Main menu
HOT NEWS
adv

အယ်ဂျီမှ ဘက်ထရီ ဖြင့် အသုံးပြု နိုင်သော လက်မ ၈၀ မြင်ကွင်းကျယ် အထိပြသနိုင်မည့် ပရိုဂျက်တာ တစ်မျိုး မိတ်ဆက် ကြေညာ

ဆိုးလ် ၊ သြဂုတ်

 

အယ်လ်ဂျီမှ နောက်ဆုံးပေါ်နည်းပညာများအသုံးပြုထားသည့် ပရိုဂျက်တာတစ်မျိုးအား မိတ်ဆက်ကြေညာထားကြောင်း The Verge သတင်းဌာနတွင်ဖော်ပြထား ကြောင်းသိရသည်။ အဆိုပါ ပရိုဂျက် တာမှာ PH450U မော်ဒယ် ပရောဂျက်တာ တစ်မျိုးဖြစ်ပြီး အရှည် ၁၃ လက်မသာရှိကြောင်းသိရသည်။ အားပြန်သွင်းနိုင်သောဘက် ထရီ နှင့် အချိန် နှစ်နာရီခွဲ ခန့် အသုံးပြုနိုင်မည်ဖြစ်ပြီး ပရိုဂျက်တာမှ လက်မ ၈၀ မြင်ကွင်းကျယ် ပြသနိုင်ကြောင်း အထက်ပါသတင်းဌာနတွင် ထပ်မံဖော်ပြထား သည်။

Read more...

ရွှေပြည်သာရှိ တည်းခိုခန်း တစ်ခုမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ရွှေပြည်သာ၊ သြဂုတ်

ရန်ကုန် မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် ရဲစခန်းအပိုင်တွင် သြဂုတ် ၁၇ ရက် ည ၉ နာရီခွဲက တည်းခိုခန်းတစ်ခုတွင် လာရောက်တည်းခိုနေသူထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

Read more...

လှိုင်နယ်မြေရှိ အခန်းပေါင်း၂ဝဝဝ ကျော်ပါဝင်သည့် အထပ်မြင့် အဆောက်အအုံ အလုံး ၃ဝ အနက် သုံးလုံးမှာ ပြီးစီးနေပြီဖြစ်၍ ဆရာ၊ ဆရာမများကို ယာယီနေရာ ချထားပေးလျက်ရှိ ဟုဆို

ရန်ကုန်၊ သြဂုတ်

အဆင့်မြင့် ပညာဦးစီးဌာနလက်အောက်ရှိ ဆရာ၊ ဆရာမများနေထိုင်ရန် လှိုင်နယ် မြေတွင်တည်ဆောက်လျက်ရှိသော အခန်းပေါင်း ၂ဝဝဝ ကျော်ပါဝင်သည့် အထပ်မြင့်အဆောက်အအုံ အလုံး ၃ဝ အနက် သုံးလုံးမှာ ပြီးစီးနေပြီဖြစ် သည့်အတွက် ဆရာ၊ ဆရာမများကို ယာယီနေရာချထားပေးမှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ယင်းကဲ့သို့ အခြေအနေများကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယခုလ ၁၈ ရက်နေ့တွင်ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လှိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်ကျော် ကျော်ဦးမေးမြန်းခဲ့သည့် မေးခွန်းဖြစ်သည့် 'လှိုင်မြို့နယ် ၁၂ ရပ်ကွက်  မင်းဓမ္မလမ်းနှင့် ပါရမီလမ်းထောင့်ရှိ တက္ကသိုလ် ဆရာ၊ ဆရာမများရိပ်သာအပါအဝင် ပညာရေးဝန်ကြီးဌာနပိုင်မြေနေရာတွင် ဆောက်လုပ်နေ သော အဆောက်အအုံများကို မည်သို့စီမံဆောင်ရွက်ထားသည်' ဟူ သည့် မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

Read more...

စစ်ပွဲ၏ အနိဌာရုံကို အရွယ်နှင့် မမျှအောင် တွေ့ကြုံခံစားလိုက်ရသော လူ မမယ်အရွယ် ကလေးငယ်လေး အွန်ရန်

အလက်ပို သြဂုတ်

သူ့နာမည်မှာ အွန်ရန်ဒတ်နက်ရှ် ဖြစ်သည်။ လူနာတင်ယာဉ်ပေါ်တွင်ထိုင်ကာ အကူအညီတောင်းခံနေသည့် သွေးနှင့် ဖုန်အလိမ်းလိမ်းဖြစ်နေသည့် သူ့ကိုကြည့်လျှင် ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားနေ သည့် စစ်ပွဲ၏ အနိဌာရုံများကို မြင်တွေ့နိုင်ကြပါပြီ။ သူသည် ဆီးရီးယားပြည်တွင်းစစ် သက်တမ်းကဲ့သို့ အသက် ၅ နှစ်ရှိနေပြီဖြစ်သည်။

Read more...

SKY NET က သာပေါင်းရှိ ရေဘေးသင့် ဒေသများသို့ သွားရောက် လှူဒါန်း

ရန်ကုန်၊ သြဂုတ်

ပြည်သူ့အတွက်SKY NETမိသားစုက ရေ ဘေးသင့်ဒေသမှ ပြည်သူများအား အစားအသောက်နှင့် ထောက်ပံ့ရေး ပစ္စည်းတွေကို ကျေးရွာများအရောက် သွားရောက်လှူဒါန်းလျက်ရှိရာ သြဂုတ် ၁၈ ရက် က ဧရာဝတီတိုင်း ဒေသကြီး သာပေါင်းမြို့နယ်ရှိ ရေ ဘေးသင့်ကျေးရွာတစ်ခုဖြစ်သည့် ရွှေညောင်ပင်ကျေးရွာသို့ ကယ်ဆယ်ရေးပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။ ရွှေညောင် ပင်ကျေးရွာရှိ အိမ် ထောင်စုပေါင်း ၄၁၆ စုနှင့် ဘုန်း တော်ကြီးကျောင်းကို ဆန်၊ ရေသန့်၊ ခေါက်ဆွဲခြောက်၊ သင်္ကန်းအစရှိသည် တို့ကိုလှူဒါန်းခဲ့ရာ ပြည်ထောင်စု လွှတ်တော်ဥပဒေ အထူးကော်မရှင် အဖွဲ့ဝင် ဦးဝင်းသန်းနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်တို့က လက်ခံရယူခဲ့ကြသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191