Main menu
HOT NEWS
adv

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(SNLD)မှ ဦးဝင်းအေး(ခ) စိုင်းထွန်းအေးနှင့် တွေ့ဆုံမေးမြန်းခြင်း။

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်း လစ်လပ် မဲဆန္ဒနယ်များ၌ ဧပြီ ၁ ရက်က တစ်ပြိုင်တည်း ကျင်းပခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ၌ ရွေးချယ်ခံခဲ့ရသော ရှမ်းပြည်နယ် တောင်ပိုင်း မိုင်းရှုးမြို့နယ် မဲဆန္ဒနယ်မှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ (SNLD)မှ ဦးဝင်းအေး(ခ) စိုင်းထွန်းအေးနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြပေးလိုက်ပါသည်။


(အယ်ဒီတာ)


++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ဒီဒေသမှာက စစ်ရေးတင်းမာမှုတွေ ရှိနေတာကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်

မှာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့ တက်တက်ကြွကြွပါဝင်သွားမယ်
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

Read more...

အလောင်းမင်းတရားကြီး၏ ရွှေပေလွှာကို UNESCO ၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထည့်သွင်း

ရန်ကုန်၊ ဧပြီ ၎


အလောင်းမင်းတရားကြီးမှ ဗြိတိသျှနိုင်ငံ ဒုတိယမြောက် ဂျော့ဘုရင်ကို ပေးပို့သည့် ရွှေပေလွှာကို ယူနက်စကို(UNESCO)၏ ကမ္ဘာ့အမွေအနှစ်စာရင်း (Memory of the World Register) တွင် အပြီးသတ် ထည့်သွင်းနိုင်ခဲ့ကြောင်း သိရသည်။ ဗြိတိသျှနိုင်ငံ ဒုတိယမြောက် ဂျော့ဘုရင်နှင့် ဟန်နိုဗာမြို့စားတို့ကို ၁၇၇၆ ခုနှစ်က ပေးပို့ခဲ့သည့် ရွှေပေလွှာအား ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (UNESCO) ၏ Memory of the World Register အပြီးသတ်ထည့်သွင်းနိုင်ခဲ့သည့် အခမ်းအနားကို မတ် ၂၉ ရက်က ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့ Gottfried Wilhlem Leibniz စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဒေါ်ယဉ်ယဉ်မြင့် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

 

Read more...

မန္တလေး မဟာမုနိဘုရားကြီး ရွှေမိုက်လုပ်ငန်းမှ သန့်စင်ပြီး ရွှေအလေးချိန် ၆ ပိဿာ ၉၅ ကျပ်သားကျော် ထွက်ရှိ

မန္တလေး

မဟာမုနိဘုရားကြီး၏ (၆၇)ကြိမ်မြောက် ရွှေမိုက်ထုတ်ခြင်းလုပ်ငန်းကို မတ် ၂၉ ရက်က အောင် မြင်စွာဆောင်ရွက်ပြီးစီးရာ သန့်စင်ပြီးရွှေအလေးချိန် ၆ ပိဿာ ၉၅ ကျပ်သားကျော်ထွက်ရှိကြောင်းသိရသည်။ ဘုရားကြီး (၆၇)ကြိမ် မြောက်ရွှေမိုက်ထုတ်လုပ်မှုကို ယခု နှစ် ဖေဖော်ဝါရီ ၇ ရက်မှ စတင် ဆောင် ရွက်ခဲ့ရာ နှစ်လတာကာလ လုပ်ငန်းဆောင်ရွက်ခြင်းမှ ထွက်ရှိလာသော မကျွတ်ရွှေ စုစုပေါင်း အလေးချိန် ၇ ပိဿာ ၄၆ ကျပ်သား နှင့် နှစ်ရွေးအား ရွှေလှော်ခြင်းလုပ်ငန်း ဆက်လက်လုပ်ဆောင်ရာမှ သန့်စင်ပြီး ရွှေအလေးချိန် ၆ ပိဿာ ၉၅ ကျပ်သားကျော် ထွက်ရှိလာခြင်း ဖြစ်သည်။

Read more...

ထိုင်းရောက် မြန်မာအလုပ်သမား ၆၅ ဦး အလုပ်ဖြုတ် နစ်နာလျော်ကြေး ကျပ်သိန်း ၁ဝဝဝ ရရှိ

ရန်ကုန်

စာမွတ်ပါကန်မြို့နယ် PCG  ကြောင်စာရုံမှ အလုပ်ဖြုတ်ခံခဲ့ရသည့် မြန်မာအလုပ်သမား ၆၅ ဦး နစ်နာကြေး ဘတ်ငွေ ၂,၇၅၁,ဝဝဝ၊ မြန်မာငွေဖြင့် ကျပ်သိန်း ၁ဝဝဝ ရရှိခဲ့ကြောင်း ထိုင်းနိုင်ငံရောက် ရွှေ့ ပြောင်းမြန်မာအရေး ကူညီဆောင်ရွက်ပေးနေသည့် AAC(မဟာမိတ်) အဖွဲ့ထံမှ သိရသည်။ နစ် နာလျော်ကြေးငွေ ရရှိခဲ့သည့် မြန်မာအလုပ်သမား ၆၅ ဦးသည် လေးလကျော်မှ လျော်ကြေး ငွေရရှိခဲ့ကြောင်း၊ ယင်းကဲ့သို့ရရှိမှု သည် မြန်မာသံရုံးနှင့် ထိုင်းနိုင်ငံ ရောက် ရွှေ့ပြောင်းမြန်မာအရေး ကူညီဆောင်ရွက်ပေးနေသည့် AAC (မဟာမိတ်)အဖွဲ့တို့ ပူးပေါင်းဖြေရှင်း မှုကြောင့်သာ ရရှိခဲ့ခြင်းဖြစ်သည်။

Read more...

ကျပ်သိန်း တစ်သောင်း ကံထူးရှင် ရွေးချယ်ပွဲမှ အက္ခရာ ဂေါ်လီလုံးများအား ဒီဂျစ်တယ် ကတ္တားဖြင့် စစ်ဆေးရာ အလေးချိန် ကွာဟမှု ရှိနေ

ရန်ကုန်

(၁)ကြိမ်မြောက် ကျပ်ငါးရာတန်ထီလက်မှတ် ကျပ်သိန်းတစ်သောင်းဆုကြေးဖွင့်လှစ်ပွဲတွင် အက္ခရာဂေါ်လီလုံးများ၏ အလေးချိန်အား ပြင်ပစက်(ဒီဂျစ်တယ်ကတ္တား)ဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့ရာတွင် အလေးချိန်ကွာဟမှုရှိခဲ့ကြောင်း သိရသည်။ အက္ခရာ ဂေါ်လီလုံးများ၏ အလေးချိန် မှန်ကန်မှုရှိစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၏ ခွင့်ပြုချက်ဖြင့် ပြင်ပစက် (ဒီဂျစ်တယ်ကတ္တား)တစ်လုံးဖြင့် စစ်ဆေးမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616