Main menu
HOT NEWS
adv

လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိပါက ဖြေရှင်းရန် အဆင်သင့် ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပြောကြား

ရန်ကုန်

လူသားချင်း စာနာထောက်ထား မှုနှင့်ပတ်သက်ပြီး တပ်မတော်၏ Code of Conduct တွင်လည်း ပြဋ္ဌာန်းထားပြီး ဖြစ်၍ တိကျစွာလိုက်နာဆောင်ရွက်နေမှု အခြေအနေများနှင့် လူ့အခွင့်အရေးချိုး ဖောက်မှုများ ရှိပါကလည်း ဖြေရှင်းရန် အဆင်သင့်ရှိကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ဖေဖော်ဝါရီ ၁၆ ရက်က ပြောသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံသံအမတ်ကြီး H.E.Mr.Hassan Bin Mohamed Rafei Al-Emadi အား ဖေဖော်ဝါရီ ၁၆ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

Read more...

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ထံသို့ မြန်မာနိုင်ငံ ပန်းဝါသနာရှင် အသင်းက ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

ရန်ကုန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသောအားဖြင့် စင်ကာပူနိုင်ငံ စင်ကာပူရုက္ခ ဗေဒဥယျာဉ်ရှိ စပ်မျိုးသစ်ခွ၊ မျိုးသစ်တစ်ခုအား Papilionanda Aung San Suu Kyi အမည်ဖြင့် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်က သတ်မှတ် ဂုဏ်ပြုခြင်းအတွက် မြန်မာနိုင်ငံ ပန်းဝါသနာရှင်အသင်းက ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာကို နှစ် ၇ဝ မြောက် ပြည်ထောင်စုနေ့နှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ်အဖြစ် ပေးပို့လိုက်ကြောင်း သိရသည်။

Read more...

တစ်လအတွင်း YBS ယာဉ်လိုင်းများကို တိုင်ကြားမှုပေါင်း ငါးရာကျော်ခန့် ရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ စတင်တာဝန်ယူခဲ့သည့် တစ်လတာကာလအတွင်း YBS ယာဉ်လိုင်းများကို တိုင်ကြားခဲ့သည့် အမှုပေါင်းငါးရာ ကျော်ခန့်ရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။ YBS ယာဉ်လိုင်းများစတင် ပြေးဆွဲခဲ့သည့် ဇန်နဝါရီ ၁၆ ရက်မှ ဇန်နဝါရီ ၃၁ ရက်အတွင်း Complain Center တစ်ဆင့် တိုင်ကြား မှု ၂၃၄ မှု၊ ဖေဖော်ဝါရီ ၁ ရက်မှ ၁၇ ရက်အတွင်း Complain Center တစ်ဆင့်တိုင်ကြားမှု ၂၈၆ မှုရှိခဲ့ ကြောင်း သိရသည်။

Read more...

YBS ယာဉ်စီးခများ ဧပြီလကုန်မှ စတင်ကာ ကတ်စနစ် ပြောင်းလဲ ကျင့်သုံးမည်ဟု ဝန်ကြီးချုပ် ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

လာမည့် ဧပြီလကုန်ပိုင်းမှစတင်၍ YBS ယာဉ် စီးခငွေပေးချေမှု ကတ်စနစ်ကိုစတင် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

Read more...

ဦးကိုနီ၊ ကိုနေဝင်းတို့၏ ကျန်ရစ်သူ မိသားစု အပါအဝင် တက္ကစီယာဉ်မောင်း ငါးဦးကို အာရှတော်ဝင် ဆေးရုံတွင် ငွေကျပ်ငါးသိန်းတန် ဆေးကုသခွင့် ကတ် ပေးအပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ဦးကိုနီ၊ ကိုနေဝင်းတို့၏ ကျန်ရစ်သူမိသားစုအပါအဝင် တက္ကစီယာဉ်မောင်းငါးဦးကို အာရှတော်ဝင်ဆေးရုံ၏ ငွေကျပ်ငါးသိန်းတန်ဆေးကုသခွင့် မန်ဘာကတ်ပေးအပ်ခဲ့ကြောင်း အဆိုပါဆေးရုံ၏ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာမြတ်သူက မီဒီယာများကို ပြောကြားသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ဥပဒေ အကြံပေးဦးကိုနီ၏ မိခင်၊ ဇနီးနှင့်သားသမီး သုံးဦး၊ ဦးနေဝင်း၏သမီးကြီး မပြည့်ပြည့်၊ ဦးနေဝင်း၏ လက်ရှိဇနီးနှင့်သားသုံးဦး၊ တက္ကစီယာဉ်မောင်းဦးကျော်ဦးတို့ကို အာရှတော်ဝင် ဆေးရုံမှတစ်သက်စာဆေးကုသခွင့်ပေးမည်ဆိုပြီး သတင်းများထွက်ပေါ်ခဲ့သော်လည်း ယင်းမှာမှန်ကန်မှုမရှိဘဲ ၎င်းအနေဖြင့် နိုင် သလောက်အကူအညီပေးခြင်းသာဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က တော်ဝင်နှင်းဆီခန်းမ၌ပြုလုပ်ခဲ့သော ဂုဏ်ပြုအခမ်းအနားတွင် ဒေါက်တာမြတ်သူက ပြန်လည်ရှင်းလင်းခဲ့ ခြင်းဖြစ်သည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616