HOT NEWS
Main menu
Others

Others (841)

လုပ်ငန်းခွင် အကြို မူလတန်းဆရာ အတတ်ပညာ သင်တန်းအတွက် ပညာရေးကောလိပ် ၂ဝ ကျော်မှ သင်တန်းသား၊ သင်တန်းသူ ငါးထောင် ကျော် ခေါ်မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၃

ဇွန်လတွင် စတင်ဖွင့်လှစ်မည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT)အတွက် ပညာရေးကောလိပ် ၂ဝ ကျော်မှ သင်တန်းသား၊ သင်တန်းသူ ၅၇၂ဝ ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။ ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ် ဇွန် ၁၃ ရက်တွင် စတင်ဖွင့်လှစ်မည့် လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း(PPTT) ကို အဆင့်မြင့်ပညာဦးစီးဌာနမှ စတင်ခေါ်ယူနေပြီဖြစ်ပြီး ယခုနှစ်တွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဘောဂဗေဒ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ပထဝီ၊ သမိုင်းဘွဲ့ ရရှိပြီးသူများ လျှောက်ထားနိုင်ကြောင်း မည်သည့် ပညာရေးကောလိပ်တွင်မဆို တက်ရောက် နိုင်သူများလျှောက် ထားနိုင်သည်ဟု အဆင့် မြင့်ပညာဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

Read more...

အများပိုင် ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ပြေးဆွဲမည့် လမ်းကြောင်း အလိုက် အရောင်ခွဲခြား သတ်မှတ်ထား

ရန်ကုန်

အများပိုင်ယာဉ်လိုင်းများ ပြေးဆွဲရာတွင် ပြေးဆွဲမည့် လမ်းကြောင်းအလိုက် အရောင်ခွဲခြား သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ သိရသည်။ အများပိုင်ယာဉ်လိုင်းများအား ဇန်နဝါရီ ၁၅ ရက် မထသဖျက်သိမ်းပြီးသည့်နောက်ပိုင်း ဇန်န ဝါရီ ၁၆ ရက်တွင် စတင်ပြေးဆွဲမည် ဖြစ်ကြောင်း လည်းသိရသည်။ ''လမ်းကြောင်းအလိုက် ပြေးဆွဲမည့် ယာဉ်တွေကို အရောင်ခွဲခြားသတ်မှတ်ထားတယ်။ အရောင်ငါးရောင် ခွဲခြားသတ်မှတ်ထားတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)မှ အတွင်းရေး မှူး ဒေါက် တာမောင်အောင်က ပြောကြားသည်။

Read more...

သီတဂူ ဆရာတော်ကြီး၏ ကြေးခေါင်းလောင်းကြီးကို လာမည့်လအပြီး သွန်းလုပ်မည်ဖြစ်ပြီး ဆရာတော်ကြီး ထပ်မံရရှိသည့် 'အဘိဓဇမဟာရဋ္ဌဂုရု' ဘွဲ့ပါ ရေးထိုး မှတ်တမ်းတင်မည်

ရန်ကုန်

သီတဂူဆရာတော်ကြီး၏ ကြေးခေါင်းလောင်းကြီးကို ဖေဖော်ဝါရီလအတွင်း အပြီးသွန်းလောင်းမည်ဖြစ်ပြီး ဆရာတော်ကြီး ထပ်မံရရှိသည့် သာသနာရေးဆိုင်ရာ အမြင့်ဆုံးဘွဲ့ 'အဘိဓဇမဟာရဋ္ဌဂုရု' ပါ မှတ်တမ်း တင်ရေး ထိုးသွားမည်ဖြစ်ကြောင်း ကြေးသွန်းပညာရှင်ထံမှ သိရသည်။ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ရရှိခဲ့သည့် အဆိုပါဘွဲ့ကို ဆရာတော်ကြီး၏ဘဝ ဖြစ်စဉ်နှင့်အတူ ကြေးခေါင်းလောင်းကြီး မျက်နှာပြင်တွင် မှတ် တမ်းတင်ရေးထိုးထားမည်ဖြစ်သည်။

Read more...

