုတိယ အကြိမ်ပြိုကျခဲ့ရာ ယင်းပြိုကျခဲ့မှုများအား ထိန်းသိမ်းဆောင်ရွက်နေစဉ် မေ ၂၃ ရက်နေ့ ညနေ ၄နာရီခွဲခန့်တွင် မိုးကြီးရေလျှံပြီးနောက် တတိယအကြိမ် ထပ်မံပြိုကျခဲ့ကြောင်း အောင်ချမ်းသာရပ်ကွက်တွင် နေထိုင် သူများက မေ ၂၄ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောသည်။ ယင်းသို့ တတိယအကြိမ်ပြိုကျမှုကို ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်နေသူများအား ဒီမိုကရေစီတူဒေးမှ မေ ၂၄ ရက် မွန်းလွဲပိုင်းအချိန်က သွားရောက်မေးမြန်းခဲ့ရာပြောပိုင်ခွင့် မရှိဟုသာ ဖြေကြားခဲ့သည်။

Read more...

ထိုင်းစာသင်ကျောင်း အိပ်ဆောင်မီးလောင် ကျောင်းသူ ၁၇ ဦးသေဆုံး

ဘန်ကောက်၊ မေ ၂၃

ထိုင်းနိုင်ငံမြောက်ပိုင်းတောင်တန်းဒေသကလေးများစာသင် ကျောင်းတစ်ခုတွင် မီးလောင်မှုတစ်ရပ်ဖြစ်ပွားခဲ့၍ မိန်းကလေးအ ဆောင်နေကျောင်းသူ ၁၇ ဦးသေဆုံးသွားခဲ့ရပြီး များစွာပျောက်ဆုံး (သို့မဟုတ်)ဒဏ် ရာရရှိခဲ့ကြသည်ဟု အာဏာပိုင်များက မေ ၂၃ ရက် က ပြောဆိုလိုက်သည်။ မေ ၂၂ ရက်ည ၁၁ နာရီ (ဂရင်းနစ်စံတော်ချိန် ၁၆ဝဝ နာရီ) အချိန်က စတင်လောင်ကျွမ်းခဲ့ပြီး ကျောင်းသားများအိပ်ပျော်နေကြ ချိန်ဖြစ်၍ ထွက်မပြေးနိုင်ခြင်း၊ ကျောင်းသူ ၁၇ ဦးသေဆုံးခဲ့ရကာ ငါးဦးသည် ဒဏ်ရာများရရှိထားပြီး အများစုပျောက်ဆုံးနေကြဆဲဖြစ်သည်ဟု ချင်းရိုင်ရဲအဖွဲ့မှဗိုလ်မှူး ကြီးပရာယတ်ဆင်းစင်က အေအက်ဖ်ပီသတင်းဌာနသို့ ပြော ဆိုလိုက်သည်။ ဒဏ်ရာရသူများအနက် နှစ်ဦးသည် ဒဏ်ရာပြင်းထန်သည်ဟု လည်း ပြောဆိုလိုက်သည်။

Read more...

ငါးနှစ်ပြည့်ရန် သုံးလလိုသည့် ကလေးများ ကေဂျီတန်းကို တက်ရောက်နိုင် ဟုဆို

ရန်ကုန်၊ မေ ၂၃

ကေဂျီတန်းကို အပ်နှံမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသက် ငါးနှစ်ပြည့်ရန် သုံးလအလိုအထိ အပ်နှံနိုင်မည် ဖြစ်ကြောင်း သိရသည်။ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်အတွက် ကျောင်းအပ်ခြင်းများကို စတင်ပြုလုပ်တော့မည်ဖြစ်ရာ ကေဂျီတန်းကို စတင်အပ်နှံမည့် ကျောင်းသား၊ ကျောင်းသူများ၏ အသက်ကို ငါးနှစ်ဟု သတ်မှတ်ထားရာ ငါးနှစ် ပြည့်ရန် တစ်လ၊ နှစ်လ၊ သုံးလအလို ဖြစ်နေသည့် ကျောင်းသား၊ ကျောင်း သူများအနေဖြင့် မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်များ၏ ထောက်ခံချက်များဖြင့် ကျောင်းအပ်နှံနိုင်မည် ဖြစ်ကြောင်း၊ ကေဂျီတန်းအတွက် အသက်ကန့်သတ်ချက်ကို သီးခြား ညွှန်ကြားချက်မရှိသေးဘဲ ယခင်နှစ် ကမူအတိုင်း ဆက်လက်ကျင့်သုံးနိုင် ကြောင်း တိုင်းဒေသကြီး ပြည်နယ် ပညာရေးမှူးရုံးများမှ သိရသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616