Main menu
HOT NEWS
adv

ယခုနှစ်လေးလခန့်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ တစ်လင်တစ်မယားဥပဒေဖြင့် တိုင်တန်းထားသော အမှုပေါင်း ၁ဝဝကျော်ရှိ

ရန်ကုန်၊ ဧပြီ ၂၉

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇန်နဝါရီ ၁ ရက်မှ ဧပြီ  ၂၅ ရက်အထိတစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုဒ်မများဖြင့် တိုင်တန်းခဲ့သောအမှုပေါင်း  ၁၁၂ မှုရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ အဆိုပါအမှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ရဲမှူးကြီးဝင်းဗိုလ်က   ''တိုင်ကြားမှုတွေကတော့ရှိပါတယ်။ ဖြစ်စဉ်ကြည့်ပြီး တစ်လင်တစ်မ ယား စနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေပုဒ်မများဖြင့် ဖြစ်သလား၊ ၃၆၃ လား၊  ၃၆၆ လားကြည့်တယ်၊ တစ်လင်တစ်မယားလည်းဖွင့်ပေးနေတယ်၊ လာတိုင်ကြားလို့ပေါ်ပေါက်တယ်ဆိုရင် ဖွင့်ပေးပါတယ်'' ဟု ဧပြီ ၂၉ ရက် တွင် ဒီမိုကရေစီတူဒေးသို့ပြောသည်။

Read more...

ယခုနှစ် ငါးမဖမ်းရရာသီတွင် ငါးဖမ်းသင်္ဘော ၄ဝ ရာခိုင်နှုန်းကို ငါးဖမ်းခွင့်ပြုရန် ပြည်ထောင်စုအစိုးရသို့တင်ပြမည်

ရန်ကုန်၊ ဧပြီ ၂၈

ယခုနှစ် ငါးမဖမ်းရရာသီကာလအတွင်း အမှန်တကယ် ဖမ်းဆီးနိုင်သည့် ငါးဖမ်းသင်္ဘောများ၏ ၄ဝ ရာခိုင်နှုန်းကို ငါးဖမ်းဆီးခွင့် ပြုရန် ပြည်ထောင်စုအစိုးရသို့တင် ပြသွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှသိရ သည်။ ၂ဝ၁၅-၂ဝ၁၆ ငါးဖမ်းရာသီအတွက် မြန်မာ့ပင်လယ်ငါးလုပ်ငန်း ရေ ပြင်တွင် ငါးမဖမ်းရရာသီနှင့် ငါးမဖမ်းရ ဧရိယာသတ်မှတ်ရေး အလုပ်ရုံဆွေး နွေးပွဲကို ဧပြီ ၂၇ ရက်တွင် ရန်ကုန် မြို့ငါးလုပ်ငန်းဦးစီးဌာန၌ ကျင်းပပြု လုပ်ခဲ့ပြီး ဆွေးနွေးပွဲရလဒ် ၁၄ ချက်ကိုထုတ်ပြန်ခဲ့ကာ ယင်းရလဒ်များတွင် ၂ဝ၁၅-၂ဝ၁၆ ငါးဖမ်းရာသီ ပိတ်သိမ်းချိန်ကာလဖြစ်သော ဇွန်၊ ဇူလိုင်၊ သြဂုတ် လများ၌ ကမ်းဝေးငါးဖမ်းလိုင်စင် ထုတ်ပေး ထားသည့် ငါးဖမ်းရေယာဉ် စီးရေအနက်မှ အမှန်တကယ်ဖမ်း ဆီးနိုင်သည့် ငါးဖမ်းရေယာဉ်စီးရေ ၏ ၄ဝ ရာခိုင်နှုန်းအား ငါးဖမ်းဆီး ခွင့်ပြုပေးသွားရန် ထည့်သွင်းထား ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရ သည်။

Read more...

