Main menu
HOT NEWS
adv

မြန်မာနိုင်ငံ၌ ဆီးချို သွေးချိုရောဂါ ဖြစ်ပွားနေသူပေါင်း ၂ ဒသမ ၅ သန်းခန့်ရှိဟုဆို

နေပြည်တော်၊ ဧပြီ၇

မြန်မာနိုင်ငံ၏ ဆီးချို သွေးချို ရောဂါဖြစ်ပွားမှုနှုန်း နှင့် မကူးစက်နိုင်သောရောဂါများ ဖြစ် စေသောအကြောင်းအချက်များကို ၂ဝ၁၄ ခုနှစ် ကောက်ယူခြင်းစစ်တမ်းအရ ဆီးချို၊ သွေးချိုရော ဂါ ဖြစ်ပွား နေသူပေါင်း ၂ ဒသမ ၅ သန်းခန့်ဖြစ် ပွားမှုရှိနေသည်ဟုခန့်မှန်းထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း က ပြောကြား သည်။ ဧပြီ ၇ ရက် နံနက်ပိုင်းက နေပြည် တော် ကျန်းမာရေးဝန်ကြီးဌာနရုံးအ စည်းအဝေးခန်းမတွင် ကျင်းပသည့် ၂ဝ၁၆ ခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့ အထိမ်းအမှတ်အခမ်းအနား၌ ပြော ကြားခြင်းဖြစ်သည်။

Read more...

ကဖိန်းဓာတ်ပါဝင်သော ဖျော်ရည်ယမကာ သောက်သုံးသော ဇနီးမောင်နှံများ ကိုယ်ဝန်ပျက်နိုင်ခြေများ

ဝါရှင်တန်၊ မတ် ၃၁


ကိုယ်ဝန်ဆောင်အမျိုးသမီး သို့မဟုတ် ၎င်း၏ခင်ပွန်းသည် ကဖိန်း ဓာတ်ပါဝင်သော ဖျော်ရည်ယမကာ သောက်သုံးမှုများလျှင် ကိုယ်ဝန်ပျက်ကျနိုင်ခြေများကြောင်း အမေရိကန် သုတေသနဂျာ နယ် Fertility and Sterility မှာဖော်ပြချက်အရ သိရသည်။ ကိုယ်ဝန်ပထမဆုံး စတင်ဆောင်သည့် ပထမခုနစ်ရက်အတွင်း မိခင် လောင်းသည် ကဖိန်းဓာတ်ပါဝင် သော ဖျော်ရည် ယမကာတစ်နေ့လျှင် နှစ်ခွက်ထက်ပို၍သောက်သုံးလျှင်  ကိုယ်ဝန်ပျက်ကျနိုင်ခြေများကြောင်း သို့သော်လည်း မိခင်လောင်းသည် ကိုယ်ဝန်မဆောင်မီနှင့်ကိုယ်ဝန်ဆောင်ချိန်တွင် ဗီတာမင် အားဆေးမှီဝဲလျှင် ကိုယ်ဝန်ပျက်ခြင်းအန္တရာယ်မှလျှော့ ချပေးနိုင်ကြောင်း အိုဟိုင်းအိုးတက္က သိုလ်နှင့်အမျိုးသားကျန်းမာရေး အင်စတီကျုတို့ပူးပေါင်းသုတေသန ပြုခဲ့သော စာတမ်းမှသိရသည်။

Read more...

အရေပြားကင်ဆာဖြစ်စေနိုင်သည့် ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုကို အသားဖြူသူများသာမက အသားညိုသူများလည်း သတိထားရမည်ဟုဆို

ရန်ကုန်၊ မတ် ၂၈

အရေပြားကင်ဆာရောဂါအထိဖြစ်စေနိုင်သည့် ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုကို အသားအ ရောင်ဖြူသူများသာမက အသားညိုသူများလည်း သတိထားရတော့မည် ဖြစ်ကြောင်း ရန်ကုန်ပြည် သူ့ဆေးရုံကြီး၊ အထူးအရေပြားကုသရေးဌာနမှ အ ရေပြားအထူးကု ဆရာဝန်ဒေါက်တာလင်းထက်ကပြောကြားသည်။ နွေရာသီရောက်ရှိလာသည်နှင့် အတူခရမ်းလွန်ရောင်ခြည်အညွှန်း ကိန်းများမှာလည်း တဖြည်းဖြည်း မြင့်မားလျက်ရှိရာ တစ်ပြည်လုံးနီးပါးတွင် ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းသည် အန္တရာယ်ဖြစ်စေသည့် လွန်ကဲအဆင့် ၁၁ အထိ ကျော်လွန် နေ  ပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင် ၏ခန့်မှန်းချက်များအရ သိရသည်။

Read more...

မြန်မာနိုင်ငံတွင် အမျိုးသမီးကျန်းမာရေးဆိုင်ရာ အထူးကုဆေးရုံငါးခု ဖွင့်လှစ်ရန် လုပ်ဆောင်သွားမည်ဟုဆို

ရန်ကုန်၊ မတ် ၂၇

မြန်မာနိုင်ငံတွင်  အမျိုးသမီး ကျန်းမာရေးဆိုင်ရာ အထူးကုဆေးရုံငါးခု ဖွင့်လှစ်ရန် ထိုင်းနိုင်ငံရှိ ဘန်ကောက် Chain ဆေးရုံများအုပ်စုနှင့် နေမြန်မာ ကုမ္ပဏီအုပ်စုတို့ ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းနှင့်ပတ်သက်သည့် သတင်း စာရှင်းလင်းပွဲကို မတ် ၂၆ ရက်က ရန်ကုန်မြို့ရှိ ပက်ခ်ရွိုင်ရယ်ဟိုတယ်တွင်ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံတွင်ထိုကဲ့သို့ ပုဂ္ဂလိကဆေးရုံလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် နေမြန်မာ ကုမ္ပဏီအုပ်စုနှင့် ထိုင်းနိုင်ငံဘန် ကောက်ချိန်းဆေးရုံများ အုပ်စုတို့ သဘောတူ စာချုပ်ချုပ်ဆိုခဲ့ကြ ကြောင်း သိရသည်။

Read more...

ငယ်ရွယ်သည့်အရွယ်များတွင် အရိုးပါး၊ အရိုးပွရောဂါဖြစ်ပါက အသက်အန္တရာယ်စိုးရိမ်ရသဖြင့် ပိုမိုသတိထားကုသခံသင့်သည်ဟုဆို

ရန်ကုန်၊ မတ် ၂၅

ငယ်ရွယ်သည့် အသက်အရွယ်များတွင် အရိုးပါး၊ အရိုးပွရောဂါ ဆောလျင်စွာဖြစ်ပါက အသက်အန္တရာယ်စိုးရိမ်မှုရှိနိုင်သော ကြောင့် ပိုမိုသတိထားကုသခံသင့် ကြောင်း အရိုးခွဲစိတ်အထူးကု ဆရာ ဝန်ကြီးတစ်ဦး၏ အတည်ပြုပြော ကြားချက်အရသိရသည်။''ဟိုမုန်းနဲ့ပတ်သက်တဲ့ ကိုယ် ခံရောဂါ၊ သိုင်းရွိုက်အကျိတ်ရောဂါ၊ ကျောက်ကပ်အကျိတ်ရောဂါတို့ကြောင့် ငယ်ငယ် ရွယ်ရွယ်နဲ့ အရိုးပါးရောဂါ ဖြစ်နိုင်ပါတယ်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191