အမျိုးသမီး ကဏ္ဍကို ဖွဲ့စည်းပုံ အခြေခံဥပဒေက သွယ်ဝိုက်သော နည်းဖြင့် တားဆီးထား ဟုဆို

ရန်ကုန်

အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်ပတ်သက်ရန် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက သွယ်ဝိုက်သောနည်းဖြင့် ကန့်သတ်ထားခြင်းဖြစ်သည်ဟု ငြိမ်းဖောင်ဒေးရှင်း၏ ဒါရိုက်တာ ဂျာနန်လထော်က ပြောကြားလိုက်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ ၂၃၂(ခ)(၂) တွင် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန များအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို ရယူရမည်ဟု ဖော်ပြထားသည်။ ထိုဖော်ပြချက်အား ကိုးကား၍ ၎င်းက ထိုသို့ပြောကြားလိုက်ခြင်းဖြစ် သည်။

Read more...

ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အင်းစိန် ဗဟိုအကျဉ်းထောင်မှ ကျောင်းသား၊ ကျောင်းသူ ၃ဝ ဝင်ရောက် ဖြေဆိုမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ယခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အင်းစိန်ဗဟိုအကျဉ်း ထောင်မှကျောင်းသား၊ကျောင်းသူ အယောက် ၃ဝ ဝင်ရောက်ဖြေဆို မည်ဖြစ်ကြောင်း သိရသည်။

Read more...

တိုင်းဒေသကြီး၊ ပြည်နယ်များ အလိုက် ဇန်နဝါရီ ၁ ရက်မှ ၈ ရက်အထိ ခါးပတ် မပတ်သည့် ယာဉ်မောင်း ၆၃၉ ဦးကို စစ်ဆေး အရေးယူ

နေပြည်တော်၊ ဇန်နဝါရီ ၁၁

နိုင်ငံတော်အဆင့် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ (NRSC-National Road Safety Council) မှတစ်ဆင့် မြန်မာ  နိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့ ညွှန်ကြားချက်အရ မော်တော်ယာဉ် များတွင် အသက်ကယ် ခါးပတ်ဝတ်ဆင်မှုမရှိသည့် ယာဉ်မောင်းများအားအရေး ယူဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့(နေပြည်တော်)မှ တိုင်းဒေသကြီး ပြည်နယ်များရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့များသို့ ဇန်နဝါရီ ၁ ရက်မှစတင်၍ ညွှန်ကြားစာထုတ်ပြန်ပြီး အရေးယူ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံး(နေပြည်တော်)မှ သိရသည်။

Read more...

ရန်ကုန် ယာဉ်လိုင်းသစ်များ စတင်မည့်နေ့ ပြည်သူများ အဆင်ပြေစေရေး လွှတ်တော် ကိုယ်စားလှယ်များ ဦးဆောင် ကူညီမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်း ဒေသကြီးအတွင်း စနစ်သစ်ဖြင့် ယာဉ်လိုင်းများစတင်ပြေးဆွဲမည့် ဇန်နဝါရီ ၁၆ ရက်တွင် ပြည်သူများ အခက်အခဲမဖြစ်ပေါ်စေရန် အကူ အညီပေးရေးအဖွဲ့များကို မြို့နယ်အလိုက်ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။ ပြည်သူများအခက်အခဲမဖြစ် စေရေး အကူအညီပေးရေးအဖွဲ့များကို မြို့နယ်အလိုက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ဦး ဆောင်ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ပြီး ဇန်နဝါရီ ၁ဝ ရက်က ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် Media Corner တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်များတွေ့ဆုံခဲ့ပြီး ယင်းသို့ဆောင်ရွက်ရန် ဆွေးနွေးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

Read more...

