Main menu
HOT NEWS
adv

တစ်နေ့ ၈ နာရီလုပ်ခ ကျပ် ၅၆ဝဝ ပြင်ဆင်သတ်မှတ်ပေးရန် မေဒေးနေ့တွင် အလုပ်သမားများတောင်းဆို

ရန်ကုန်၊ မေ ၁

(၁၂၆)ကြိမ်မြောက် အပြည် ပြည်ဆိုင်ရာအလုပ်သမားနေ့တွင် တစ်နေ့ ၈ နာရီလုပ်ခကို ကျပ် ၅၆ဝဝ အဖြစ် ပြင်ဆင်သတ် မှတ်ပေးရန် တောင်းဆိုလိုက်သည်။ မေ ၁ ရက်တွင် လှိုင်သာယာစက်မှုဇုန်၊ ကနောင်ခန်းမ၌ ကျင်းပသော မေဒေးနေ့အခမ်းအနားတွင် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများကွန်ရက်အဖွဲ့ဝင် အလုပ်သမားသမဂ္ဂများနှင့် အလုပ်သမားများက ထိုကဲ့သို့တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ လုပ်ခကျပ် ၅၆ဝဝ ပြင် ဆင်သတ်မှတ်ပေး ရေးအပြင်၊ အငြင်းပွားမှုများကို ညှိနှိုင်းရေး ကော်မတီတွင်မဖြေရှင်းဘဲ တစ်ဖက်သတ် အလုပ်ထုတ်ပယ်သည့်အလုပ် ရှင်ကို အရေးယူပေးရေး၊ ခုံသမာဓိ ကောင်စီ၏ဆုံးဖြတ်ချက်ကို မလိုက် နာလျှင် မည်သူမဆို အနည်းဆုံး ထောင်တစ်နှစ် ချမှတ်ပေးရေးတို့ အပါအဝင် အချက် ၉ ချက်ကို အစိုးရသစ်ထံ တောင်းဆိုခဲ့ကြောင်း အလုပ်သမားခေါင်းဆောင်များထံမှ သိရသည်။

Read more...

ရန်ကုန်စီးပွားရေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူ ၃၅ ဦး ကမ္ဘောဇဘဏ်တွင် On Job Training ဝင်ရောက်

ရန်ကုန်၊ ဧပြီ ၂၉

ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူများကို ကမ္ဘောဇဘဏ်တွင် On Job Training ဝင် ရောက်လုပ်ကိုင်စေခြင်းကို ပထမဆုံးအကြိမ်အဖြစ် စတင်ဆောင်ရွက်လိုက်ကြောင်း သိရ သည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများကို ဘွဲ့ရရှိပြီးပါက လုပ်ငန်းခွင်အတွေ့ အကြုံနှင့် လုပ်ငန်းအဆက်အသွယ် ကောင်းများရရှိစေရန် ရည်ရွယ်ပြီး ကမ္ဘောဇဘဏ်နှင့်ပူးပေါင်းပြီး နောက် ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူ ၃၅ ဦးကို လက်တွေ့လုပ်ငန်းခွင် လုပ်ကိုင်စေခြင်းများကို ဆောင်ရွက် ထားရှိကြောင်း၊ အဆိုပါကျောင်းသား၊  ကျောင်းသူများသည် လုပ်ငန်းခွင် တစ်လလုပ်ကိုင်ပြီးပါက အသိအမှတ် ပြု Certificate ရရှိမည်ဖြစ်ပြီး မည် သည့်ဘဏ်တွင်မဆို အလုပ်လျှောက် ထားနိုင်မည်ဖြစ်ကြောင်း ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ သိရသည်။

Read more...

