ရန်ကုန်၊ အောက်တိုဘာ ၁၅

 

လုပ်ငန်းခွင်များ ဘေးအန္တရာယ်ကင်းရှင်းရေး ဥပဒေဖြင့်စည်းကြပ်မှသာ လုပ်ငန်းရှင်အများစုလိုက်နာမည့် သဘောရှိကြောင်း လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သင်တန်းကျောင်းများဖွင့် လှစ်လျက်ရှိသည့် WSH Myanmar မှ မန်နေဂျင်းဒါရိုက်တာဦးဟန်မျိုး နောင်ကပြောသည်။ ၁၉၅၁ ခုနှစ်အလုပ်ရုံများ အက်ဥပဒေနှင့် အကျုံးဝင်သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ တွင်ပင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကြောင့် နှစ်စဉ်လုပ်သားဦး ရေ ၁ဝဝ မှ ၂ဝဝ ကြားသေဆုံး နေရပြီး ကျန်ဆောက်လုပ်ရေးလုပ်ငန်းများ၊ သတ္တုတွင်းလုပ်ငန်း များနှင့်ပေါင်းပါက နှစ်စဉ်လူဦး ရေ ၄ဝဝ မှ ၁ဝဝဝ ကြားခန့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကြောင့် သေဆုံးနေရကြောင်း၊ လက်ရှိတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်း ရှင်းရေးအတွက် ဥပဒေမရှိသဖြင့် လိုက်နာဆောင်ရွက်မှုအားနည်း နေဆဲဖြစ်ကြောင်း အောက်တိုဘာ ၁၅ ရက်က ရန်ကုန်မြို့  UMFCCI တွင်ပြုလုပ်သည့်လူသားတိုင်းဘေး အန္တရာယ်ကင်းရှင်းရေးအသိပညာ ပေးဆွေးနွေးပွဲမှသိရသည်။

 

မင်းဘူး၊ အောက်တိုဘာ ၁၄

 

မင်းဘူး မြို့အထွေထွေအုပ်ချုပ်ရေး အစည်း အဝေးခန်းမတွင် အောက်တိုဘာ ၁၄ ရက်က မင်းဘူးခရိုင်အတွင်းရှိ သိမ်းဆည်းမြေပြန်လည် စိစစ်ရေး လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ စွမ်း ဆောင်ရည်များမြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၄

 

ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မုတ္တမပင်လယ်ကွေ့ သောင်ထွန်းမြေများတွင် ဒီရေတောတည်ရှိရာ နေရာများအ ပါအဝင် ဧကတစ်သောင်းကျော်ကို ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးသိန်းတိုးက ဒီမို ကရေစီတူဒေးသို့ အောက်တိုဘာ ၁၄ရက်က ပြောသည်။ ဒီရေတောများကို ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ခရမ်း၊ ကျောက် တန်း၊ သုံးခွ၊ ကွမ်းခြံကုန်းမြို့နယ် များတွင် ဧကတစ်သောင်းကျော်ကို ဖွဲ့စည်းသွားရန်စီစဉ်ထားပြီး ကွင်း ဆင်းလေ့လာမှုများကို အောက်တို ဘာ ၁၃ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၄

 

ရွှေဘုံသာလမ်းပေါ်ရှိဈေးသည် ၃ဝဝ ကျော်ကို နေရာချထားပေးရန် ဆိုင်ခန်းနေရာမဲနှိုက်ခြင်းကို ပန်းဘဲတန်းမြို့နယ်ရှိ စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ ယင်းဈေးသည်များအတွက် ဆိုင်ခန်းနေရာမဲနှိုက်ပေးခြင်းကို အောက်တိုဘာ ၁၂ ရက်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီးအောက် တိုဘာ ၂၁ရက်အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပန်းဘဲ တန်းမဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်ဦးသန်းနိုင်ဦးက ပြောသည်။ ''ဆိုင်ခန်းတွေကိုမဲနှိုက်နေရာချထားပေးတဲ့နေရာမှာ ဆိုင် ခန်းအမျိုးအစားအလိုက်ခွဲခြားပြီး မဲနှိုက်နေရာချထားပေးနေတယ်။ ပြောင်းရွှေ့ရက်ကိုတော့ စည်ပင်သာယာကတာဝန်ရှိသူတွေ ဆွေး နွေးပြီးမှ အတည်ပြုပြောလို့ရမယ်။ ဒီလကုန်ပိုင်းလောက်လည်း ဖြစ်ဖို့များပါတယ်''ဟု ¤င်းကပြောသည်။

ရန်ကုန်၊ အောက်တိုဘာ ၁၃

 

ထိုင်းတွင်အလုပ်ဖြုတ်ခံရသဖြင့် မြဝတီသို့ပြန်လည်ရောက်ရှိလာသူများအနက် ၁ဝ၂ ဦးကိုပို့ဆောင်သည့် ပြည်ပအလုပ်အကိုင်အေဂျင် စီမှ ဝန်ဆောင်ခယူထားသည့်ငွေကို ပြန်လည်ပေးလျော်ခဲ့ကြောင်းသိရသည်။ အောက်တိုဘာ ၁၂ ရက်တွင် မြဝတီမြို့ရှိ ကျောက်လုံးကြီးစခန်း သို့ ပြန်လည်ရောက်ရှိလာသည့် အဆိုပါအလုပ်သမားများအနက်မှ အလုပ်သမား ၁ဝ၂ ဦးကိုပို့ ဆောင်ခဲ့သည့် ရွှေစင်ကိုးပွင့်ပြည်ပ အလုပ်အကိုင်အေဂျင်စီမှ ၎င်းတို့ ကောက်ခံခဲ့သည့် အေဂျင်စီဝန် ဆောင်ခကျပ်ငွေ ၁၅ဝဝဝဝ နှင့် ထိုင်းအလုပ်ရှင်မှဖြတ်တောက်ခဲ့သည့်  Workpermit ၊ ဗီဇာ၊ ဆေး စစ်ခတို့အတွက် လုပ်သားတစ်ဦးလျှင် ငွေကျပ် ၁၈ဝဝဝဝ စုစု ပေါင်း လုပ်သားတစ်ဦးလျှင် ငွေ ကျပ် ၃၃ဝဝဝဝ အား အောက်တို ဘာ ၁၃ ရက်တွင် ပြန်လည်ပေး လျော်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၃