မြန်မာ လုပ်သားသစ်များ ယခုလ ၁၆ ရက်မှစ၍ ထိုင်းအေဂျင်စီ ဝန်ဆောင်ခ ပေးရန် မလိုတော့

ရန်ကုန်၊ ဇန်နဝါရီ ၁၀

မြန်မာလုပ်သားသစ်များ အနေဖြင့် ထိုင်းအေဂျင်စီ ဝန်ဆောင်ခပေးရန် မလိုဟုဆိုသည့် ထိုင်းအလုပ်သမား ဥပဒေသစ် ဇန်နဝါရီ ၁၆ ရက်တွင် စတင်အသက်ဝင် ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ပယ်ဖျက်မှုကို ဇန်န ဝါရီ ၁၆ ရက်တွင် စတင်မည်ဖြစ်ပြီး မြန်မာလုပ်သားများ ထိုင်းသို့သွားရောက် အလုပ်လုပ်ရာတွင် နှစ်နိုင်ငံအစိုးရ သတ်မှတ်ထားသည့် မြန်မာနိုင်ငံဘက်မှ ဝန်ဆောင်ခ ကျပ်ငွေတစ်သိန်းခွဲနှင့် ထိုင်းဘက်သို့ပေးရ သည့် အေဂျင်စီ ဝန်ဆောင်ခငွေဘတ်တစ်သောင်း သတ်မှတ်ထားသည့်အပေါ် ထိုင်းဘက်သို့ပေးရမည့် အေဂျင်စီဝန် ဆောင်ခကို ထိုင်းအစိုးရမှပေးဆောင်ရန် မလိုဟု ပယ်ဖျက်လိုက်ခြင်းဖြစ် ကြောင်း သိရသည်။

Read more...

မင်္ဂလာဈေး အမြန်ဆုံး တည်ဆောက်ပေးရန် ဈေးသူဈေးသား ၄ဝဝ ကျော် မြို့တော်ခန်းမရှေ့ ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဇန်နဝါရီ ၁၀

မီးဘေးသင့် ခြင်းတစ်နှစ်ပြည့်တွင် မင်္ဂလာဈေးကို အမြန်ပြန်လည်တည်ဆောက်ပေးရန် ဈေးသူဈေးသား ၄ဝဝ ကျော်က ရန်ကုန်မြို့တော်ခန်းမရှေ့၌ ဇန်နဝါရီ ၉ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ မင်္ဂလာဈေး မီးဘေးသင့်ခဲ့သည့် တစ်နှစ်ပြည့်ဖြစ်ပြီး ဈေးကို ဖြိုဖျက်နေပြီဖြစ်သော်လည်း ဈေးသစ် တည်ဆောက်မှုနှင့် ပတ်သက်၍ တာဝန်ရှိသူများထံမှ တစ်စုံတစ်ရာပွင့်လင်း မြင်သာစွာ သိရှိခြင်း မရှိကြောင်း၊ လက်ရှိနေရာချ ထားပေး သည့် ယာယီဈေးတွင် ဆိုင်ခန်းများကို ဈေးနှုန်းကြီး စွာငှားရမ်းရသည့်အတွက် အရှုံးနှင့်ရင်ဆိုင်နေကြရကြောင်း၊ ထို့ကြောင့် မင်္ဂလာဈေးကို အမြန်ဆုံးပြန်လည် တည်ဆောက်ပေးရန် ဆန္ဒထုတ်ဖော် ခြင်းဖြစ် သည်။

Read more...

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း လိုတရ ဝက်ဘ်ဆိုက်မှ တစ်ဆင့် ပရဟိတ လူမှု အဖွဲ့အစည်းများထံ ငွေကြေး လှူ ဒါန်းနိုင်ပြီ

ရန်ကုန်၊ ဇန်နဝါရီ ၁၀

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လိုတရဝက်ဘ်ဆိုက်မှတစ်ဆင့် မိုဘိုင်းဖုန်းဖြင့် ပြည်တွင်းရှိ ပရဟိတလူမှုအဖွဲ့အစည်းများထံ ငွေကြေးထောက်ပံ့လှူ ဒါန်းမှုများ လှူဒါန်းနိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ယင်းကဲ့သို့ လှူဒါန်းမှုများပြုလုပ်နိုင်ရန်အတွက် အဆိုပါဝက်ဘ်ဆိုက်တွင် လိုတရ စေတနာကမ်းလက်များအမည်ဖြင့် စာမျက်နှာသစ်ကို ထပ်မံထည့်သွင်းခဲ့ခြင်းဖြစ်ပြီး ယင်းစာမျက်နှာသစ် မိတ်ဆက်ပွဲအခမ်း အနားကို  ဇန်နဝါရီ ၉ ရက်က ရန်ကုန်မြို့ဆူး လေရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

Read more...
Subscribe to this RSS feed

ADV

 ymg adv 6

FacebookG+TwitterRSS