စစ်တွေ၊ နိုဝင်ဘာ ၆- ရခိုင်ပြည် နယ်အခြေစိုက် လူမှုအဖွဲ့အစည်း တစ်ခုဖြစ်သော ဝံလက်ကျေးလက် ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ရခိုင်ပြည်နယ်ရှိ ကျေးလက်နေပြည် သူများအတွက် အသေးစားချေးငွေ ထုတ်ချေးခြင်းလုပ်ငန်းကို တိုးချဲ့ရန် စီစဉ်နေကြောင်း သိရသည်။

မူဆယ်၊ နိုဝင်ဘာ ၆- ရှမ်းပြည် နယ်(မြောက်ပိုင်း)မူဆယ်ခရိုင် ကွက်ခိုင်မြို့နယ် မူဆယ်မှ လားရှိုး ဘက်သို့မောင်းနှင်လာသော UD NISSAN DIESEL တွဲယာဉ်နှင့် လားရှိုးဘက်မှလာသွေှာသပသအှေ့ဃဃနနီ ပရိုဘောက်ကား တို့ခေါင်းချင်းဆိုင်တိုက်မိခဲ့ကြောင်း သိရသည်။

ရန်ကုန်၊ နိုဝင်ဘာ ၆ - မြန်မာအခေါက်ရွှေတစ်ကျပ်သားကို ၁၆ ဒသမ ၆ဝ၆ ဂရမ်ထားရှိရန် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်လိုက်ကြောင်း သိရသည်။

ရန်ကုန်၊ နိုဝင်ဘာ ၅

 

လင်မယား ရန်ဖြစ်သည်ကို ဝင်ရောက်ဖျန်ဖြေသူအား မကျေနပ်သဖြင့် ဓားဖြင့်ခုတ်သတ်ကာ ကိုယ့်အိမ်ကိုယ်မီးရှို့ ထွက်ပြေးမှု ပဲခူးမြို့နယ်တွင်ဖြစ်ပွားခဲ့သည်။

ရန်ကုန်၊ နိုဝင်ဘာ ၅

 

နိုင်ငံတကာ အဆင့်မီငါးပြတိုက်ကို ငါး၊ ပုစွန်၊ အလှမွေးငါးမွေးမြူရေးဆိုင်ရာ ပညာရပ်များသင်ကြားနိုင်မည့် ကျောင်း တစ်ခုနှင့်အတူဖွင့်လှစ် ဆောင်ရွက်ပေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေ ဖြင့်ကြိုးပမ်းနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။ နိုဝင်ဘာ ၅ ရက်က ရန်ကုန် မြို့၊ အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး၌ကျင်းပပြု လုပ်သည့် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်အသုံးချငါး၊ ပုစွန်မွေးမြူ ရေးသင်တန်းအမှတ်စဉ်(၁)ဖွင့်ပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။

ရန်ကုန်၊ နိုဝင်ဘာ ၎

 

ယခုပညာသင်နှစ်အတွက် ပညာရေးကောလိပ်များကိုလျှောက်ထားခဲ့သော တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသား ကျောင်းသူအရေအတွက်မှာ ခုနစ် သောင်းကျော်အထိရှိပြီး လက်ခံမည့်အရေအတွက်မှာ ခြောက်ထောင်သာဖြစ်ကြောင်းသိရသည်။ ၂၀၁ရခုနှစ် တက္ကသိုလ်ဝင်တန်း အောင် ကျောင်းသားကျောင်းသူများကို လျှောက်ထားခွင့်ပေးအပ်ခဲ့သော ပညာရေးကောလိပ်များတွင် လာ လျှောက်ထားမှုမှာ လျှောက်လွှာပေါင်း ခုနစ်သောင်းကျော်ရှိပြီး ယင်းပမာဏအားလုံးကို ရွေးချယ်မည်မဟုတ်ဘဲ ပညာရေးကောလိပ်များ၏ ဝင်ဆံ့အင်အားအရ ကျောင်းသားကျောင်းသူခြောက်ထောင်နီးပါးကိုသာ ရွေးချယ်မည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် ပညာရေးကောလိပ်များ၌ လျှောက်ထားသူများ ဝင်ခွင့်ရွေးချယ်ရာတွင် မူလတန်းကျောင်းသားကျောင်းသူ ဦးရေများပြားသော မြို့နယ်အလိုက် ရွေးချယ်သွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှသိရသည်။

အောင်လံ၊ နိုဝင်ဘာ ၄ ၊ မကွေးတိုင်းဒေသကြီး၊ သရက် ခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ ကျေးရွာလမ်း ၁၁ လမ်းအား အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) အကူအညီ ဖြင့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အတွင်း အဆင့်မြှင့်တင်မည်ဖြစ် ကြောင်း အောင်လံမြို့နယ်လွှတ် တော်ကိုယ်စားလှယ်များရုံးမှ သိရ သည်။

ရန်ကုန်၊ နိုဝင်ဘာ ၄-သုံးခွမြို့ တွင် နိုဝင်ဘာ ၄ ရက် နံနက် ၄ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်ငါးလုံးနှင့် ကားတစ်စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန မှ သိရသည်။

Page 15 of 31