 

မယ်နု အုတ်ကျောင်းကို ပြုပြင်မွမ်းမံရာတွင် ကျောင်း၏ပျက်စီးလျက်ရှိသော အချို့နေရာများကို ပြုပြင်မွမ်းမံခြင်းနှင့်အပြင်နံရံတွင် လိုအပ်သော နေရာကိုသာ မြေဝါရောင်ဆေးဖြင့် ရှေးဟောင်းနည်းစနစ်အတိုင်း အသုံးပြုပြင်ဆင်သွားမည်ဖြစ် ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)မှ ညွှန်ကြားရေး မှူးဒေါ်စိုးစိုးဝင်းက အောက်တို ဘာ ၁၃ ရက်က ပြောသည်။

 

ရန်ကုန်၊ အောက်တိုဘာ ၁၃

 

အာရှ ဗုဒ္ဓဘာသာအသင်းကို အာရှတိုက်အတွင်းရှိ ဗုဒ္ဓဘာသာဝင်အားလုံး လိုက်နာနိုင်မည့် အခြေခံစည်းမျဉ်း များ ထည့်သွင်းရေးဆွဲဖွဲ့စည်းသွားမည်ဟု သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။ 

 

ရန်ကုန်၊ အောက်တိုဘာ ၁၂-အာ ရှဗုဒ္ဓဘာသာအသင်းအဖွဲ့စတင် တည်ထောင်သည့် မင်္ဂလာအခမ်း အနားကို အောက်တိုဘာ ၁၂ ရက်တွင် စတင်ကျင်းပခဲ့ပြီး အာရှ ဗုဒ္ဓဘာသာအဖွဲ့ချုပ် (ABC) ဖွဲ့ စည်း၍ ဗုဒ္ဓသာသနာတော်ကြီး အ နှစ် ၅၀၀၀ မက သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွားအောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး သံဃနာယကအဖွဲ့မှ သိရ သည်။

အဆိုပါအခမ်းအနားကို မြန်မာ နိုင်ငံလုံးဆိုင်ရာ ထေရ၀ါဒဗုဒ္ဓဘာ သာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်း ဒေသသာ သနနုဂ္ဂဟအသင်းမှကြီး မှူး၍ ရန်ကုန်မြို့၊ ကရ၀ိက်နန်းတော် ၌ အောက်တိုဘာ ၁၂ ရက်မှ ၁၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။ "ယနေ့အာရှနိုင်ငံ ဆရာတော် များနဲ့ အတိုကောက် ABC (အာရှ ဗုဒ္ဓဘာသာအဖွဲ့ချုပ်) ဖွဲ့မယ့် အဖွဲ့ စည်းကြီးဟာ သာသနာတော် အ တွက် သာသနာ ၅၀၀၀ မကအောင် ရေရှည်တည်တံ့အောင် စွမ်းဆောင် နိုင်မယ့် အသင်းကြီးဖြစ် ပါတယ်။ထေရ၀ါဒ ဗုဒ္ဓဘာသာဆိုတဲ့ အမည် နာမတစ်ခုတည်းနဲ့ အာရှနိုင်ငံတွေ မှာ ရပ်တည်နိုင်အောင် ဆရာတော် တွေက လုပ်ဆောင်သွားဖို့ရှိပါတယ်။

ဆွမ်းဒါယကာ၊ ဒါယိကာမတွေက လည်း သာသနာတော် အတွက် ဘယ်လောက်ကုန်ကုန်ဆိုပြီးတော့ ထေရ၀ါဒဗုဒ္ဓဘာသာ ပြန့်ပွားရေး အတွက်ကို အလှူဒါနပြုတဲ့အ လျောက်တို့တွေကလည်း တစ်ဖက် တစ်လမ်းကနေပြီးတော့ ဗုဒ္ဓသာ သနာတော်ကြီး အနှစ် ၅၀၀၀ မက သန့်ရှင်းတည်တံ့ပြန့်ပွားအောင် ဆောင်ရွက်မယ်လို့ ဆရာတော် လည်း ဆုံးဖြတ်ထားပါတယ်။ အား လုံး ဒါယကာ၊ ဒါယိကာမအပေါင်း ကလည်း ၀ိုင်းဝန်းကူညီပြီးတော့ ထေရ၀ါဒ ဗုဒ္ဓဘာသာသနာတော် ကြီး အဆုံးအမအောက်မှာ အေးချမ်း စွာဖြင့် မေတ္တာတရားပြည့်ဝစွာ ဖြင့် နေနိုင်ကြပါစေလို့ ဆရာတော် ဆုတောင်းရင်းနဲ့ မေတ္တာပို့ပါတယ် "  ဟု ရန်ကုန်တိုင်းဒေသကြီး သံဃနာ ယကအဖွဲ့ဥက္ကဋ္ဌ၊ ဒေါက်တာဘဒ္ဒန္တ ဣဒ္ဓိဗလ(အဂ္ဂမဟာသဒ္ဓမ္မဇောတိ ကဓဇ)က မိန့်ကြားသည်။

Page 4 of 11