ရွှေပြည်သာမြို့နယ်တွင် ဇနီးနှင့် သားရှိပါလျက် ထပ်မံမင်္ဂလာဆောင်သူတစ်ဦးအား တစ်လင်တစ်မယားဥပဒေဖြင့် အရေးယူ

ရန်ကုန်၊ ဧပြီ ၂၈

ဇနီးနှင့်သားအားထားခဲ့ပြီး အိမ်ထောင်ရေးဖောက်ပြန်သည့်ခင်ပွန်းကို တစ်လင်တစ်မယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် အမှုဖွင့်တိုင်တန်းမှုတစ်မှု ရွှေပြည်သာမြို့နယ်တွင် ဖြစ်ပွားခဲ့ ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မခိုင်မဉ္ဇူသန်း  အသက် ၂၄ နှစ် ဗမာ/ဗုဒ္ဓ တော်ဝင် လိုင်းခန်း(၂၂)ရပ်ကွက် ရွှေပြည်သာ မြို့နယ်တွင်နေသူသည် ချစ်ကိုကို(ခ) ချစ်ချစ်ကို အသက် ၂၄ နှစ် ကျပန်း ဗမာ/ဗုဒ္ဓ အောင်သုခလမ်း (၂၃)ရပ် ကွက် ဝါးတစ်ရာကျေးရွာ ရွှေပြည် သာမြို့နယ်နေသူနှင့် ၂ဝ၁၃ ခုနှစ် မေ ၃ဝ ရက်တွင် ရွှေပြည်သာမြို့နယ် တရားရုံး၌ သက်သေများရှေ့ လက် မှတ်ရေးထိုး၍ ၂ဝ၁၃ ခုနှစ် ဇွန် ၉ ရက်တွင် မင်္ဂလာဆောင်ကာ အကြင် လင်မယားအဖြစ် ပေါင်းသင်းနေထိုင် ခဲ့ပြီး ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၁ ရက်တွင် ရွှေပြည်သာဆေးရုံ၌ သားတစ်ဦးမွေးဖွားခဲ့သည်။

Read more...

တက္ကသိုလ်ကိုးခုတွင် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် Ph.D ပါရဂူဘွဲ့သင်တန်းများ ဖွင့်တော့မည်

ရန်ကုန်၊ ဧပြီ ၂၈

တက္ကသိုလ်ကိုးခုတွင် ၂ဝ၁၆-၂ဝ၁၇ပညာသင်နှစ်၏ပါရဂူဘွဲ့ (Ph.D) သင်တန်းများကို ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် ပါရဂူဘွဲ့သင်တန်းအတွက် တက္ကသိုလ်ကိုးခုတွင် ဖွင့် လှစ်တော့မည် ဖြစ်ရာ ယင်းသင်တန်းသို့ပြင်ပပုဂ္ဂိုလ်များ၊ ပညာရေးဌာနဝန်ထမ်းများ၊ အခြားဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း၊ ဖွင့်လှစ်မည့် တက္ကသိုလ် များမှာ ရန် ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန် ပညာရေးတက္ကသိုလ်၊ မော်လမြိုင် တက္ကသိုလ်၊ ပုသိမ်တက္ကသိုလ်၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္က သိုလ်၊ မိတ္ထီလာ စီးပွားရေးတက္ကသိုလ်တို့ ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန၏ ထုတ် ပြန်ချက်အရ သိရသည်။

Read more...

လေပြင်းတိုက်ခတ်မှုများ မကြာခဏဖြစ်ပေါ်နေသည့်အတွက် ချင်းတွင်းမြစ်ကြောင်းသွားရေယာဉ်များ အထူးသတိပြုရန်လို

ကလေးဝ၊ ဧပြီ ၂၈-သင်္ကြန်အပြီး မိုးဦးလေဦးကာလတွင် မြန်မာပြည်အနှံ့ ၌ မိုးသက်လေပြင်းကျရောက်မှုများ ရှိနေသည့်အတွက် ချင်းတွင်းမြစ် ကြောင်းအတွင်း သွားလာနေသော ခရီးသည်တင်နှင့် ကုန်တင်ရေယာဉ် များအနေဖြင့် မိုးသက်လေပြင်း ကျ ရောက်မည့်အန္တရာယ်များကိုအထူး ဂရုပြုကြရန်လိုအပ်မည်ဖြစ်ကြောင်း ကလေးဝမြို့အခြေစိုက် ရေယာဉ် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191