ဧဝရက်တောင်တက် မြန်မာသုံးဦး Camp 3 သို့ တက်ရောက်ရာတွင် ရေခဲပြိုကျခဲ့ခြင်းကြောင့် Base Camp တွင် ပြန်လည်အနားယူ စောင့်ဆိုင်းနေရဟုဆို

ရန်ကုန်၊ ဧပြီ ၂၉

ဧဝရက်တောင်သို့ တက်ရောက်လျက်ရှိသည့် မြန်မာ တောင်တက်သမားသုံးဦးသည် ဧပြီ ၂၉ ရက်တွင် Camp 3 သို့ တက် ရောက်ရာတွင် ရေခဲပြိုကျမှုနှင့်ကြုံ တွေ့ခဲ့ရသောကြောင့် Base Campတွင်ပြန်လည် အနား ယူစောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။ ဧဝရက်တောင်၏ Base Camp တွင်ရောက်ရှိနေသည့် မြန်မာတောင် တက်သမားသုံးဦးသည် အမြင့်ပေ ၂၃၆၂၅ ပေရှိ Camp 3 တက်ရောက်စဉ်တွင် ယင်းနေရာ သို့ မရောက်မီ Camp 1  နှင့်  Base Camp တို့အကြား တွင် ရေခဲပြိုကျမှုဖြစ်ပွားခြင်းကြောင့် ရှေ့မဆက်နိုင်ဘဲ လမ်းပိတ်ဆို့မှုနှင့် ကြုံတွေ့ခဲ့ရကြောင်းသိရသည်။

Read more...

ကျန်းမာရေးဝန်ကြီးဌာန၏ ရက် ၁ဝဝ စီမံချက်မှ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ဆေးရုံ ၁ဝဝ တွင် ဆေးခန်းများ ဖွင့်လှစ်ဆောင်ရွက်သွားမည်

နေပြည်တော်၊ ဧပြီ ၂၉

ကျန်းမာရေးဝန်ကြီးဌာန၏ ရက် ၁ဝဝ စီမံချက်တွင်ပါဝင်သော လုပ်ငန်းတစ်ခုဖြစ်သည့် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးရေးအထိမ်းအမှတ် ရက်သတ္တပတ်လုပ်ငန်း စတင်အကောင်အထည်ဖော် ဆောင်ရွက်သည့် အနေဖြင့် မြန်မာနိုင်ငံတွင် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများကို ကလေးငယ်အားလုံးနှင့် ပြည် သူလူထုအတွက် တိုးတက်ဆောင်ရွက် နိုင်ရန်၊ ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ပြည်သေူလူထုကိုယ်တိုင် ပူးပေါင်းပါဝင် လာစေရန် ရည်ရွယ်ချက်များ ဖြင့် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေး ရေးအထိမ်းအမှတ် ရက်သတ္တပတ် လုပ်ငန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်း အ ဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်မည့် ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးရေး ရက်သတ္တပတ်လုပ်ငန်းများနှင့် ပတ် သက်၍ အမှာစကားပြောကြားသည်။

Read more...

ယခုနှစ်လေးလခန့်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ တစ်လင်တစ်မယားဥပဒေဖြင့် တိုင်တန်းထားသော အမှုပေါင်း ၁ဝဝကျော်ရှိ

ရန်ကုန်၊ ဧပြီ ၂၉

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇန်နဝါရီ ၁ ရက်မှ ဧပြီ  ၂၅ ရက်အထိတစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုဒ်မများဖြင့် တိုင်တန်းခဲ့သောအမှုပေါင်း  ၁၁၂ မှုရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ အဆိုပါအမှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ရဲမှူးကြီးဝင်းဗိုလ်က   ''တိုင်ကြားမှုတွေကတော့ရှိပါတယ်။ ဖြစ်စဉ်ကြည့်ပြီး တစ်လင်တစ်မ ယား စနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုဒ်မများဖြင့် ဖြစ်သလား၊ ၃၆၃ လား၊  ၃၆၆ လားကြည့်တယ်၊ တစ်လင်တစ်မယားလည်းဖွင့်ပေးနေတယ်၊ လာတိုင်ကြားလို့ပေါ်ပေါက်တယ်ဆိုရင် ဖွင့်ပေးပါတယ်'' ဟု ဧပြီ ၂၉ ရက် တွင် ဒီမိုကရေစီတူဒေးသို့ပြောသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191